ရန်ကုန်မြို့တွင် တိုက်ခန်းအတွင်းဝင်ရောက်ကာ အိမ်ရှင်များကို ကြိုးတုတ်ရိုက်နှက်၍ I Phone(၆)လုံး လုယက်မှု ကျူးလွန်သူ(၅)ဦးအနက် တစ်ဦးဖမ်းမိ

 7282

ချယ်ရီ (NP News)- နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် နေအိမ်တိုက်ခန်းအတွင်းဝင်ရောက်ကာ အိမ်ရှင်များကို ကြိုးတုတ်ရိုက်နှက်၍ I Phone (၆)လုံး လုယက် မှု ကျူးလွန်သူ(၅)ဦးအနက် တစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၇ ရက်၊ သန်းခေါင်ယံ ၁၂နာရီ ၂၅မိနစ်အချိန်ခန့်က ကမာရွတ်မြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ ကျွန်းတောလမ်း၊ တိုက်အမှတ် (၅)၊ အခန်းအမှတ် (၁၉၀၁)တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ခန်းတွင် နေထိုင်သည့် ဦးစိုင်းခမ်းသည် ဇနီးဖြစ်သူ ဒေါ်နန့်စံခမ်း၊ စကားပြန် မရွှေပိုးအိမ် (ခ) ရှောက်ရီ တို့နှင့်အတူ နေအိမ်အတွင်းရှိနေစဉ် Mask တပ်ကာ လျှာထိုးဦးထုပ်ဆောင်းထားသော အမျိုးသား (၅)ဦးက ကော်သေနတ် အတို(၂)လက်နှင့် အရိုးအသွား(၁၂)လက်မခန့်ရှိသော ဓား(၃)လက်တို ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းအမျိုးသား(၅)ဦးက အိမ်ရှင် ဦးစိုင်းခမ်းအား ဝိုင်းဝန်းချုပ်နှောင်ကာ လည်ပင်း၊ လက်(၂)ဖက်နှင့် ခြေထောက်(၂)ဖက်တို့ကို အရှည်(၄)ပေခန့်ရှိသော ပိုက်ကလစ်အဖြူရောင်ဖြင့် တုပ်နှောင်၍ ဝိုင်းဝန်းထိုးကြိတ်ကာ ဓားဖြင့် လက်နှင့်ခြေထောက်တို့တွင် ပြတ်ရှဒဏ်ရာများရရှိအောင် ပြုလုပ်၍ ငွေလွှဲပေးရန် ခြိမ်းခြောက်ပြောခဲ့ကြောင်း သိရသည်။

ထို့ပြင် ဦးစိုင်းခမ်း၏ဇနီးဖြစ်သူ ဒေါ်နန့်စံခမ်းနှင့် စကားပြန် မရွှေပိုးအိမ် (ခ)ရှောက်ရီတို့(၂)ဦးကိုလည်း ပိုက်ကလစ်ကြိုးဖြင့် လက်(၂)ဖက်ကို တုတ်ကာ အိပ်ခန်းအတွင်း ချုပ်နှောင်ထားပြီး ၎င်းတို့(၃)ဦး ကိုင်ဆောင်သော တန်ဖိုး ငွေကျပ်(၂၄၀)သိန်း တန်ဖိုးရှိ အိုင်ဖုန်း (၆)လုံးကို ခြိမ်းခြောက် လုယူ၍ ဦးစိုင်းခမ်းကိုင်ဆောင်သည့်ဖုန်းမှ Password ကို တောင်းယူပြီးသည့်နောက် အခန်းအပြင်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးစိုင်းခမ်းက ကမာရွတ်မြို့မ ရဲစခန်းတွင် (ပ)၂၃၀/၂၀၂၄၊ ရာဇ သတ်ကြီးပုဒ်မ ၃၂၄၊ ၃၄၂၊ ၃၉၅ ဖြင့် အမှုဖွင့်ခဲ့သဖြင့် စုံစမ်း စစ်ဆေး မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုံစမ်းစစ်ဆေးချက်အရ ကျူးလွန်ရာတွင်ပါဝင်သည့် အမျိုးသား(၅)ဦးအနက် ကျွန်းတောလမ်းတွင် နေထိုင်သူ ထွန်းနိုင်ကို ဖမ်းဆီးရမိပြီး ကျန်ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ ေနအိမ္တိုက္ခန္းအတြင္းဝင္ေရာက္ကာ အိမ္ရွင္မ်ားကို ႀကိဳးတုတ္႐ိုက္ႏွက္၍ I Phone(၆)လုံး လုယက္မႈ က်ဴးလြန္သူ(၅)ဦးအနက္ တစ္ဦးဖမ္းမိ
ခ်ယ္ရီ (NP News)- ႏိုဝင္ဘာ ၂၉

ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္တြင္ ေနအိမ္တိုက္ခန္းအတြင္းဝင္ေရာက္ကာ အိမ္ရွင္မ်ားကို ႀကိဳးတုတ္႐ိုက္ႏွက္၍ I Phone (၆)လုံး လုယက္ မႈ က်ဴးလြန္သူ(၅)ဦးအနက္ တစ္ဦးကိုဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၂၇ ရက္၊ သန္းေခါင္ယံ ၁၂နာရီ ၂၅မိနစ္အခ်ိန္ခန႔္က ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္ (၇)ရပ္ကြက္၊ ကြၽန္းေတာလမ္း၊ တိုက္အမွတ္ (၅)၊ အခန္းအမွတ္ (၁၉၀၁)တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

အဆိုပါတိုက္ခန္းတြင္ ေနထိုင္သည့္ ဦးစိုင္းခမ္းသည္ ဇနီးျဖစ္သူ ေဒၚနန႔္စံခမ္း၊ စကားျပန္ မေ႐ႊပိုးအိမ္ (ခ) ေရွာက္ရီ တို႔ႏွင့္အတူ ေနအိမ္အတြင္းရွိေနစဥ္ Mask တပ္ကာ လွ်ာထိုးဦးထုပ္ေဆာင္းထားေသာ အမ်ိဳးသား (၅)ဦးက ေကာ္ေသနတ္ အတို(၂)လက္ႏွင့္ အ႐ိုးအသြား(၁၂)လက္မခန႔္ရွိေသာ ဓား(၃)လက္တို ကိုင္ေဆာင္ကာ ဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎အမ်ိဳးသား(၅)ဦးက အိမ္ရွင္ ဦးစိုင္းခမ္းအား ဝိုင္းဝန္းခ်ဳပ္ေႏွာင္ကာ လည္ပင္း၊ လက္(၂)ဖက္ႏွင့္ ေျခေထာက္(၂)ဖက္တို႔ကို အရွည္(၄)ေပခန႔္ရွိေသာ ပိုက္ကလစ္အျဖဴေရာင္ျဖင့္ တုပ္ေႏွာင္၍ ဝိုင္းဝန္းထိုးႀကိတ္ကာ ဓားျဖင့္ လက္ႏွင့္ေျခေထာက္တို႔တြင္ ျပတ္ရွဒဏ္ရာမ်ားရရွိေအာင္ ျပဳလုပ္၍ ေငြလႊဲေပးရန္ ၿခိမ္းေျခာက္ေျပာခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဦးစိုင္းခမ္း၏ဇနီးျဖစ္သူ ေဒၚနန႔္စံခမ္းႏွင့္ စကားျပန္ မေ႐ႊပိုးအိမ္ (ခ)ေရွာက္ရီတို႔(၂)ဦးကိုလည္း ပိုက္ကလစ္ႀကိဳးျဖင့္ လက္(၂)ဖက္ကို တုတ္ကာ အိပ္ခန္းအတြင္း ခ်ဳပ္ေႏွာင္ထားၿပီး ၎တို႔(၃)ဦး ကိုင္ေဆာင္ေသာ တန္ဖိုး ေငြက်ပ္(၂၄၀)သိန္း တန္ဖိုးရွိ အိုင္ဖုန္း (၆)လုံးကို ၿခိမ္းေျခာက္ လုယူ၍ ဦးစိုင္းခမ္းကိုင္ေဆာင္သည့္ဖုန္းမွ Password ကို ေတာင္းယူၿပီးသည့္ေနာက္ အခန္းအျပင္သို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဦးစိုင္းခမ္းက ကမာ႐ြတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၃၀/၂၀၂၄၊ ရာဇ သတ္ႀကီးပုဒ္မ ၃၂၄၊ ၃၄၂၊ ၃၉၅ ျဖင့္ အမႈဖြင့္ခဲ့သျဖင့္ စုံစမ္း စစ္ေဆး မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ စုံစမ္းစစ္ေဆးခ်က္အရ က်ဴးလြန္ရာတြင္ပါဝင္သည့္ အမ်ိဳးသား(၅)ဦးအနက္ ကြၽန္းေတာလမ္းတြင္ ေနထိုင္သူ ထြန္းႏိုင္ကို ဖမ္းဆီးရမိၿပီး က်န္က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.