စစ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် မြောက်ကိုရီးယားကို ရုရှားကာကွယ်ရေးဝန်ကြီး ရောက်ရှိနေ

 330

Pika (NP News) - နိုဝင်ဘာ ၃ဝ

ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေးဘယ်လ်အုဆော့ဖ်သည် မြောက်ကိုရီးယား၏ စစ်ဘက်နှင့်နိုင်ငံရေး ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် နိုဝင်ဘာလ(၂၉)ရက်တွင် မြောက်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သို့သော်လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး TASS သတင်းအေဂျင်စီက ရေးသားဖော်ပြထားသော အစီရင်ခံစာတွင် အန်ဒရေးဘယ်လ်အုဆော့ဖ်သည် မည်သူနှင့်တွေ့ဆုံမည် (သို့မဟုတ်) ဆွေးနွေးပွဲများ၏ ရည်ရွယ် ချက်ကို အသေးစိတ်ဖော်ပြထားခြင်းမျိုးမရှိကြောင်းလည်း သိရသည်။ ထို့ပြင် အဆိုပါခရီးစဉ်ကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ချက်ချင်းအတည်ပြုခဲ့ခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။

ရုရှားသမ္မတပူတင်သည် သမ္မတအဖြစ် (၅)ကြိမ်မြောက်သက်တမ်းကိုစတင်ခဲ့ပြီးနောက် ပြီးခဲ့သည့်မေလတွင် အန်ဒရေးဘယ်လ်အုဆော့ဖ်က ကာကွယ်ရေးဝန်ကြီးအဖြစ် ကာကွယ်ရေးဝန်ကြီးဟောင်းဆာဂေးရှိုဂူ၏နေရာကို အစားထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်သည် ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရူစတန်ယူမာရော့ဗ်ဦးဆောင်သော ယူကရိန်းကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး နောက် ရက်ပိုင်းအကြာတွင် အန်ဒရေးဘယ်လ်အုဆော့ဖ်၏ ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ရုရှားဘက်မှ ပါဝင်တိုက်ခိုက်ပေးရန်အတွက် မြောက်ကိုရီးယားက ၎င်း၏ စစ်သားများကို စေလွှတ်ပေးပို့ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် သတ်မှတ်ထားခြင်းမျိုးမရှိသော အရေးယူ ဆောင်ရွက်မှုများလုပ်ဆောင်ရန် ယွန်ဆက်ယိုလ်နှင့်ရူစတန်ယူမာရော့ဗ်တို့က ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း မြောက်ကိုရီးယားသည် ၎င်း၏ စစ်သားပေါင်း(၁)သောင်းကျော်ကို ရုရှားကို စေလွှတ်ခဲ့ကြောင်း အမေရိကန် နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများက စွပ်စွဲပြောဆိုခဲ့သည်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အချို့မှာ ယူကရိန်းနှင့်ဖြစ်ပွားနေသော တိုက်ပွဲများတွင် ရုရှားဘက်မှ ပါဝင်တိုက်ခိုက်ပေးနေပြီဖြစ်ကြောင်းလည်း အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများက ပြောဆိုခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားသည် ရုရှားကို အမြောက် စနစ်များ၊ ဒုံးကျည်များ နှင့် အခြားစစ်ဘက်ဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း အနောက်အုပ်စု နိုင်ငံများက စွပ်စွဲပြောဆိုခဲ့သည်။ အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယားသည် ရုရှားထံမှ မဟာဗျူဟာမြောက် နည်းပညာလွှဲပြောင်းပေးမှုများကို လက်ခံရရှိခဲ့ကြောင်း စွပ်စွဲပြောဆိုမှုများလည်းရှိနေသည်။

Zawgyi Version;
စစ္ေရးနဲ႔ ႏိုင္ငံေရးေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔အတြက္ ေျမာက္ကိုရီးယားကို ႐ုရွားကာကြယ္ေရးဝန္ႀကီး ေရာက္ရွိ ေန
Pika (NP News) - ႏိုဝင္ဘာ ၃ဝ

႐ုရွားကာကြယ္ေရးဝန္ႀကီး အန္ဒေရးဘယ္လ္အုေဆာ့ဖ္သည္ ေျမာက္ကိုရီးယား၏ စစ္ဘက္ႏွင့္ႏိုင္ငံေရး ေခါင္းေဆာင္မ်ားႏွင့္ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရန္အတြက္ ႏိုဝင္ဘာလ(၂၉)ရက္တြင္ ေျမာက္ကိုရီးယားႏိုင္ငံကို သြားေရာက္လည္ပတ္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကို ကိုးကားၿပီး TASS သတင္းေအဂ်င္စီက ေရးသားေဖာ္ျပထားေသာ အစီရင္ခံစာတြင္ အန္ဒေရးဘယ္လ္အုေဆာ့ဖ္သည္ မည္သူႏွင့္ေတြ႕ဆုံမည္ (သို႔မဟုတ္) ေဆြးေႏြးပြဲမ်ား၏ ရည္႐ြယ္ ခ်က္ကို အေသးစိတ္ေဖာ္ျပထားျခင္းမ်ိဳးမရွိေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အဆိုပါခရီးစဥ္ကို ေျမာက္ကိုရီးယား ႏိုင္ငံပိုင္မီဒီယာက ခ်က္ခ်င္းအတည္ျပဳခဲ့ျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္။

႐ုရွားသမၼတပူတင္သည္ သမၼတအျဖစ္ (၅)ႀကိမ္ေျမာက္သက္တမ္းကိုစတင္ခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ေမလတြင္ အန္ဒေရးဘယ္လ္အုေဆာ့ဖ္က ကာကြယ္ေရးဝန္ႀကီးအျဖစ္ ကာကြယ္ေရးဝန္ႀကီးေဟာင္းဆာေဂးရႈိဂူ၏ေနရာကို အစားထိုးဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္သည္ ယူကရိန္း ကာကြယ္ေရးဝန္ႀကီး ႐ူစတန္ယူမာေရာ့ဗ္ဦးေဆာင္ေသာ ယူကရိန္းကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ႏွင့္ ေတြ႕ဆုံခဲ့ၿပီး ေနာက္ ရက္ပိုင္းအၾကာတြင္ အန္ဒေရးဘယ္လ္အုေဆာ့ဖ္၏ ခရီးစဥ္ထြက္ေပၚလာျခင္းျဖစ္သည္။

ယူကရိန္းႏွင့္ျဖစ္ပြားေနေသာစစ္ပြဲတြင္ ႐ုရွားဘက္မွ ပါဝင္တိုက္ခိုက္ေပးရန္အတြက္ ေျမာက္ကိုရီးယားက ၎၏ စစ္သားမ်ားကို ေစလႊတ္ေပးပို႔ခဲ့ျခင္းကို လက္တုံ႔ျပန္သည့္အေနျဖင့္ သတ္မွတ္ထားျခင္းမ်ိဳးမရွိေသာ အေရးယူ ေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္ရန္ ယြန္ဆက္ယိုလ္ႏွင့္႐ူစတန္ယူမာေရာ့ဗ္တို႔က ေဆြးေႏြးတိုင္ပင္ခဲ့ၾကေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ေျမာက္ကိုရီးယားသည္ ၎၏ စစ္သားေပါင္း(၁)ေသာင္းေက်ာ္ကို ႐ုရွားကို ေစလႊတ္ခဲ့ေၾကာင္း အေမရိကန္ ႏွင့္ ၎၏မိတ္ဖက္ႏိုင္ငံမ်ားက စြပ္စြဲေျပာဆိုခဲ့သည္။ ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္ အခ်ိဳ႕မွာ ယူကရိန္းႏွင့္ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားတြင္ ႐ုရွားဘက္မွ ပါဝင္တိုက္ခိုက္ေပးေနၿပီျဖစ္ေၾကာင္းလည္း အေမရိကန္ႏွင့္ ၎၏ မိတ္ဖက္ႏိုင္ငံမ်ားက ေျပာဆိုခဲ့သည္။ ထို႔ျပင္ ေျမာက္ကိုရီးယားသည္ ႐ုရွားကို အေျမာက္ စနစ္မ်ား၊ ဒုံးက်ည္မ်ား ႏွင့္ အျခားစစ္ဘက္ဆိုင္ရာပစၥည္းမ်ားကို ေထာက္ပံ့ေပးခဲ့ေၾကာင္း အေနာက္အုပ္စု ႏိုင္ငံမ်ားက စြပ္စြဲေျပာဆိုခဲ့သည္။ အျပန္အလွန္အေနျဖင့္ ေျမာက္ကိုရီးယားသည္ ႐ုရွားထံမွ မဟာဗ်ဴဟာေျမာက္ နည္းပညာလႊဲေျပာင္းေပးမႈမ်ားကို လက္ခံရရွိခဲ့ေၾကာင္း စြပ္စြဲေျပာဆိုမႈမ်ားလည္းရွိေနသည္။

Related news

© 2021. All rights reserved.