(၂၀၂၄-၂၀၂၅) ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) ပွဲကြိုသုံးသပ်ချက်များ
23
ရဲထက် (NP News) - နိုဝင်ဘာ ၂၉
၂၀၂၄-၂၀၂၅ ခုနှစ်ရဲ့ အင်္ဂလန်ပရီးမီး ယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ်(၁၃)ကို ရောက်ရှိလာချိန် မှာတော့ ပရီးမီးယား လိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုတွေအပြင် ဥရောပဝင်ခွင့်တစ်နေရာအတွက်ပါ ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ လာရ တော့မှာဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယားထိပ်ဆုံးမှာ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပြိုင်ဆိုင်မှုတွေကို စောင့်ကြည်ရမှာဖြစ်ပြီး ဒီတစ်ပတ်ပွဲစဉ်မှာလည်း လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံ မယ့် ပွဲကောင်းတစ်ပွဲလည်းရှိနေပါတယ်။ ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတွေကလည်း အမှတ်ပေးဇယားကို အနီးကပ် ဖိအားပေးနေတာကြောင့် ဇယားထိပ်ကအသင်းတွေ ပွဲကျပ်ရင်ဆိုင်ရချိန်မှာ နိုင်ပွဲတွေနဲ့ အသုံးချသွားနိုင် မလားဆို တာကိုလည်း စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ NP News ကနေ ပရီးမီးယားလိဂ်အသင်းကြီး(၅) သင်းရဲ့ ပွဲစဉ် (၁၃)ယှဉ်ပြိုင်မှုတွေကို ပွဲကြို သုံးသပ်ချက်အနေနဲ့ တင်ဆက်ပေးသွားချင်ပါတယ်။
လီဗာပူးလ် VS မန်စီးတီး
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၁ - ၁ မန်စီးတီး (၁၀-၃-၂၀၂၄)
မန်စီးတီး ၁ - ၁ လီဗာပူးလ် (၂၅-၁၁-၂၀၂၃)
မန်စီးတီး ၄ - ၁ လီဗာပူးလ် (၁-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ -၂ မန်စီးတီး
လီဗာပူးလ် ၂ - ၁ မန်စီးတီး
ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက ပွဲစဉ် (၁၃)ရဲ့ အကောင်းဆုံးသောပွဲစဉ်ဖြစ်လာဖို့ရှိနေပြီး ပရီးမီးယားလိဂ် ဖလားအတွက် တိုက်ပွဲဝင်နေတဲ့ အသင်းကြီးနှစ်သင်းဖြစ်တာကြောင့်လည်း အကြိတ်အနယ်ရှိလာမယ့် ပွဲကောင်း တစ်ပွဲဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရကြည့်ရင် လီဗာပူးလ်အသင်းက မန်စီးတီးအသင်းထက်ပိုကောင်းတဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတာကိုတွေ့ရပါတယ်။ အထူးသဖြင့် မန်စီးတီးအသင်းထက် လီဗာပူးလ် အသင်း ရဲ့နောက်တန်းက ပေးဂိုးနည်းတာကြောင့် လီဗာ ပူးလ်အသင်းက ဒီနှစ်မှာ ချန်ပီယံအသင်းတစ်သင်း ဖြစ်ဖို့ လုံလောက်တဲ့ အချက်အလက်တွေရှိနေပါတယ်။ မန်စီးတီးအသင်းကတော့ (၄)ပွဲဆက် ရှုံးပွဲတွေ့ကြုံပြီးတဲ့နောက် အကောင်းဆုံးပြန် လာဖို့ရှိနေပြီး ဒီရာသီမှာ ဒဏ်ရာရနေတဲ့ အဓိက ကစားသမားတွေများ တာကြောင့်လည်း မန်စီးတီးအသင်းက ဒီနှစ်မှာ အရင်နှစ်တွေတုန်းကလို ချန်ပီယံဆုကိုရရှိဖို့အတွက် ခက်ခဲနေခဲ့တာဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေ အရပြန် ကြည့်ရင် ပြီးခဲ့တဲ့(၃)နှစ်အတွင်းမှာ အပြန်အလှန်နိုင်ပွဲတွေရခဲ့ကြတယ်ဆိုပေမယ့် ဒီနှစ်သင်းရဲ့ ကြားမှာ ကွာခြားချက်က ကြီးကြီးမားမားမရှိတာကို တွေ့ရပါတယ်။ ဒါ့ပြင် နှစ်သင်းထိပ်တိုက်တွေ့လိုက်တိုင်း နိုင်ပွဲရဖို့ခက်ခဲတတ်ပြီး တစ်ဖက်နဲ့ တစ်ဖက် သွင်းဂိုးတွေကို အမြဲတမ်းမြင်တွေ့ရလေ့ရှိပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းနိုင်ခဲ့ရင်တော့ မန်စီးတီး အသင်းကို ရမှတ်ပိုဖြတ်ထားနိုင်မယ့်အပြင် ချန်ပီယံဆုအတွက်ပါ အရှိန်အဟုန်ကောင်းတစ်ခုကို ဖန်တီးသွားနိုင်မှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းနိုင်ခဲ့ရင်တော့ လီဗာပူးလ်အသင်းနဲ့ ရမှတ်ကွာဟမှုကို လျှော့ချ နိုင်မယ့်အပြင် ဇယား ထိပ်ပိုင်းကို ပြန်ရောက်ဖို့လည်း အခွင့်အရေးတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ ပွဲရလဒ် ကိုခန့်မှန်းရရင်တော့ အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ရဖို့သေချာမှာဖြစ်ပြီး သရေကျဖို့များပါတယ်။ နိုင်ပွဲအနေနဲ့ဆိုရင်တော့ လီဗာပူးလ်အသင်းက ခြေ စွမ်းပိုကောင်းနေတာကြောင့် ဂိုးမပြတ်ဘဲ နိုင်ပွဲရနိုင်ပါတယ်။
ချဲလ်ဆီး Vs အက်စတွန်ဗီလာ
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အက်စတွန်ဗီလာ ၂ - ၂ ချဲလ်ဆီး (၂၈-၄-၂၀၂၄)
ချဲလ်ဆီး ဝ - ၁ အက်စတွန်ဗီလာ (၂၄-၉-၂၀၂၃)
ချဲလ်ဆီး ၂ - ဝ အက်စတွန်ဗီလာ (၁-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၂ - ၂ အက်စတွန်ဗီလာ
ချဲလ်ဆီး ၁ - ၂ အက်စတွန်ဗီလာ
အက်စတွန်ဗီလာအသင်းက ဒီနှစ်ရာသီ ပရီးမီးယားလိဂ် မနှစ်ကထက် ခြေစွမ်းပိုင်း ကျဆင်းနေပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ရီးရဲလ်မက်ဒရစ်ထက် ရလဒ်ပိုင်းပိုကောင်းသလို ဘာစီလိုနာအသင်းနဲ့ပါ ရမှတ်အတူတူ စွမ်းဆောင်ထားနိုင်တာကိုတွေ့ရပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ဥရောပဝင်ခွင့်တစ်နေရာအတွက်လည်း နောက်ပိုင်းပွဲ စဉ်တွေမှာ အခွင့်အရေးတွေရှိနေတာကြောင့် ချဲလ်ဆီးအသင်းကို အနိုင်ကန်ဖို့ အမှန်အကန် အားထုတ် လာဖို့ရှိနေပါ တယ်။ ချဲလ်ဆီးအသင်းကတော့ ဒီနှစ် ရာသီမှာ ဘယ်သူမှထင်ထားမှာမဟုတ်တဲ့ ပရီးမီး ယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာကို ရယူထားပြီး အာဆင်နယ်အသင်းရဲ့အထက်မှာ ရမှတ်တူအနေအထားနဲ့ ရပ်တည်ထားနိုင်ခဲ့တာကို တွေ့ရပါတယ်။ နည်းပြသစ်လက်ထက်မှာ ကစားသမားအင်အား အတောင့်တင်းဆုံးအသင်းဖြစ်နေတဲ့ ချဲလ်ဆီးအသင်း အတွက် ကွန့်ဖရန့်လိဂ်လောက်ကလွဲပြီး ကျန်တဲ့ပွဲစဉ်တွေမရှိတာကြောင့် ဒီအခြေအနေကို အကောင်းဆုံအသုံးချနိုင်ရင် ပရီးမီးယားလိဂ် ဖလားကိုပါ စိန်ခေါ်နိုင်ဖို့ အာဆင်နယ်နည်းတူ အလားအလာရှိနေတာပါ။ လက်ရှိခြေစွမ်းပိုင်းအရကြည့် ရင်တော့ အက်စတွန်ဗီလာအသင်းက ဒီရာသီမှာ အသင်းကြီးတွေကိုရင်ဆိုင်ရာမှာ ရလဒ်မကောင်းတာ ကိုတွေ့ရပြီး ချဲလ်ဆီးအသင်းကလည်း အသင်းကြီး တွေနဲ့တွေ့ရင် ရလဒ်မကောင်းတတ်တာကို တွေ့ရပါတယ်။ ချဲလ်ဆီး အသင်းနိုင်ခဲ့ရင် လီဗာပူးလ် အသင်းကို အနီးကပ်ဆုံးအနေအထားနဲ့ ဖိအားပေးထားနိုင်မှာဖြစ်ပြီး အက်စတွန်ဗီလာ အသင်းအနိုင် ရခဲ့ရင်တော့ ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတွေကို ရမှတ်ဖြတ်ဖို့ အကောင်းဆုံးအနေအထားတစ် ရပ်ကို ပိုင်ဆိုင်သွားနိုင်မှာလည်းဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရကြည့်ရင် အက်စတွန်ဗီလာ အသင်းက ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင်ရာမှာ ခြေစွမ်းကောင်းသလို နိုင်ပွဲလည်း ရယူထားနိုင်တာကြောင့် ဒီပွဲစဉ်က အက်စတွန်ဗီလာအသင်းရဲ့ အိမ်ကွင်းမှာ ချဲလ်ဆီးအသင်း နိုင်ပွဲရဖို့ခက်ခဲမှာဖြစ်ပြီး သရေကျဖို့ များပါတယ်။ နိုင်မယ်ဆိုရင်တော့ အိမ်ကွင်းဖြစ်တဲ့ အက်စတွန်ဗီလာအသင်းက အလေးသာနေပါတယ်။
၀က်စ်ဟမ်း VS အာဆင်နယ်
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
၀က်စ်ဟမ်း ဝ - ၁ အာဆင်နယ် (၁၁ -၂-၂၀၂၄)
အာဆင်နယ် ဝ - ၂ ဝက်စ်ဟမ်း (၂၉-၁၂-၂၀၂၃)
ဝက်စ်ဟမ်း ၂ - ၂ အာဆင်နယ် (၁၆-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
၀က်စ်ဟမ်း ဝ - ၂ အာဆင်နယ်
ဝက်စ်ဟမ်း ၁ - ၂ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ ခက်ခဲသွားခဲ့ပြီဆိုပေမယ့် အချိန်ယူပြင် ဆင်ဦးမယ်ဆိုရင်တော့ အခွင့်အရေးတစ်ခုကရှိနေပါတယ်။ ဒီနေရာမှာ အာဆင်နယ် အသင်းရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက် ကြောင့်ပဲဖြစ်ဖြစ်၊ နည်းပြအာတီတာရဲ့ လူဝယ်ယူသုံးစွဲတဲ့နေရာမှာ အသားမကျမှုဆိုတာတွေထက် အခုအချိန်မှာ အာဆင်နယ်အသင်းတကယ်လိုအပ်နေတာက တိုက်စစ်မှာ သွင်းဂိုးတွေကို တဒိုင်းဒိုင်းသွင်းပေးနိုင်မယ့် တိုက် စစ်မှူး တစ်ယောက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီနှစ်ရာသီမှာ အာဆင်နယ်အသင်းရဲ့ ဂိုးရရှိနိုင်မှု အခွင့်အရေးက မန်ယူအသင်းနဲ့ ဘုန်းမောက်စ်အသင်းတွေထက်တောင် လျော့နည်းနေတဲ့ အနေအထားမှာ ချန်ပီယံဆုကိုရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တိုက်စစ်မှာ ဆာကာဂိုးမသွင်းနိုင်ရင် အာဆင်နယ် အသင်းအတွက် ဂိုးရဖို့ခက်ခဲနေပြီလို့ပြောလို့ရနေပါ ပြီ။ ဒါကြောင့် ကွင်းလယ်နဲ့ နောက်တန်းမှာ ဘာမှ အပြစ်ပြောစရာမရှိတဲ့ အာဆင်နယ်အသင်းရဲ့ လို အပ်ချက်ဟာ ဂိုးတွေ များများရယူနိုင်ဖို့ပါ။ ဒီအချက်ကို ပြင်ဆင်နိုင်မယ်ဆိုရင်တော့ အာဆင်နယ်အသင်းက ဒီထက်ပိုပြီး ကောင်းလာဖို့ရှိသလို အမှတ်ပေးဇယားကို ပြန်လည်စိန်ခေါ်နိုင်မှာလည်းဖြစ်ပါတယ်။ ဝက်စ်ဟမ်း အသင်းကလည်း ဒီရာသီမှာ ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်း က အာဆင်နယ်အသင်းထက် အဘက်ဘက်က နိမ့် ကျနေတဲ့အနေအထားမှာ ဒီပွဲစဉ်ကိုသာ အနိုင်ရမယ် ဆိုရင် အာဆင်နယ်အသင်းအတွက် ပိုပြီးကောင်း မွန်တဲ့ရလဒ်တစ်ခုကို ပုံဖော်သွားနိုင်ဖို့ရှိနေပါတယ်။ ထိပ်တိုက်တွေ့ ဆုံမှုတိုင်းမှာလည်း အာဆင်နယ် အသင်းကပဲ နိုင်ပွဲပိုရထားတာကြောင့် အိမ်ကွင်းမဟုတ် တာကလွဲရင် အာဆင် နယ်အသင်းအတွက် ဒီပွဲစဉ်က နိုင်ပွဲရဖို့ သေချာသလောက်ရှိနေပါတယ်။
မန်ယူ VS အဲဗာတန်
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၂ - ဝ အဲဗာတန် (၉-၃-၂၀၂၄)
အဲဗာတန် ဝ - ၃ မန်ယူ (၂၆-၁၁-၂၀၂၃)
မန်ယူ ၂ - ဝ အဲဗာတန် (၈-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၂ - ဝ အဲဗာတန်
ချဲလ်ဆီး ၃ - ၂ အဲဗာတန်
မန်ယူအသင်းက နည်းပြသစ်လက်ထက်မှာ ခြေစွမ်းပိုင်းတိုးတက်လာတဲ့ အရိပ်အယောင်တွေကို ပြန်လည်မြင် တွေ့ရပြီး အမှတ်ပေးဇယားမှာ ရလဒ်ကောင်းတွေဆီကို ပြန်လည်တက်လှမ်းနိုင်ဖို့ သေချာသလောက်ရှိနေပြီလို့ ပြောလို့ရနေပါတယ်။ မန်ယူအသင်းရဲ့ နည်းပြသစ် အမ်မိုရင်ကလည်း မန်ယူအသင်းရဲ့ ကစားသမားတွေအနေနဲ့ အသင်းရဲ့ ဂျာစီအပေါ်မှာ တာဝန်ယူမှု အပြည့်အဝရှိရမယ့်သူ ဖြစ်ရမယ်ဆိုတဲ့ ပြောဆိုချက်တွေရှိလာတာကြောင့် လည်း မန်ယူအသင်းမှာ အရင်ကနဲ့မတူတဲ့ စိတ်ဓာတ် နဲ့ခံယူချက်တွေ ပြောင်းလာဖို့ရှိနေပြီး ကွင်းတွင်းမှာ ရောပြင်ပမှာပါ အချိန်ယူပြင်ဆင်မှုတွေ လုပ်ဆောင် လာဖို့ရှိနေပြီဖြစ်ပါတယ်။ အဲဗာတန်အသင်းကတော့ ဒီရာသီမှာ တန်းမဆင်းရရေး အတွက် ရုန်းကန်နေရတဲ့ အသင်းတွေထဲမှာ ပါဝင်နေဆဲဖြစ်ပြီး ခြေစွမ်းပိုင်းအရ လည်း ပိုကောင်းမလာတာကြောင့် မန်ယူအသင်းအတွက် အိမ်ကွင်းမှာ အနိုင်(၃)မှတ်ရဖို့ သေချာသ လောက်ရှိနေတဲ့ ပွဲစဉ်လို့လည်း ပြောလို့ရနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရလည်း မန်ယူအသင်းကပဲ အများဆုံးနိုင်ပွဲရယူပြီး ဖိအားပေးကစားထားနိုင်ခဲ့တာကြောင့် ဒီပွဲစဉ် က မန်ယူအသင်းအတွက် အနိုင် (၃)မှတ် ရယူသွားနိုင်မယ့်ပွဲဖြစ်ပါတယ်။
ဖောရက်စ် VS အစ်ဝှစ်တောင်
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အစ်ဝှစ်တောင်း ၁ - ၁ ဖောရက်စ် (၁၆-၃-၂၀၁၉)
ဖောရက်စ် ၂ - ဝ အစ်ဝှစ်တောင်း (၁-၁၂-၂၀၁၈)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဖောရက်စ် ၂ - ဝ အစ်ဝှစ်တောင်း
ဖောရက်စ် ၃ - ဝ အစ်ဝှစ်တောင်း
နော်တင်ဖောရက်စ်က ဒီရာသီအသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းတွေ ကို ဖန်တီးထား နိုင်တဲ့အသင်းဖြစ်တာကိုတွေ့ရပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းကို အနိုင်ကန်ထားသလို ချဲလ်ဆီးအသင်းနဲ့ နယူးကာဆယ် အသင်းတွေကို သရေရလဒ်ထွက်ပေါ်တဲ့အထိ ကစားပြထားတဲ့ ခြေစွမ်းက အထင်ကြီးစရာကောင်းပါတယ်။ ဒါက လွန်ခဲ့တဲ့(၂)နှစ်အတွင်းမှာ တန်းတက်လာတဲ့ အသင်းလို့တောင် ထင်ရက် စရာ မရှိတဲ့ စွမ်းဆောင်ရည်ဖြစ်ပါတယ်။ အစ်ဝှစ်တောင်းအသင်းကလည်း ချန်ပီယံရှစ်မှာတုန်းက အကြိမ်ကြိမ်တွေ့ ဆုံခဲ့ဖူးတဲ့ အသင်းဖြစ်တာကြောင့် နိုင်ပွဲရဖို့ မခက်ခဲတာကြောင့် ဒီပွဲစဉ်မှာ အနိုင်ရခဲ့ရင် နော်တင်ဖော ရက်စ်အသင်း အတွက် ဥရောပဝင်ခွင့်အပြင် ဇယားထိပ်ပိုင်းကိုပါ ခြိမ်းခြောက်လာနိုင်မှာဖြစ်တာကြောင့် ဒီပွဲစဉ်ကလည်း နော်တင် ဖောရက်စ်အသင်းကပဲ အနိုင်(၃)မှတ်ရယူသွားနိုင်ပါတယ်။
၃၀ - ၁၁ -၂၀၂၄ (စနေနေ့ညပိုင်း)
ည (၉း၃၀) ဖောရက်စ် Vs အစ်ဝှစ်တောင်း
ည (၁၂းဝဝ) ဝက်စ်ဟမ်း Vs အာဆင်နယ်
၁ - ၁၂ -၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)
ည (၈းဝဝ) ချဲလ်ဆီး Vs အက်စတွန်ဗီလာ
ည (၈းဝဝ) မန်ယူ Vs အဲဗာတန်
ည(၁၀း၃၀) လီဗာပူးလ် Vs မန်စီးတီး
zawgyi version
(၂၀၂၄-၂၀၂၅) ပရီးမီးယားလိဂ္ ပြဲစဥ္(၁၃) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ႏိုဝင္ဘာ ၂၉
၂၀၂၄-၂၀၂၅ ခုႏွစ္ရဲ႕ အဂၤလန္ပရီးမီး ယားလိဂ္ၿပိဳင္ပြဲဟာ ပြဲစဥ္(၁၃)ကို ေရာက္ရွိလာခ်ိန္ မွာေတာ့ ပရီးမီးယား လိဂ္ခ်န္ပီယံဆုအတြက္ ၿပိဳင္ဆိုင္မႈေတြအျပင္ ဥေရာပဝင္ခြင့္တစ္ေနရာအတြက္ပါ ၿပိဳင္ဆိုင္မႈေတြကို ျမင္ေတြ႕ လာရ ေတာ့မွာျဖစ္ပါတယ္။ လက္ရွိ အမွတ္ေပးဇယားထိပ္ဆုံးမွာ လီဗာပူးလ္နဲ႔ မန္စီးတီးအသင္းတို႔ရဲ႕ ၿပိဳင္ဆိုင္မႈေတြကို ေစာင့္ၾကည္ရမွာျဖစ္ၿပီး ဒီတစ္ပတ္ပြဲစဥ္မွာလည္း လီဗာပူးလ္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံ မယ့္ ပြဲေကာင္းတစ္ပြဲလည္းရွိေနပါတယ္။ ခ်ဲလ္ဆီးအသင္းနဲ႔ အာဆင္နယ္အသင္းေတြကလည္း အမွတ္ေပးဇယားကို အနီးကပ္ ဖိအားေပးေနတာေၾကာင့္ ဇယားထိပ္ကအသင္းေတြ ပြဲက်ပ္ရင္ဆိုင္ရခ်ိန္မွာ ႏိုင္ပြဲေတြနဲ႔ အသုံးခ်သြားႏိုင္ မလားဆို တာကိုလည္း ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ဒီတစ္ပတ္မွာေတာ့ NP News ကေန ပရီးမီးယားလိဂ္အသင္းႀကီး(၅) သင္းရဲ႕ ပြဲစဥ္ (၁၃)ယွဥ္ၿပိဳင္မႈေတြကို ပြဲႀကိဳ သုံးသပ္ခ်က္အေနနဲ႔ တင္ဆက္ေပးသြားခ်င္ပါတယ္။
လီဗာပူးလ္ VS မန္စီးတီး
ပရီးမီးယားလိဂ္ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၁ - ၁ မန္စီးတီး (၁၀-၃-၂၀၂၄)
မန္စီးတီး ၁ - ၁ လီဗာပူးလ္ (၂၅-၁၁-၂၀၂၃)
မန္စီးတီး ၄ - ၁ လီဗာပူးလ္ (၁-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ -၂ မန္စီးတီး
လီဗာပူးလ္ ၂ - ၁ မန္စီးတီး
ဒီႏွစ္သင္းရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈက ပြဲစဥ္ (၁၃)ရဲ႕ အေကာင္းဆုံးေသာပြဲစဥ္ျဖစ္လာဖို႔ရွိေနၿပီး ပရီးမီးယားလိဂ္ ဖလားအတြက္ တိုက္ပြဲဝင္ေနတဲ့ အသင္းႀကီးႏွစ္သင္းျဖစ္တာေၾကာင့္လည္း အႀကိတ္အနယ္ရွိလာမယ့္ ပြဲေကာင္း တစ္ပြဲျဖစ္ပါတယ္။ လက္ရွိေျခစြမ္းအရၾကည့္ရင္ လီဗာပူးလ္အသင္းက မန္စီးတီးအသင္းထက္ပိုေကာင္းတဲ့ ေျခစြမ္းနဲ႔ စြမ္းေဆာင္ရည္ေတြ ပိုင္ဆိုင္ထားတာကိုေတြ႕ရပါတယ္။ အထူးသျဖင့္ မန္စီးတီးအသင္းထက္ လီဗာပူးလ္ အသင္း ရဲ႕ေနာက္တန္းက ေပးဂိုးနည္းတာေၾကာင့္ လီဗာ ပူးလ္အသင္းက ဒီႏွစ္မွာ ခ်န္ပီယံအသင္းတစ္သင္း ျဖစ္ဖို႔ လုံေလာက္တဲ့ အခ်က္အလက္ေတြရွိေနပါတယ္။ မန္စီးတီးအသင္းကေတာ့ (၄)ပြဲဆက္ ရႈံးပြဲေတြ႕ႀကဳံၿပီးတဲ့ေနာက္ အေကာင္းဆုံးျပန္ လာဖို႔ရွိေနၿပီး ဒီရာသီမွာ ဒဏ္ရာရေနတဲ့ အဓိက ကစားသမားေတြမ်ား တာေၾကာင့္လည္း မန္စီးတီးအသင္းက ဒီႏွစ္မွာ အရင္ႏွစ္ေတြတုန္းကလို ခ်န္ပီယံဆုကိုရရွိဖို႔အတြက္ ခက္ခဲေနခဲ့တာျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြ အရျပန္ ၾကည့္ရင္ ၿပီးခဲ့တဲ့(၃)ႏွစ္အတြင္းမွာ အျပန္အလွန္ႏိုင္ပြဲေတြရခဲ့ၾကတယ္ဆိုေပမယ့္ ဒီႏွစ္သင္းရဲ႕ ၾကားမွာ ကြာျခားခ်က္က ႀကီးႀကီးမားမားမရွိတာကို ေတြ႕ရပါတယ္။ ဒါ့ျပင္ ႏွစ္သင္းထိပ္တိုက္ေတြ႕လိုက္တိုင္း ႏိုင္ပြဲရဖို႔ခက္ခဲတတ္ၿပီး တစ္ဖက္နဲ႔ တစ္ဖက္ သြင္းဂိုးေတြကို အၿမဲတမ္းျမင္ေတြ႕ရေလ့ရွိပါတယ္။ ဒါေၾကာင့္ လီဗာပူးလ္အသင္းႏိုင္ခဲ့ရင္ေတာ့ မန္စီးတီး အသင္းကို ရမွတ္ပိုျဖတ္ထားႏိုင္မယ့္အျပင္ ခ်န္ပီယံဆုအတြက္ပါ အရွိန္အဟုန္ေကာင္းတစ္ခုကို ဖန္တီးသြားႏိုင္မွာ ျဖစ္ပါတယ္။ မန္စီးတီးအသင္းႏိုင္ခဲ့ရင္ေတာ့ လီဗာပူးလ္အသင္းနဲ႔ ရမွတ္ကြာဟမႈကို ေလွ်ာ့ခ် ႏိုင္မယ့္အျပင္ ဇယား ထိပ္ပိုင္းကို ျပန္ေရာက္ဖို႔လည္း အခြင့္အေရးတစ္ခုျဖစ္လာဖို႔ရွိေနပါတယ္။ ပြဲရလဒ္ ကိုခန႔္မွန္းရရင္ေတာ့ အျပန္အလွန္ သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ေသခ်ာမွာျဖစ္ၿပီး သေရက်ဖို႔မ်ားပါတယ္။ ႏိုင္ပြဲအေနနဲ႔ဆိုရင္ေတာ့ လီဗာပူးလ္အသင္းက ေျခ စြမ္းပိုေကာင္းေနတာေၾကာင့္ ဂိုးမျပတ္ဘဲ ႏိုင္ပြဲရႏိုင္ပါတယ္။
ခ်ဲလ္ဆီး Vs အက္စတြန္ဗီလာ
ပရီးမီးယားလိဂ္ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အက္စတြန္ဗီလာ ၂ - ၂ ခ်ဲလ္ဆီး (၂၈-၄-၂၀၂၄)
ခ်ဲလ္ဆီး ဝ - ၁ အက္စတြန္ဗီလာ (၂၄-၉-၂၀၂၃)
ခ်ဲလ္ဆီး ၂ - ဝ အက္စတြန္ဗီလာ (၁-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၂ - ၂ အက္စတြန္ဗီလာ
ခ်ဲလ္ဆီး ၁ - ၂ အက္စတြန္ဗီလာ
အက္စတြန္ဗီလာအသင္းက ဒီႏွစ္ရာသီ ပရီးမီးယားလိဂ္ မႏွစ္ကထက္ ေျခစြမ္းပိုင္း က်ဆင္းေနပါတယ္။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ ရီးရဲလ္မက္ဒရစ္ထက္ ရလဒ္ပိုင္းပိုေကာင္းသလို ဘာစီလိုနာအသင္းနဲ႔ပါ ရမွတ္အတူတူ စြမ္းေဆာင္ထားႏိုင္တာကိုေတြ႕ရပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ ဥေရာပဝင္ခြင့္တစ္ေနရာအတြက္လည္း ေနာက္ပိုင္းပြဲ စဥ္ေတြမွာ အခြင့္အေရးေတြရွိေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းကို အႏိုင္ကန္ဖို႔ အမွန္အကန္ အားထုတ္ လာဖို႔ရွိေနပါ တယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ ဒီႏွစ္ ရာသီမွာ ဘယ္သူမွထင္ထားမွာမဟုတ္တဲ့ ပရီးမီး ယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္(၃)ေနရာကို ရယူထားၿပီး အာဆင္နယ္အသင္းရဲ႕အထက္မွာ ရမွတ္တူအေနအထားနဲ႔ ရပ္တည္ထားႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ နည္းျပသစ္လက္ထက္မွာ ကစားသမားအင္အား အေတာင့္တင္းဆုံးအသင္းျဖစ္ေနတဲ့ ခ်ဲလ္ဆီးအသင္း အတြက္ ကြန႔္ဖရန႔္လိဂ္ေလာက္ကလြဲၿပီး က်န္တဲ့ပြဲစဥ္ေတြမရွိတာေၾကာင့္ ဒီအေျခအေနကို အေကာင္းဆုံအသုံးခ်ႏိုင္ရင္ ပရီးမီးယားလိဂ္ ဖလားကိုပါ စိန္ေခၚႏိုင္ဖို႔ အာဆင္နယ္နည္းတူ အလားအလာရွိေနတာပါ။ လက္ရွိေျခစြမ္းပိုင္းအရၾကည့္ ရင္ေတာ့ အက္စတြန္ဗီလာအသင္းက ဒီရာသီမွာ အသင္းႀကီးေတြကိုရင္ဆိုင္ရာမွာ ရလဒ္မေကာင္းတာ ကိုေတြ႕ရၿပီး ခ်ဲလ္ဆီးအသင္းကလည္း အသင္းႀကီး ေတြနဲ႔ေတြ႕ရင္ ရလဒ္မေကာင္းတတ္တာကို ေတြ႕ရပါတယ္။ ခ်ဲလ္ဆီး အသင္းႏိုင္ခဲ့ရင္ လီဗာပူးလ္ အသင္းကို အနီးကပ္ဆုံးအေနအထားနဲ႔ ဖိအားေပးထားႏိုင္မွာျဖစ္ၿပီး အက္စတြန္ဗီလာ အသင္းအႏိုင္ ရခဲ့ရင္ေတာ့ ခ်ဲလ္ဆီးအသင္းနဲ႔ အာဆင္နယ္အသင္းေတြကို ရမွတ္ျဖတ္ဖို႔ အေကာင္းဆုံးအေနအထားတစ္ ရပ္ကို ပိုင္ဆိုင္သြားႏိုင္မွာလည္းျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရၾကည့္ရင္ အက္စတြန္ဗီလာ အသင္းက ခ်ဲလ္ဆီး အသင္းနဲ႔ ရင္ဆိုင္ရာမွာ ေျခစြမ္းေကာင္းသလို ႏိုင္ပြဲလည္း ရယူထားႏိုင္တာေၾကာင့္ ဒီပြဲစဥ္က အက္စတြန္ဗီလာအသင္းရဲ႕ အိမ္ကြင္းမွာ ခ်ဲလ္ဆီးအသင္း ႏိုင္ပြဲရဖို႔ခက္ခဲမွာျဖစ္ၿပီး သေရက်ဖို႔ မ်ားပါတယ္။ ႏိုင္မယ္ဆိုရင္ေတာ့ အိမ္ကြင္းျဖစ္တဲ့ အက္စတြန္ဗီလာအသင္းက အေလးသာေနပါတယ္။
၀က္စ္ဟမ္း VS အာဆင္နယ္
ပရီးမီးယားလိဂ္ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
၀က္စ္ဟမ္း ဝ - ၁ အာဆင္နယ္ (၁၁ -၂-၂၀၂၄)
အာဆင္နယ္ ဝ - ၂ ဝက္စ္ဟမ္း (၂၉-၁၂-၂၀၂၃)
ဝက္စ္ဟမ္း ၂ - ၂ အာဆင္နယ္ (၁၆-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
၀က္စ္ဟမ္း ဝ - ၂ အာဆင္နယ္
ဝက္စ္ဟမ္း ၁ - ၂ အာဆင္နယ္
အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဖို႔ ခက္ခဲသြားခဲ့ၿပီဆိုေပမယ့္ အခ်ိန္ယူျပင္ ဆင္ဦးမယ္ဆိုရင္ေတာ့ အခြင့္အေရးတစ္ခုကရွိေနပါတယ္။ ဒီေနရာမွာ အာဆင္နယ္ အသင္းရဲ႕ တိုက္စစ္ပိုင္း လိုအပ္ခ်က္ ေၾကာင့္ပဲျဖစ္ျဖစ္၊ နည္းျပအာတီတာရဲ႕ လူဝယ္ယူသုံးစြဲတဲ့ေနရာမွာ အသားမက်မႈဆိုတာေတြထက္ အခုအခ်ိန္မွာ အာဆင္နယ္အသင္းတကယ္လိုအပ္ေနတာက တိုက္စစ္မွာ သြင္းဂိုးေတြကို တဒိုင္းဒိုင္းသြင္းေပးႏိုင္မယ့္ တိုက္ စစ္မႉး တစ္ေယာက္ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဒီႏွစ္ရာသီမွာ အာဆင္နယ္အသင္းရဲ႕ ဂိုးရရွိႏိုင္မႈ အခြင့္အေရးက မန္ယူအသင္းနဲ႔ ဘုန္းေမာက္စ္အသင္းေတြထက္ေတာင္ ေလ်ာ့နည္းေနတဲ့ အေနအထားမွာ ခ်န္ပီယံဆုကိုရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ တိုက္စစ္မွာ ဆာကာဂိုးမသြင္းႏိုင္ရင္ အာဆင္နယ္ အသင္းအတြက္ ဂိုးရဖို႔ခက္ခဲေနၿပီလို႔ေျပာလို႔ရေနပါ ၿပီ။ ဒါေၾကာင့္ ကြင္းလယ္နဲ႔ ေနာက္တန္းမွာ ဘာမွ အျပစ္ေျပာစရာမရွိတဲ့ အာဆင္နယ္အသင္းရဲ႕ လို အပ္ခ်က္ဟာ ဂိုးေတြ မ်ားမ်ားရယူႏိုင္ဖို႔ပါ။ ဒီအခ်က္ကို ျပင္ဆင္ႏိုင္မယ္ဆိုရင္ေတာ့ အာဆင္နယ္အသင္းက ဒီထက္ပိုၿပီး ေကာင္းလာဖို႔ရွိသလို အမွတ္ေပးဇယားကို ျပန္လည္စိန္ေခၚႏိုင္မွာလည္းျဖစ္ပါတယ္။ ဝက္စ္ဟမ္း အသင္းကလည္း ဒီရာသီမွာ ေျခစြမ္းပိုင္းနဲ႔ ရလဒ္ပိုင္း က အာဆင္နယ္အသင္းထက္ အဘက္ဘက္က နိမ့္ က်ေနတဲ့အေနအထားမွာ ဒီပြဲစဥ္ကိုသာ အႏိုင္ရမယ္ ဆိုရင္ အာဆင္နယ္အသင္းအတြက္ ပိုၿပီးေကာင္း မြန္တဲ့ရလဒ္တစ္ခုကို ပုံေဖာ္သြားႏိုင္ဖို႔ရွိေနပါတယ္။ ထိပ္တိုက္ေတြ႕ ဆုံမႈတိုင္းမွာလည္း အာဆင္နယ္ အသင္းကပဲ ႏိုင္ပြဲပိုရထားတာေၾကာင့္ အိမ္ကြင္းမဟုတ္ တာကလြဲရင္ အာဆင္ နယ္အသင္းအတြက္ ဒီပြဲစဥ္က ႏိုင္ပြဲရဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။
မန္ယူ VS အဲဗာတန္
ပရီးမီးယားလိဂ္ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၂ - ဝ အဲဗာတန္ (၉-၃-၂၀၂၄)
အဲဗာတန္ ဝ - ၃ မန္ယူ (၂၆-၁၁-၂၀၂၃)
မန္ယူ ၂ - ဝ အဲဗာတန္ (၈-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္ယူ ၂ - ဝ အဲဗာတန္
ခ်ဲလ္ဆီး ၃ - ၂ အဲဗာတန္
မန္ယူအသင္းက နည္းျပသစ္လက္ထက္မွာ ေျခစြမ္းပိုင္းတိုးတက္လာတဲ့ အရိပ္အေယာင္ေတြကို ျပန္လည္ျမင္ ေတြ႕ရၿပီး အမွတ္ေပးဇယားမွာ ရလဒ္ေကာင္းေတြဆီကို ျပန္လည္တက္လွမ္းႏိုင္ဖို႔ ေသခ်ာသေလာက္ရွိေနၿပီလို႔ ေျပာလို႔ရေနပါတယ္။ မန္ယူအသင္းရဲ႕ နည္းျပသစ္ အမ္မိုရင္ကလည္း မန္ယူအသင္းရဲ႕ ကစားသမားေတြအေနနဲ႔ အသင္းရဲ႕ ဂ်ာစီအေပၚမွာ တာဝန္ယူမႈ အျပည့္အဝရွိရမယ့္သူ ျဖစ္ရမယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြရွိလာတာေၾကာင့္ လည္း မန္ယူအသင္းမွာ အရင္ကနဲ႔မတူတဲ့ စိတ္ဓာတ္ နဲ႔ခံယူခ်က္ေတြ ေျပာင္းလာဖို႔ရွိေနၿပီး ကြင္းတြင္းမွာ ေရာျပင္ပမွာပါ အခ်ိန္ယူျပင္ဆင္မႈေတြ လုပ္ေဆာင္ လာဖို႔ရွိေနၿပီျဖစ္ပါတယ္။ အဲဗာတန္အသင္းကေတာ့ ဒီရာသီမွာ တန္းမဆင္းရေရး အတြက္ ႐ုန္းကန္ေနရတဲ့ အသင္းေတြထဲမွာ ပါဝင္ေနဆဲျဖစ္ၿပီး ေျခစြမ္းပိုင္းအရ လည္း ပိုေကာင္းမလာတာေၾကာင့္ မန္ယူအသင္းအတြက္ အိမ္ကြင္းမွာ အႏိုင္(၃)မွတ္ရဖို႔ ေသခ်ာသ ေလာက္ရွိေနတဲ့ ပြဲစဥ္လို႔လည္း ေျပာလို႔ရေနပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရလည္း မန္ယူအသင္းကပဲ အမ်ားဆုံးႏိုင္ပြဲရယူၿပီး ဖိအားေပးကစားထားႏိုင္ခဲ့တာေၾကာင့္ ဒီပြဲစဥ္ က မန္ယူအသင္းအတြက္ အႏိုင္ (၃)မွတ္ ရယူသြားႏိုင္မယ့္ပြဲျဖစ္ပါတယ္။
ေဖာရက္စ္ VS အစ္ဝွစ္ေတာင္
ပရီးမီးယားလိဂ္ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အစ္ဝွစ္ေတာင္း ၁ - ၁ ေဖာရက္စ္ (၁၆-၃-၂၀၁၉)
ေဖာရက္စ္ ၂ - ဝ အစ္ဝွစ္ေတာင္း (၁-၁၂-၂၀၁၈)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ေဖာရက္စ္ ၂ - ဝ အစ္ဝွစ္ေတာင္း
ေဖာရက္စ္ ၃ - ဝ အစ္ဝွစ္ေတာင္း
ေနာ္တင္ေဖာရက္စ္က ဒီရာသီအသင္းႀကီးေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာ ရလဒ္ေကာင္းေတြ ကို ဖန္တီးထား ႏိုင္တဲ့အသင္းျဖစ္တာကိုေတြ႕ရၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ လီဗာပူးလ္အသင္းကို အႏိုင္ကန္ထားသလို ခ်ဲလ္ဆီးအသင္းနဲ႔ နယူးကာဆယ္ အသင္းေတြကို သေရရလဒ္ထြက္ေပၚတဲ့အထိ ကစားျပထားတဲ့ ေျခစြမ္းက အထင္ႀကီးစရာေကာင္းပါတယ္။ ဒါက လြန္ခဲ့တဲ့(၂)ႏွစ္အတြင္းမွာ တန္းတက္လာတဲ့ အသင္းလို႔ေတာင္ ထင္ရက္ စရာ မရွိတဲ့ စြမ္းေဆာင္ရည္ျဖစ္ပါတယ္။ အစ္ဝွစ္ေတာင္းအသင္းကလည္း ခ်န္ပီယံရွစ္မွာတုန္းက အႀကိမ္ႀကိမ္ေတြ႕ ဆုံခဲ့ဖူးတဲ့ အသင္းျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ မခက္ခဲတာေၾကာင့္ ဒီပြဲစဥ္မွာ အႏိုင္ရခဲ့ရင္ ေနာ္တင္ေဖာ ရက္စ္အသင္း အတြက္ ဥေရာပဝင္ခြင့္အျပင္ ဇယားထိပ္ပိုင္းကိုပါ ၿခိမ္းေျခာက္လာႏိုင္မွာျဖစ္တာေၾကာင့္ ဒီပြဲစဥ္ကလည္း ေနာ္တင္ ေဖာရက္စ္အသင္းကပဲ အႏိုင္(၃)မွတ္ရယူသြားႏိုင္ပါတယ္။
၃၀ - ၁၁ -၂၀၂၄ (စေနေန႔ညပိုင္း)
ည (၉း၃၀) ေဖာရက္စ္ Vs အစ္ဝွစ္ေတာင္း
ည (၁၂းဝဝ) ဝက္စ္ဟမ္း Vs အာဆင္နယ္
၁ - ၁၂ -၂၀၂၄ (တနဂၤေႏြေန႔ညပိုင္း)
ည (၈းဝဝ) ခ်ဲလ္ဆီး Vs အက္စတြန္ဗီလာ
ည (၈းဝဝ) မန္ယူ Vs အဲဗာတန္
ည(၁၀း၃၀) လီဗာပူးလ္ Vs မန္စီးတီး