ယူကရိန်းစစ်သား(၅၀၀)ကျော်ရဲ့ရုပ်အလောင်းတွေကို ရုရှားက ပြန်လည်ပေးအပ်ခဲ့တယ်လို့ ယူကရိန်းအစိုးရပြော
2335
Pika (NP News) - နိုဝင်ဘာ ၃ဝ
တိုက်ပွဲအတွင်းသေဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သား(၅၀၀)ကျော်ရဲ့ ရုပ်အလောင်းတွေကို ရုရှားအာဏာပိုင်တွေက ပြန်လည်ပေးအပ်ခဲ့ပြီး အများစုဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk ဒေသမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ယူကရိန်းအစိုးရက နိုဝင်ဘာလ(၂၉)ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ ပထမဆုံးလတွေအတွင်းကတည်းက သေဆုံးသွားတဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေနဲ့ စစ်သုံ့ပန်းတွေကို အပြန်အလှန်လဲလှယ်မှုတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး နှစ်ဖက်စလုံးမှာ ထိခိုက်/သေဆုံးမှု အရေအတွက်ဟာ မြင့်မားတယ်လို့ ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။ ယူကရိန်းရဲ့စစ်သုံ့ပန်းတွေ ကုသရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုဌာနချုပ်က "တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သား(၅၀၂)ဦးရဲ့ ရုပ်အလောင်းတွေ ကို ရုရှားအာဏာပိုင်တွေက ပြန်လည်ပေးအပ်ခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရုပ်အလောင်း(၅၀၂)ခုအနက် (၃၉၇)ခုဟာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့ Donetsk ဒေသမှာ သေဆုံး သွားခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့ ရုပ်အလောင်း(၂၄)ခုဟာ လူဟန့်စ်ဒေသကဖြစ်ပြီး (၆၄)ခုက ဇာပိုရိုဇီရာဒေသကဖြစ်ကာ အခြားရုပ်အလောင်း(၁၇)ခုက ရုရှားပိုင်နက်အတွင်း မှာ ကျဆုံးသွားခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေဖြစ်တယ်လို့ ယူကရိန်းရဲ့စစ်သုံ့ပန်းတွေ ကုသရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုဌာနချုပ်က ပြောကြားခဲ့ပါတယ်။
အဲဒီဌာနချုပ်က "အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရဲ့ အကူအညီတွေအတွက် ကျွန်တော်တို့တကယ်ပဲ ကျေးဇူးတင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ရုပ်အလောင်းတွေကို မှုခင်းဆေးပညာစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် သယ်ယူသွားမှာဖြစ်ပြီး ကျွမ်းကျင်တဲ့ အဖွဲ့တွေနဲ့အတူ သေဆုံးသူတွေက ဘယ်သူဖြစ်တယ်ဆိုတာကို အမြန်ဆုံးဖော်ထုတ်ပေးသွားမယ်လို့ အဲဒီဌာနချုပ်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုရှားဘက်ကတော့ ယူကရိန်းစစ်သားတွေရဲ့ရုပ်အလောင်းတွေ ပြန်လည်ပေးအပ်မှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
Zawgyi Version;
ယူကရိန္းစစ္သား(၅၀၀)ေက်ာ္ရဲ႕႐ုပ္အေလာင္းေတြကို ႐ုရွားက ျပန္လည္ေပးအပ္ခဲ့တယ္လို႔ ယူကရိန္းအစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၃ဝ
တိုက္ပြဲအတြင္းေသဆုံးသြားခဲ့တဲ့ ယူကရိန္းစစ္သား(၅၀၀)ေက်ာ္ရဲ႕ ႐ုပ္အေလာင္းေတြကို ႐ုရွားအာဏာပိုင္ေတြက ျပန္လည္ေပးအပ္ခဲ့ၿပီး အမ်ားစုဟာ ယူကရိန္းႏိုင္ငံအေရွ႕ပိုင္း Donetsk ေဒသမွာ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ ယူကရိန္းအစိုးရက ႏိုဝင္ဘာလ(၂၉)ရက္မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ပဋိပကၡ စတင္ျဖစ္ပြားခဲ့တဲ့ ပထမဆုံးလေတြအတြင္းကတည္းက ေသဆုံးသြားတဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြနဲ႔ စစ္သုံ႔ပန္းေတြကို အျပန္အလွန္လဲလွယ္မႈေတြ လုပ္ေဆာင္ခဲ့ၾကတာျဖစ္ၿပီး ႏွစ္ဖက္စလုံးမွာ ထိခိုက္/ေသဆုံးမႈ အေရအတြက္ဟာ ျမင့္မားတယ္လို႔ ခန႔္မွန္းမႈေတြလည္းရွိေနပါတယ္။ ယူကရိန္းရဲ႕စစ္သုံ႔ပန္းေတြ ကုသေရးဆိုင္ရာ ညႇိႏႈိင္းေဆာင္႐ြက္မႈဌာနခ်ဳပ္က "တိုက္ပြဲအတြင္း ေသဆုံးသြားခဲ့တဲ့ ယူကရိန္းစစ္သား(၅၀၂)ဦးရဲ႕ ႐ုပ္အေလာင္းေတြ ကို ႐ုရွားအာဏာပိုင္ေတြက ျပန္လည္ေပးအပ္ခဲ့ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႐ုပ္အေလာင္း(၅၀၂)ခုအနက္ (၃၉၇)ခုဟာ တိုက္ပြဲေတြျပင္းထန္စြာျဖစ္ပြားေနတဲ့ Donetsk ေဒသမွာ ေသဆုံး သြားခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးေတာ့ ႐ုပ္အေလာင္း(၂၄)ခုဟာ လူဟန႔္စ္ေဒသကျဖစ္ၿပီး (၆၄)ခုက ဇာပို႐ိုဇီရာေဒသကျဖစ္ကာ အျခား႐ုပ္အေလာင္း(၁၇)ခုက ႐ုရွားပိုင္နက္အတြင္း မွာ က်ဆုံးသြားခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြျဖစ္တယ္လို႔ ယူကရိန္းရဲ႕စစ္သုံ႔ပန္းေတြ ကုသေရးဆိုင္ရာ ညႇိႏႈိင္းေဆာင္႐ြက္မႈဌာနခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။
အဲဒီဌာနခ်ဳပ္က "အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီရဲ႕ အကူအညီေတြအတြက္ ကြၽန္ေတာ္တို႔တကယ္ပဲ ေက်းဇူးတင္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
႐ုပ္အေလာင္းေတြကို မႈခင္းေဆးပညာစစ္ေဆးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ သယ္ယူသြားမွာျဖစ္ၿပီး ကြၽမ္းက်င္တဲ့ အဖြဲ႕ေတြနဲ႔အတူ ေသဆုံးသူေတြက ဘယ္သူျဖစ္တယ္ဆိုတာကို အျမန္ဆုံးေဖာ္ထုတ္ေပးသြားမယ္လို႔ အဲဒီဌာနခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ုရွားဘက္ကေတာ့ ယူကရိန္းစစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ ျပန္လည္ေပးအပ္မႈနဲ႔ပတ္သက္ၿပီး ထုတ္ျပန္ေၾကညာတာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။