AA အကြမ်းဖက်အဖွဲ့ကို ထောက်ခံသော အငြိမ်းစားရဲမှူးကို ၅၀၅ (က) ဖြင့် အမှုဖွင့် ဖမ်းဆီးထား

 2306

နာမူ ( NP News) - နိုဝင်ဘာ ၂၉

AA အကြမ်းဖက်အဖွဲ့ကို ထောက်ခံသော အငြိမ်းစားရဲမှူးကို သာကေတမြို့မရဲစခန်းတွင် ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ်၊ အမှတ်(၇) အနောက်ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ အမှတ် (၁၁၅၁/ခ) (ပထမထပ်)တွင် နေထိုင်သည့် အသက် (၆၇)နှစ်အရွယ် အငြိမ်းစားရဲမှူး ဦးရွှေဇံကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဆန့်ကျင်လှုံ့ဆော်စာများ ရေးသားသူဖြစ်ကြောင်း သတင်းရရှိသဖြင့် ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ၅၀၅ (က) နဲ့အမှုဖွင့်ပြီး သာကေတရဲစခန်းမှာ ချုပ်ထားပါတယ်” ဟု ၎င်းကပြောသည်။

ထိုသို့ ဝင်ရောက်ရှာဖွေစစ်ဆေးရာ ဦးရွှေဇံကို Iphone 13 Pro (၁) လုံး၊ Redmi K 30 လက်ကိုင်ဖုန်း (၁) လုံးတို့နှင့်အတူတွေ့ရှိရသဖြင့် ထိန်းသိမ်း ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်အရ ဦးရွှေဇံသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Shwe Zan အမည်ရှိ အကောင့်ဖြင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ကို ထောက်ခံထားသည့် ပိုစ့်များတင်ခြင်း၊ ဖြန့်ဝေခြင်း များပြုလုပ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

zawgyi version
AA အၾကမ္းဖက္အဖြဲ႕ကို ေထာက္ခံေသာ အၿငိမ္းစားရဲမႉးကို ၅၀၅ (က) ျဖင့္ အမႈဖြင့္ ဖမ္းဆီးထား
နာမူ ( NP News) - ႏိုဝင္ဘာ ၂၉

AA အၾကမ္းဖက္အဖြဲ႕ကို ေထာက္ခံေသာ အၿငိမ္းစားရဲမႉးကို သာေကတၿမိဳ႕မရဲစခန္းတြင္ ၅၀၅ (က) ျဖင့္ အမႈဖြင့္ဖမ္းဆီးထားေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၆ ရက္၊ ညေန ၆ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ သာေကတၿမိဳ႕နယ္၊ အမွတ္(၇) အေနာက္ရပ္ကြက္၊ ေအာင္ခ်မ္းသာလမ္း၊ အမွတ္ (၁၁၅၁/ခ) (ပထမထပ္)တြင္ ေနထိုင္သည့္ အသက္ (၆၇)ႏွစ္အ႐ြယ္ အၿငိမ္းစားရဲမႉး ဦးေ႐ႊဇံကို လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ဆန႔္က်င္လႈံ႕ေဆာ္စာမ်ား ေရးသားသူျဖစ္ေၾကာင္း သတင္းရရွိသျဖင့္ ၎၏ေနအိမ္အား ဝင္ေရာက္ရွာေဖြစစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“ဟုတ္ပါတယ္။ ၅၀၅ (က) နဲ႔အမႈဖြင့္ၿပီး သာေကတရဲစခန္းမွာ ခ်ဳပ္ထားပါတယ္” ဟု ၎ကေျပာသည္။

ထိုသို႔ ဝင္ေရာက္ရွာေဖြစစ္ေဆးရာ ဦးေ႐ႊဇံကို Iphone 13 Pro (၁) လုံး၊ Redmi K 30 လက္ကိုင္ဖုန္း (၁) လုံးတို႔ႏွင့္အတူေတြ႕ရွိရသျဖင့္ ထိန္းသိမ္း ေခၚေဆာင္ခဲ့ေၾကာင္း သိရသည္။ စစ္ေဆးခ်က္အရ ဦးေ႐ႊဇံသည္ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ Shwe Zan အမည္ရွိ အေကာင့္ျဖင့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ကို ေထာက္ခံထားသည့္ ပိုစ့္မ်ားတင္ျခင္း၊ ျဖန႔္ေဝျခင္း မ်ားျပဳလုပ္ထားသည္ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.