ထိုင်းနိုင်ငံက တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား ဒီဇင်ဘာလ(၃၀)ရက်အထိ နေထိုင်ခွင့်ပြု

 187

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံအတွင်းက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာ ၃၀ ရက်အထိ တရားဝင်နေထိုင်ခွင့်ပေးထားကြောင်း ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်မှာ တရားဝင်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ထိုင်းနိုင်ငံသို့ရောက်ရှိနေသော တရားမဝင်နေထိုင်သူများ၊ သက်တမ်းကုန်နေသူများ၊ သက်ကြီးရွယ်အိုများ၊ မှီခိုများအားလုံးကို တရားဝင် နေထိုင်ခွင့်ပြုလုပ်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန နှင့် ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနတို့က လတ်တလောဖြေလျော့ပေးလိုက်ခြင်း ဖြစ်သည်။

"ကြေညာချက်ကို အရမ်းကျေးဇူးတင်ပါတယ်။ အခုချိန်အစစ်ဆေးမေးမြန်းအရမ်းရှုပ်ယှက်ခတ်နေတဲ့ အနေအထားမှာ အခုကြေညာချက်က ထွက်လာတော့ ကျွန်တော်တို့ကို လာရောက်ဖမ်းဆီးလို့မရတော့ဘူး။ စစ်ဆေးလို့ရတယ်။ ဖမ်းဆီးလို့တော့မရတော့ပါဘူး"ဟု ထိုင်းအလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ ကြေညာချက်အရ ထိုင်းနိုင်ငံတွင်းက တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် အထိ တရားဝင်နေထိုင်ခွင့်ရရှိသွားမည် ဖြစ်သည်။ အလုပ်လုပ်ခွင့်များကိုမူ လာမည့်ဒီဇင်ဘာလအတွင်း ဘတ်ရိုက်လုပ်ငန်းဖွင့်ပြီး စာရွက်စာတမ်းအထောက်အထားများ လုပ် ဆောင်ပြီးမှသာ တရားဝင် လုပ်ကိုင်ခွင့်ပြုသွားပြုသွားမည် ဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင်နေ ထိုင်ခွင့်လျှောက်ထားရာတွင် ပထမအဆင့်ဘတ်ရိုက်ခြင်း၊ ဒုတိယအဆင့်လုပ်ငန်းခွင်လုပ်ပိုင်ခွင့် နှင့် နောက်ဆုံးအဆင့် တရားဝင်ဗီဇာဟူ၍ အဆင့်သုံးမျိုးခွဲခြားထားကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံက တရားမဝင္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအား ဒီဇင္ဘာလ (၃၀) ရက္အထိ ေနထိုင္ခြင့္ျပဳ
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၂၉

ထိုင္းႏိုင္ငံအတြင္းက တရားမဝင္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ဒီဇင္ဘာ ၃၀ ရက္အထိ တရားဝင္ေနထိုင္ခြင့္ေပးထားေၾကာင္း ထိုင္းႏိုင္ငံျပည္ထဲေရးဝန္ႀကီးဌာနက ႏိုဝင္ဘာ ၂၈ ရက္မွာ တရားဝင္ထုတ္ျပန္လိုက္ေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံသို႔ေရာက္ရွိေနေသာ တရားမဝင္ေနထိုင္သူမ်ား၊ သက္တမ္းကုန္ေနသူမ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ မွီခိုမ်ားအားလုံးကို တရားဝင္ ေနထိုင္ခြင့္ျပဳလုပ္ေပးရန္ ထိုင္းအလုပ္သမားဝန္ႀကီးဌာန ႏွင့္ ထိုင္းႏိုင္ငံျပည္ထဲေရးဝန္ႀကီးဌာနတို႔က လတ္တေလာေျဖေလ်ာ့ေပးလိုက္ျခင္း ျဖစ္သည္။

"ေၾကညာခ်က္ကို အရမ္းေက်းဇူးတင္ပါတယ္။ အခုခ်ိန္အစစ္ေဆးေမးျမန္းအရမ္းရႈပ္ယွက္ခတ္ေနတဲ့ အေနအထားမွာ အခုေၾကညာခ်က္က ထြက္လာေတာ့ ကြၽန္ေတာ္တို႔ကို လာေရာက္ဖမ္းဆီးလို႔မရေတာ့ဘူး။ စစ္ေဆးလို႔ရတယ္။ ဖမ္းဆီးလို႔ေတာ့မရေတာ့ပါဘူး"ဟု ထိုင္းအလုပ္သမားေရးကူညီေဆာင္႐ြက္ေပးေနသူ တစ္ဦးက ေျပာသည္။

ထိုင္းႏိုင္ငံ အလုပ္သမားဝန္ႀကီးဌာနႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနတို႔၏ ေၾကညာခ်က္အရ ထိုင္းႏိုင္ငံတြင္းက တရားမဝင္ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာ ၃၀ ရက္ အထိ တရားဝင္ေနထိုင္ခြင့္ရရွိသြားမည္ ျဖစ္သည္။ အလုပ္လုပ္ခြင့္မ်ားကိုမူ လာမည့္ဒီဇင္ဘာလအတြင္း ဘတ္႐ိုက္လုပ္ငန္းဖြင့္ၿပီး စာ႐ြက္စာတမ္းအေထာက္အထားမ်ား လုပ္ ေဆာင္ၿပီးမွသာ တရားဝင္ လုပ္ကိုင္ခြင့္ျပဳသြားျပဳသြားမည္ ျဖစ္ေၾကာင္းသိရသည္။ ထိုင္းႏိုင္ငံေရာက္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ တရားဝင္ေန ထိုင္ခြင့္ေလွ်ာက္ထားရာတြင္ ပထမအဆင့္ဘတ္႐ိုက္ျခင္း၊ ဒုတိယအဆင့္လုပ္ငန္းခြင္လုပ္ပိုင္ခြင့္ ႏွင့္ ေနာက္ဆုံးအဆင့္ တရားဝင္ဗီဇာဟူ၍ အဆင့္သုံးမ်ိဳးခြဲျခားထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.