ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသင်္ဘောအနီး၌ မြန်မာရေတပ်စစ်သင်္ဘောမရှိသည့်အပြင် ပစ်ခတ်ခဲ့ခြင်းလည်း မရှိ

 720

ချယ်ရီ (NP News) - နိုဝင်ဘာ ၃၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မီဒီယာများမှ ရေးသားဖော်ပြထားသော မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသအနီး ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဆိုသော သတင်းမှာ မှားယွင်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Dhaka Tribune အပါအဝင် မီဒီယာများတွင် ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၇ ရက်)က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေ ၁ စီးသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ၊ ကော့ဘဇားရှိ စိန့်မာတင် (St Martin) ကျွန်းအနီး၌ ငါးဖမ်းနေစဉ် မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁)ဦးမှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟူ၍ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိခဲ့ရ ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါသတင်းနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မီဒီယာများဖော်ပြထားသည့် နိုဝင်ဘာလ (၂၇)ရက်က အဆိုပါနေရာ၌ မည်သည့်မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များမရှိဘဲ နေ့လည်ပိုင်း(၁)နာရီ (၄၅) မိနစ်အချိန်၊ မြောက်လတ္တီကျု ၂၀ ဒီဂရီ ၃၄ ဒသမ ၁ နှင့် အရှေ့လောင်တီကျု ၉၂ ဒီဂရီ ၂၆ ဒသမ ၇ မိနစ်၌ မြင်းလွတ်ရွာ၏ အနောက်တောင်ဘက်(၅)မိုင်ခန့်အကွာတွင် စစ်တွေဘက်မှ ရေ နှင့် ရိက္ခာဖြည့်ဆည်းပြီး ပြန်လည် ထွက်ခွာလာသော စစ်ရေယာဉ်(၁)စီးသာ ရောက်ရှိအခြေပြုလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ဖြစ်စဉ်များသည် နှစ်နိုင်ငံနယ်ခြားစောင့် တပ်အချင်းချင်း အောက်ခြေအဆင့် ညှိနှိုင်းဖြေရှင်းနိုင်သော် လည်း မီဒီယာများမှ နှစ်နိုင်ငံအစိုးရချင်း၊ ပြည်သူအချင်းချင်း ရှိပြီးချစ်ကြည်ရင်းနှီးမှုအား ပျက်ပြားစေရန် နှင့် အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မှု၊ ပျက်ပြားမှုမရှိစေရေးအတွက် နယ်စပ်ဒေသဆက်ဆံရေးအား မြန်မာနိုင်ငံအစိုးရဘက်မှလည်း သတိပြုဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

Zawgyi Version;
ဘဂၤလားေဒ့ရွ္ငါးဖမ္းသေဘၤာအနီး၌ ျမန္မာေရတပ္စစ္သေဘၤာမရွိသည့္အျပင္ ပစ္ခတ္ခဲ့ျခင္းလည္း မရွိ
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၃၀

ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ မီဒီယာမ်ားမွ ေရးသားေဖာ္ျပထားေသာ ျမန္မာ့တပ္မေတာ္(ေရ)မွ ပစ္ခတ္မႈေၾကာင့္ ဘဂၤလားေဒ့ရွ္-ျမန္မာႏွစ္ႏိုင္ငံ နယ္စပ္ေဒသအနီး ငါးဖမ္းေနေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား(၁)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဆိုေသာ သတင္းမွာ မွားယြင္းေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕မွ ထုတ္ျပန္ထားခ်က္အရ သိရသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ Dhaka Tribune အပါအဝင္ မီဒီယာမ်ားတြင္ ၿပီးခဲ့သည့္ (ႏိုဝင္ဘာလ ၂၇ ရက္)က ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ငါးဖမ္းစက္ေလွ ၁ စီးသည္ ဘဂၤလားေဒ့ရွ္-ျမန္မာ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသ၊ ေကာ့ဘဇားရွိ စိန႔္မာတင္ (St Martin) ကြၽန္းအနီး၌ ငါးဖမ္းေနစဥ္ ျမန္မာ့တပ္မေတာ္(ေရ)မွ ပစ္ခတ္မႈေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား(၁)ဦးမွာ က်ည္ထိမွန္ ဒဏ္ရာရရွိခဲ့သည္ဟူ၍ ေရးသားေဖာ္ျပလ်က္ရွိသည္ကို ေတြ႕ရွိခဲ့ရ ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ အဆိုပါသတင္းႏွင့္ပတ္သက္၍ စိစစ္ခဲ့ရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ မီဒီယာမ်ားေဖာ္ျပထားသည့္ ႏိုဝင္ဘာလ (၂၇)ရက္က အဆိုပါေနရာ၌ မည္သည့္ျမန္မာ့တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္မ်ားမရွိဘဲ ေန႔လည္ပိုင္း(၁)နာရီ (၄၅) မိနစ္အခ်ိန္၊ ေျမာက္လတၱီက်ဳ ၂၀ ဒီဂရီ ၃၄ ဒသမ ၁ ႏွင့္ အေရွ႕ေလာင္တီက်ဳ ၉၂ ဒီဂရီ ၂၆ ဒသမ ၇ မိနစ္၌ ျမင္းလြတ္႐ြာ၏ အေနာက္ေတာင္ဘက္(၅)မိုင္ခန႔္အကြာတြင္ စစ္ေတြဘက္မွ ေရ ႏွင့္ ရိကၡာျဖည့္ဆည္းၿပီး ျပန္လည္ ထြက္ခြာလာေသာ စစ္ေရယာဥ္(၁)စီးသာ ေရာက္ရွိအေျချပဳလ်က္ရွိေၾကာင္း သိရသည္။

ယခုကဲ့သို႔ျဖစ္စဥ္မ်ားသည္ ႏွစ္ႏိုင္ငံနယ္ျခားေစာင့္ တပ္အခ်င္းခ်င္း ေအာက္ေျခအဆင့္ ညႇိႏႈိင္းေျဖရွင္းႏိုင္ေသာ္ လည္း မီဒီယာမ်ားမွ ႏွစ္ႏိုင္ငံအစိုးရခ်င္း၊ ျပည္သူအခ်င္းခ်င္း ရွိၿပီးခ်စ္ၾကည္ရင္းႏွီးမႈအား ပ်က္ျပားေစရန္ ႏွင့္ အေႏွာင့္အယွက္ျဖစ္ေစရန္ လုပ္ေဆာင္ေနျခင္းျဖစ္ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ထိခိုက္မႈ၊ ပ်က္ျပားမႈမရွိေစေရးအတြက္ နယ္စပ္ေဒသဆက္ဆံေရးအား ျမန္မာႏိုင္ငံအစိုးရဘက္မွလည္း သတိျပဳေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ အသိေပးထားသည္။

Related news

© 2021. All rights reserved.