ဖခင်ကိုလုပ်ကျွေးနေသူ သက်လတ်ပိုင်းအရွယ် လုံခြုံရေးအမျိုးသားတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး
3573
ချယ်ရီ (NP News)- နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ဖခင်ကိုလုပ်ကျွေးနေသူ သက်လတ်ပိုင်းအရွယ် လုံခြုံရေးအမျိုးသားတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း We Love Care လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယနေ့( နိုဝင်ဘာလ ၂၉ ရက်)၊ နံနက်အစောပိုင်း ၅နာရီ ၂၅မိနစ်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီး၊ သဘာဝမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းရုံးကို (၅)နာရီကျော်ကျော်လောက်က ဖုန်းဝင်လာတယ်ဗျ။ သဘာဝမှတ်တိုင်မှာ ယာဉ်တိုက်မှုဖြစ်တယ်ဆိုတော့ ကျွန်တော်တို့အသင်းက Ambulance နဲ့အရင်ဆုံး သွားတာပေါ့ဗျာ။ ဟိုရောက်တော့ DB ဖြစ်သွားတယ်ပေါ့။ ဖြစ်စဉ်ကို မေးကြည့်လိုက်တော့ သူက စက်ရုံရဲ့ လုံခြုံ ရေးဗျ။ သူက ဟိုဘက်လမ်းကို ကူးဖို့ လမ်းအလယ်မှာ ခဏရပ်နေတာ။ ရပ်နေတုန်း လာရာကားက သူ့ကိုဝင်တိုက်သွားတာ။ ကားကတော့ မောင်းပြေးသွားတယ်ခင်ဗျ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါကားသည် တညင်းကုန်းလမ်းဆုံမှ လှော်ကားလမ်းဆုံဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး Grand Master ဂိုထောင်ရှေ့ အရောက်တွင် အရှိန်မထိန်းနိုင်ပဲ လမ်းဖြတ်ကူးနေသူကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက ဦးခေါင်းနောက်စေ့အခွံက အထဲကို ချိုင့်ဝင်သွားတာခင်ဗျ။ နဖူးက ကွဲသွားတာနက်တယ်။ မျက်နှာတွေ၊ ဦးခေါင်းတွေ၊ လက်တွေ၊ ဒူးတွေ ပွန်းတယ်”ဟု ၎င်းက ဆိုသည်။
သေဆုံးသူ အမျိုးသားမှာ အသက်(၄၄)နှစ်အရွယ်ရှိ Grand Master ဂိုထောင်မှ ညစောင့် ဦးအောင်ကျော်ငွေဖြစ်ပြီး ၎င်းသည် နယ်မှလာ၍ ရွှေပြည်သာ မြို့နယ်၊ (၁၂)ရပ်ကွက်တွင် ဖခင်ဖြစ်သူနှင့်အတူ အဆောင်ငှား နေထိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့ သတင်းကြားတာတော့ သူ့မှာအဖေတစ်ယောက်တော့ ရှိပါတယ်ခင်ဗျ။ သူက အဖေနဲ့သူ (၂)ယောက်တည်းပဲနေတာ။ သူက နယ်ကနေ ပြောင်းလာတာဗျ။ အဖေကလည်း ကျန်းမာရေးနည်းနည်း ချို့တဲ့ပါတယ် ခင်ဗျ။ သူတို့က အခြေခံလူတန်းစားလေးပါပဲ။ သူက အဆောင်ငှားနေပြီးတော့ သူ့အဖေကို လုပ်ကျွေးပါတယ်ခင်ဗျ။ စက်ရုံကတော့ အစအဆုံး လိုက်လုပ်ပေးပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ထို့နောက် သေဆုံးသူ ရုပ်အလောင်းကို အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ We Love Care လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းက ပို့ဆောင်ပေးခဲ့ကာ မောင်းနှင်ထွက်ပြေးသူကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင် ရွက်နေကြောင်း သိရသည်။
“အဓိက ကတော့ ယာဉ်မောင်းပေါ့ဗျာ။ ဆင်ခြင်မောင်းနှင်ရမယ်။ ပြီးတော့ အမှန်တိုင်းပြောရရင် သေဆုံးသူဘက်က သူ့လမ်းကတော့ မှန်ပါတယ်ခင်ဗျ။ သူက ကားလာနေလို့ သူ့လမ်းမှာပဲ ရပ်စောင့်နေတာ။ ကားသမားတွေပေါ့ မနက်စောတာလည်းပါတယ်၊ လမ်းလည်း ရှင်းတော့လေ။ ဂရုတစိုက် မောင်းစေချင်ပါတယ် ခင်ဗျ”ဟု ၎င်းက အကြံပြုထားသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်က မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်း၊ ရခိုင်ကျောင်းမှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
zawgyi version
ဖခင္ကိုလုပ္ေကြၽးေနသူ သက္လတ္ပိုင္းအ႐ြယ္ လုံၿခဳံေရးအမ်ိဳးသားတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီးေသဆုံး
ခ်ယ္ရီ(NP News)- ႏိုဝင္ဘာ ၂၉
ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ဖခင္ကိုလုပ္ေကြၽးေနသူ သက္လတ္ပိုင္းအ႐ြယ္ လုံၿခဳံေရးအမ်ိဳးသားတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း We Love Care လူမႈဘဝေစာင့္ေရွာက္ေရးပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔( ႏိုဝင္ဘာလ ၂၉ ရက္)၊ နံနက္အေစာပိုင္း ၅နာရီ ၂၅မိနစ္အခ်ိန္ခန႔္က ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၄)လမ္းမႀကီး၊ သဘာဝမွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔အသင္း႐ုံးကို (၅)နာရီေက်ာ္ေက်ာ္ေလာက္က ဖုန္းဝင္လာတယ္ဗ်။ သဘာဝမွတ္တိုင္မွာ ယာဥ္တိုက္မႈျဖစ္တယ္ဆိုေတာ့ ကြၽန္ေတာ္တို႔အသင္းက Ambulance နဲ႔အရင္ဆုံး သြားတာေပါ့ဗ်ာ။ ဟိုေရာက္ေတာ့ DB ျဖစ္သြားတယ္ေပါ့။ ျဖစ္စဥ္ကို ေမးၾကည့္လိုက္ေတာ့ သူက စက္႐ုံရဲ႕ လုံၿခဳံ ေရးဗ်။ သူက ဟိုဘက္လမ္းကို ကူးဖို႔ လမ္းအလယ္မွာ ခဏရပ္ေနတာ။ ရပ္ေနတုန္း လာရာကားက သူ႔ကိုဝင္တိုက္သြားတာ။ ကားကေတာ့ ေမာင္းေျပးသြားတယ္ခင္ဗ်”ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။
အဆိုပါကားသည္ တညင္းကုန္းလမ္းဆုံမွ ေလွာ္ကားလမ္းဆုံဘက္သို႔ ေမာင္းႏွင္လာျခင္းျဖစ္ၿပီး Grand Master ဂိုေထာင္ေရွ႕ အေရာက္တြင္ အရွိန္မထိန္းႏိုင္ပဲ လမ္းျဖတ္ကူးေနသူကို တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူက ဦးေခါင္းေနာက္ေစ့အခြံက အထဲကို ခ်ိဳင့္ဝင္သြားတာခင္ဗ်။ နဖူးက ကြဲသြားတာနက္တယ္။ မ်က္ႏွာေတြ၊ ဦးေခါင္းေတြ၊ လက္ေတြ၊ ဒူးေတြ ပြန္းတယ္”ဟု ၎က ဆိုသည္။
ေသဆုံးသူ အမ်ိဳးသားမွာ အသက္(၄၄)ႏွစ္အ႐ြယ္ရွိ Grand Master ဂိုေထာင္မွ ညေစာင့္ ဦးေအာင္ေက်ာ္ေငြျဖစ္ၿပီး ၎သည္ နယ္မွလာ၍ ေ႐ႊျပည္သာ ၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္တြင္ ဖခင္ျဖစ္သူႏွင့္အတူ အေဆာင္ငွား ေနထိုင္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ သတင္းၾကားတာေတာ့ သူ႔မွာအေဖတစ္ေယာက္ေတာ့ ရွိပါတယ္ခင္ဗ်။ သူက အေဖနဲ႔သူ (၂)ေယာက္တည္းပဲေနတာ။ သူက နယ္ကေန ေျပာင္းလာတာဗ်။ အေဖကလည္း က်န္းမာေရးနည္းနည္း ခ်ိဳ႕တဲ့ပါတယ္ ခင္ဗ်။ သူတို႔က အေျခခံလူတန္းစားေလးပါပဲ။ သူက အေဆာင္ငွားေနၿပီးေတာ့ သူ႔အေဖကို လုပ္ေကြၽးပါတယ္ခင္ဗ်။ စက္႐ုံကေတာ့ အစအဆုံး လိုက္လုပ္ေပးပါတယ္”ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
ထို႔ေနာက္ ေသဆုံးသူ ႐ုပ္အေလာင္းကို အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ We Love Care လူမႈဘဝေစာင့္ေရွာက္ေရးပရဟိတအသင္းက ပို႔ေဆာင္ေပးခဲ့ကာ ေမာင္းႏွင္ထြက္ေျပးသူကို ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။
“အဓိက ကေတာ့ ယာဥ္ေမာင္းေပါ့ဗ်ာ။ ဆင္ျခင္ေမာင္းႏွင္ရမယ္။ ၿပီးေတာ့ အမွန္တိုင္းေျပာရရင္ ေသဆုံးသူဘက္က သူ႔လမ္းကေတာ့ မွန္ပါတယ္ခင္ဗ်။ သူက ကားလာေနလို႔ သူ႔လမ္းမွာပဲ ရပ္ေစာင့္ေနတာ။ ကားသမားေတြေပါ့ မနက္ေစာတာလည္းပါတယ္၊ လမ္းလည္း ရွင္းေတာ့ေလ။ ဂ႐ုတစိုက္ ေမာင္းေစခ်င္ပါတယ္ ခင္ဗ်”ဟု ၎က အႀကံျပဳထားသည္။
အလားတူ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၃ ရက္က မဂၤလာဒုံၿမိဳ႕နယ္၊ အမွတ္(၃) လမ္း၊ ရခိုင္ေက်ာင္းမွတ္တိုင္အနီးတြင္ လမ္းျဖတ္ကူးသည့္ အမ်ိဳးသမီးတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီး ေသဆုံးခဲ့သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ဖူးသည္။