မီးရထားလမ်းပန်းဆက်သွယ်ရေးလုံခြုံမှု ပိုမိုကောင်းမွန်လာစေရေး ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း
289
သန့်ဇင် (NP News) - နိုဝင်ဘာ ၃ဝ
မီးရထားလမ်းပန်းဆက်သွယ်ရေးလုံခြုံမှု ပိုမိုကောင်းမွန်လာစေရေး ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌက ယမန်နေ့(နိုဝင်ဘာ ၂၉ ရက်) က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန် ဘူတာကြီး၌ ကျင်းပပြုလုပ်သည့် ရန်ကုန်မြို့ ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေး ဆွဲခြင်းဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် မီးရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးနေသကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျလိုက်နာစီးနင်းပြီး ရထားလမ်းပိုင်းများနှင့်ဘူတာများ သန့်ရှင်းသပ်ရပ်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် မီးရထားလမ်းပန်းဆက်သွယ်ရေးလုံခြုံမှု ပိုမိုကောင်းမွန်လာစေရေးအတွက် ပြည်သူလူထုက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ခရီးသွားပြည်သူများ နှင့် ဒေသခံပြည်သူများအနေဖြင့် ယမန်နေ့(နိုဝင်ဘာ ၂၉ ရက်) က စတင်ပြေးဆွဲသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းများကို အသုံးပြုပြီး ရထားလမ်းနှင့်ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ အသုံးပြု ပြေးဆွဲနိုင်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန်အတွက်လည်း နစကဥက္ကဋ္ဌက မေတ္တာရပ်ခံ ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာ့ မီးရထားဝန်ထမ်းများအနေဖြင့်လည်း ရထားစီးခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာ ခရီးကိုအဆင်ပြေ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် ပြည်သူကို ကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးနိုင်ရေး ကြိုးပမ်းစွမ်းဆောင်ပေးကြရန်လည်း တိုက်တွန်း ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့ပတ်ရထားပြေးဆွဲခြင်းကိုစတင်ပြီး မြို့တစ်ပတ်စာတွင် (၃၃)ဘူတာလျှင် ငွေကျပ် (၈၀၀)နှင့် (၁၅) ဘူတာလျှင် ငွေကျပ် (၄၀၀) ကျသင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်း (၃၈၀၀) ကျော် နှင့် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Zawgyi Version;
မီးရထားလမ္းပန္းဆက္သြယ္ေရးလုံၿခဳံမႈ ပိုမိုေကာင္းမြန္လာေစေရး ျပည္သူမ်ား ပူးေပါင္းပါဝင္ေဆာင္႐ြက္ရန္ နစက ဥကၠ႒ တိုက္တြန္း
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၃ဝ
မီးရထားလမ္းပန္းဆက္သြယ္ေရးလုံၿခဳံမႈ ပိုမိုေကာင္းမြန္လာေစေရး ျပည္သူမ်ား ပူးေပါင္းပါဝင္ေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္က တိုက္တြန္း ေျပာၾကားခဲ့သည္။
နစကဥကၠ႒က ယမန္ေန႔(ႏိုဝင္ဘာ ၂၉ ရက္) က ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ရွိ ရန္ကုန္ ဘူတာႀကီး၌ က်င္းပျပဳလုပ္သည့္ ရန္ကုန္ၿမိဳ႕ ပတ္ရထားလမ္းပိုင္းတြင္ ေခတ္မီ Diesel Electric Multiple Unit (DEMU) ရထားတြဲဆိုင္းအသစ္မ်ားျဖင့္ စတင္ေျပး ဆြဲျခင္းဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အစိုးရအေနျဖင့္ မီးရထားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ရန္ ေဆာင္႐ြက္ေပးေနသကဲ့သို႔ မိဘျပည္သူမ်ားအေနျဖင့္လည္း စည္းကမ္းတက်လိုက္နာစီးနင္းၿပီး ရထားလမ္းပိုင္းမ်ားႏွင့္ဘူတာမ်ား သန႔္ရွင္းသပ္ရပ္ေရး ဝိုင္းဝန္းေဆာင္႐ြက္ ေပးၾကရန္လိုေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ျပင္ မီးရထားလမ္းပန္းဆက္သြယ္ေရးလုံၿခဳံမႈ ပိုမိုေကာင္းမြန္လာေစေရးအတြက္ ျပည္သူလူထုက ပူးေပါင္းပါဝင္ ေဆာင္႐ြက္ၾကရန္လည္း တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ခရီးသြားျပည္သူမ်ား ႏွင့္ ေဒသခံျပည္သူမ်ားအေနျဖင့္ ယမန္ေန႔(ႏိုဝင္ဘာ ၂၉ ရက္) က စတင္ေျပးဆြဲသည့္ ေခတ္မီ DEMU ရထားတြဲဆိုင္းမ်ားကို အသုံးျပဳၿပီး ရထားလမ္းႏွင့္ဆက္စပ္ပစၥည္းမ်ား ေရရွည္တည္တံ့ အသုံးျပဳ ေျပးဆြဲႏိုင္ေစေရးတို႔အတြက္ ဝိုင္းဝန္းထိန္းသိမ္းေစာင့္ေရွာက္ေပးၾကရန္အတြက္လည္း နစကဥကၠ႒က ေမတၱာရပ္ခံ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျမန္မာ့ မီးရထားဝန္ထမ္းမ်ားအေနျဖင့္လည္း ရထားစီးခရီးသြားျပည္သူမ်ား ေဘးအႏၲရာယ္ကင္းရွင္းၿပီး လိုရာ ခရီးကိုအဆင္ေျပ စိတ္ခ်မ္းေျမ့စြာ သြားလာႏိုင္ေရးႏွင့္ ျပည္သူကို ေကာင္းမြန္သည့္ဝန္ေဆာင္မႈမ်ား ေပးႏိုင္ေရး ႀကိဳးပမ္းစြမ္းေဆာင္ေပးၾကရန္လည္း တိုက္တြန္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ရန္ကုန္ၿမိဳ႕ပတ္ရထားေျပးဆြဲျခင္းကိုစတင္ၿပီး ၿမိဳ႕တစ္ပတ္စာတြင္ (၃၃)ဘူတာလွ်င္ ေငြက်ပ္ (၈၀၀)ႏွင့္ (၁၅) ဘူတာလွ်င္ ေငြက်ပ္ (၄၀၀) က်သင့္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ႏိုင္ငံအတြင္း ရထားလမ္းခရီးမိုင္ စုစုေပါင္း (၃၈၀၀) ေက်ာ္ ႏွင့္ ဘူတာ႐ုံေပါင္း (၉၆၂) ခုအထိ တည္ေဆာက္ႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။