ကမ္ဘောဒီးယားနှင့် အပြန်အလှန်မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
363
Pika (NP News) - နိုဝင်ဘာ ၂၉
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် အပြန်အလှန်မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို မြှင့်တင်ရန်ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နိုဝင်ဘာလ(၂၈)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဝမ်ယိသည် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ် ပရက်ဆိုခွန်းနှင့် ဘေဂျင်းမြို့တွင် တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။တရုတ် နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံတကာအပြောင်းအလဲများ၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး နှစ်နိုင်ငံစလုံး၏ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက်လမ်းညွှန်မှုအောက်တွင် နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုသည် အဆင့်သစ်တစ်ခုသို့ရောက်ရှိသွားပြီဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် အပြန်အလှန်မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန်ဆန္ဒရှိကြောင်း ဝမ်ယိက ပြောဆိုခဲ့သည်။ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ခေတ်သစ်တွင် မျှဝေထားသော အနာ ဂတ်နှင့်အတူ တရုတ်-ကမ္ဘောဒီးယား အသိုင်းအဝိုင်းတည်ဆောက်ရေးကို မြှင့်တင်ရန်၊ အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အဆင့်မြင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ တရားဝင်အခွင့်အရေးများနှင့် နှစ်နိုင်ငံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် တရုတ်ဘက်ကဆန္ဒရှိကြောင်း ဝမ်ယိက ပြောဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်မူဝါဒကို အခိုင်အမာကတိကဝတ်ပြုထားပြီး နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ သံတမန်ရေးရာ ညှိနှိုင်းဆောင် ရွက်မှုကို အားကောင်းလာစေရန်နှင့် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးကို ပိုမိုမြင့်မားသောအဆင့်သစ်များဆီသို့ရောက်ရှိစေရန်အတွက် မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ပရက်ဆိုခွန်းက ပြောကြားခဲ့သည်။
zawgyi version
ကေမာၻဒီးယားႏွင့္ အျပန္အလွန္မိတ္ဖက္ဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းသြားရန္ ဆႏၵရွိေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၉
တ႐ုတ္ႏိုင္ငံသည္ ကေမာၻဒီးယားႏိုင္ငံႏွင့္ အျပန္အလွန္မိတ္ဖက္ဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းရန္ႏွင့္ ေဒသတြင္းၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကို ျမႇင့္တင္ရန္ဆႏၵရွိေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ႏိုဝင္ဘာလ(၂၈)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဝမ္ယိသည္ ကေမာၻဒီးယားဒုဝန္ႀကီးခ်ဳပ္ ပရက္ဆိုခြန္းႏွင့္ ေဘဂ်င္းၿမိဳ႕တြင္ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္သည္။တ႐ုတ္ ႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔ၾကား ခ်စ္ၾကည္ရင္းႏွီးမႈသည္ ႏိုင္ငံတကာအေျပာင္းအလဲမ်ား၏ စမ္းသပ္မႈကို ခံႏိုင္ရည္ရွိၿပီး ႏွစ္ႏိုင္ငံစလုံး၏ေခါင္းေဆာင္မ်ား၏ မဟာဗ်ဴဟာေျမာက္လမ္းၫႊန္မႈေအာက္တြင္ ႏွစ္ႏိုင္ငံၾကားခ်စ္ၾကည္ရင္းႏွီးမႈသည္ အဆင့္သစ္တစ္ခုသို႔ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း ဝမ္ယိက ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ ကေမာၻဒီးယားႏိုင္ငံႏွင့္ အျပန္အလွန္မိတ္ဖက္ဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းရန္ဆႏၵရွိေၾကာင္း ဝမ္ယိက ေျပာဆိုခဲ့သည္။ထို႔ျပင္ ကေမာၻဒီးယားႏိုင္ငံႏွင့္အတူ ေခတ္သစ္တြင္ မွ်ေဝထားေသာ အနာ ဂတ္ႏွင့္အတူ တ႐ုတ္-ကေမာၻဒီးယား အသိုင္းအဝိုင္းတည္ေဆာက္ေရးကို ျမႇင့္တင္ရန္၊ အႏၲရာယ္မ်ားႏွင့္ စိန္ေခၚမႈမ်ားကို ေျဖရွင္းရန္အတြက္ အဆင့္ျမင့္ မဟာဗ်ဴဟာေျမာက္ ညႇိႏႈိင္းေဆာင္႐ြက္မႈကို တိုးျမႇင့္ရန္၊ တရားဝင္အခြင့္အေရးမ်ားႏွင့္ ႏွစ္ႏိုင္ငံအက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ရန္ ႏွင့္ ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးကို ျမႇင့္တင္ရန္ တ႐ုတ္ဘက္ကဆႏၵရွိေၾကာင္း ဝမ္ယိက ေျပာဆိုခဲ့သည္။ ကေမာၻဒီးယားႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံအေပၚ ခ်စ္ၾကည္ရင္းႏွီးသည့္မူဝါဒကို အခိုင္အမာကတိကဝတ္ျပဳထားၿပီး ႏိုင္ငံေရးအရ အျပန္အလွန္ယုံၾကည္မႈကို တိုးျမႇင့္ရန္၊ လက္ေတြ႕က်ေသာ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ရန္၊ သံတမန္ေရးရာ ညႇိႏႈိင္းေဆာင္ ႐ြက္မႈကို အားေကာင္းလာေစရန္ႏွင့္ ကေမာၻဒီးယား-တ႐ုတ္ ခ်စ္ၾကည္ေရးကို ပိုမိုျမင့္မားေသာအဆင့္သစ္မ်ားဆီသို႔ေရာက္ရွိေစရန္အတြက္ ျမႇင့္တင္သြားရန္ ဆႏၵရွိေၾကာင္း ပရက္ဆိုခြန္းက ေျပာၾကားခဲ့သည္။