TikTok က ဆယ်ကျော်သက်တွေ အလှအပဆိုင်ရာ filter တွေ အသုံးပြုခွင့်မရအောင် ဆောင်ရွက်မည်
539
ရောင်နီ (NP News) - နိုဝင်ဘာ ၃ဝ
TikTok က မကြာမီ ဆယ်ကျော်သက်တွေကို beauty filter အသုံးပြုခွင့်မရအောင် တားမြစ်မှာဖြစ်ပြီး ဒီအစီအစဉ် ကို ကမ္ဘာတစ်ဝှမ်းမှာ အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဆိုလိုတာကတော့ နှုတ်ခမ်းထူထူ၊ ပိန်သွယ်တဲ့ မျက်နှာနဲ့ အသားအရေကို ချောမွေ့စေတဲ့ filter တွေကို အသက် ၁၈ နှစ်အောက်ကလေးတွေ အသုံးပြုခွင့်မရအောင် တင်းကြပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်နားရွက်အတု ထည့်ထားတဲ့ filter လို ရယ်စရာ filter တွေကိုတော့ ဆယ်ကျော်သက်တွေအတွက် ဆက်လက်ရရှိနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။
ကမ္ဘာတစ်ဝှမ်း အစိုးရတွေကလည်း လူငယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ဆိုင်ရာစည်းမျဉ်းတွေ တင်းကျပ်လိုက် ပြီးနောက် TikTok ရဲ့ အခုလိုလှုပ်ရှားမှုလည်း ထွက်ပေါ်လာတာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ် အောက်ကလေးတွေကို TikTok၊ Instagram နဲ့ Facebook တို့လို ပလက်ဖောင်းတွေ အသုံးပြုခွင့်ပိတ်ပင်တဲ့ ဥပဒေတစ်ရပ် ကြသပတေးနေ့(နိုဝင်ဘာ ၂၈ ရက်) က အတည်ပြုလိုက်ပါတယ်။
ဒါအပြင် ပြင်သစ်၊ အမေရိကန်ပြည်နယ်အချို့ အပါအဝင် အခြားနိုင်ငံတွေမှာလည်း မိဘခွင့်ပြုချက်မရှိဘဲ အရွယ် မရောက်သေးသူတွေ ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ကန့်သတ်ချက်ဥပဒေတွေပြဌာန်းထားတယ်လို့ သိရပါတယ်။
Zawgyi Version;
TikTok က ဆယ္ေက်ာ္သက္ေတြ အလွအပဆိုင္ရာ filter ေတြ အသုံးျပဳခြင့္မရေအာင္ ေဆာင္႐ြက္မည္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၃ဝ
TikTok က မၾကာမီ ဆယ္ေက်ာ္သက္ေတြကို beauty filter အသုံးျပဳခြင့္မရေအာင္ တားျမစ္မွာျဖစ္ၿပီး ဒီအစီအစဥ္ ကို ကမာၻတစ္ဝွမ္းမွာ အေကာင္အထည္ေဖာ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
ဆိုလိုတာကေတာ့ ႏႈတ္ခမ္းထူထူ၊ ပိန္သြယ္တဲ့ မ်က္ႏွာနဲ႔ အသားအေရကို ေခ်ာေမြ႕ေစတဲ့ filter ေတြကို အသက္ ၁၈ ႏွစ္ေအာက္ကေလးေတြ အသုံးျပဳခြင့္မရေအာင္ တင္းၾကပ္သြားမွာျဖစ္ပါတယ္။ ဒါေပမယ့္ တိရစာၦန္နား႐ြက္အတု ထည့္ထားတဲ့ filter လို ရယ္စရာ filter ေတြကိုေတာ့ ဆယ္ေက်ာ္သက္ေတြအတြက္ ဆက္လက္ရရွိႏိုင္မွာ ျဖစ္တယ္ လို႔ သိရပါတယ္။
ကမာၻတစ္ဝွမ္း အစိုးရေတြကလည္း လူငယ္ေတြ ဆိုရွယ္မီဒီယာအသုံးျပဳခြင့္ဆိုင္ရာစည္းမ်ဥ္းေတြ တင္းက်ပ္လိုက္ ၿပီးေနာက္ TikTok ရဲ႕ အခုလိုလႈပ္ရွားမႈလည္း ထြက္ေပၚလာတာျဖစ္ပါတယ္။ ၾသစေၾတးလ်ႏိုင္ငံမွာ အသက္ ၁၆ ႏွစ္ ေအာက္ကေလးေတြကို TikTok၊ Instagram နဲ႔ Facebook တို႔လို ပလက္ေဖာင္းေတြ အသုံးျပဳခြင့္ပိတ္ပင္တဲ့ ဥပေဒတစ္ရပ္ ၾကသပေတးေန႔(ႏိုဝင္ဘာ ၂၈ ရက္) က အတည္ျပဳလိုက္ပါတယ္။
ဒါအျပင္ ျပင္သစ္၊ အေမရိကန္ျပည္နယ္အခ်ိဳ႕ အပါအဝင္ အျခားႏိုင္ငံေတြမွာလည္း မိဘခြင့္ျပဳခ်က္မရွိဘဲ အ႐ြယ္ မေရာက္ေသးသူေတြ ဆိုရွယ္မီဒီယာ အသုံးျပဳခြင့္ ကန႔္သတ္ခ်က္ဥပေဒေတြျပဌာန္းထားတယ္လို႔ သိရပါတယ္။