နေပြည်တော်-တောင်ညိုလမ်းတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ၊ ပြည်သူ့စစ်အဖွဲ့ဝင် ကိုမင်းမင်းကို PDF အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့

 16326

NP News - နိုဝင်ဘာ ၃ဝ

နေပြေည်တော်ကောင်စီနယ်မြေ၊ ပုပ္ဗသီရိမြိုနယ်၊ နေပြည်တော်-တောင်ညိုလမ်းတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ၊ ပြည်သူ့စစ်အဖွဲ့ဝင် ကိုမင်းမင်းကို PDF အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်သည့်အပြင် အကြမ်းဖက်အပြုအမူများကိုဆောင်ရွက်ခဲ့ကြောင်း ကိုမင်းမင်းနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၂၉ ရက်)၊ မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်အချိန်ခန့်က ပုပ္ဗသီရိမြိုနယ်၊ နေပြည်တော် -တောင်ညိုအဆင်းလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကိုမင်းမင်းတို့ စီးလာတဲ့ကားကို လမ်းပိုင်းတစ်နေရာမှာတားပြီးတော့ သေနတ်နဲ့ပစ်ခဲ့တာပါ။ ကားပေါ်မှာ(၃)ယောက်ပါတယ်။ တစ်ယောက်က လွတ်သွားတယ်။ ကိုမင်းမင်းနဲ့ နောက်တစ်ယောက်ကတော့ ဆုံးပါတယ်။ ကိုမင်းမင်းကို ခေါင်းဖြတ်ပြီး အကြမ်းဖက်လုပ်ရပ်ပေါ့ဗျာ။ အကြမ်းဖက်သမားတွေလုပ်တဲ့အတိုင်း ခေါင်းပြတ်ကို ကိုင်ပြီးလှောင်ကြပြောင်ကြတာတွေ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ခဲ့ကြတယ်” ဟု အထက်ပါနီးစပ်သူက ဆိုသည်။

အဆိုပါလုပ်ရပ်ကို ကျူးလွန်သည့်အဖွဲ့မှာ ဗိဿနိုး PDF အဖွဲ့လက်အောက်ခံ ကြိုးကြာနီတပ်ရင်းမှဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင်ဝန်ခံထားပြီး အွန်လိုင်းထက်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်အတွင်း ကိုမင်းမင်း၏ ဦးခေါင်းပြတ်ကို PDF အဖွဲ့က ဆံပင်မှဆွဲကာ ဖိနပ်ဖြင့် မျက်နှာကို တက်နင်းနေသည့်မြင်ကွင်းနှင့်အတူ အကြမ်းဖက်သမားများ ပျော်ရွှင်စွာအောင်ပွဲခံနေသည်ကိုလည်း တွေ့မြင်ရသည်။

Zawgyi Version;
ေနျပည္ေတာ္-ေတာင္ညိဳလမ္းတြင္ အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူ၊ ျပည္သူ႔စစ္အဖြဲ႕ဝင္ ကိုမင္းမင္းကို PDF အဖြဲ႕က ေခါင္းျဖတ္သတ္ျဖတ္ခဲ့
NP News - ႏိုဝင္ဘာ ၃ဝ

ေနေျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပုပၺသီရိၿမိဳနယ္၊ ေနျပည္ေတာ္-ေတာင္ညိဳလမ္းတြင္ အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူ၊ ျပည္သူ႔စစ္အဖြဲ႕ဝင္ ကိုမင္းမင္းကို PDF အဖြဲ႕က ေခါင္းျဖတ္သတ္ျဖတ္သည့္အျပင္ အၾကမ္းဖက္အျပဳအမူမ်ားကိုေဆာင္႐ြက္ခဲ့ေၾကာင္း ကိုမင္းမင္းႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာ ၂၉ ရက္)၊ မြန္းလြဲ ၁ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ပုပၺသီရိၿမိဳနယ္၊ ေနျပည္ေတာ္ -ေတာင္ညိဳအဆင္းလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကိုမင္းမင္းတို႔ စီးလာတဲ့ကားကို လမ္းပိုင္းတစ္ေနရာမွာတားၿပီးေတာ့ ေသနတ္နဲ႔ပစ္ခဲ့တာပါ။ ကားေပၚမွာ(၃)ေယာက္ပါတယ္။ တစ္ေယာက္က လြတ္သြားတယ္။ ကိုမင္းမင္းနဲ႔ ေနာက္တစ္ေယာက္ကေတာ့ ဆုံးပါတယ္။ ကိုမင္းမင္းကို ေခါင္းျဖတ္ၿပီး အၾကမ္းဖက္လုပ္ရပ္ေပါ့ဗ်ာ။ အၾကမ္းဖက္သမားေတြလုပ္တဲ့အတိုင္း ေခါင္းျပတ္ကို ကိုင္ၿပီးေလွာင္ၾကေျပာင္ၾကတာေတြ မင္းမဲ့စ႐ိုက္ဆန္ဆန္လုပ္ခဲ့ၾကတယ္” ဟု အထက္ပါနီးစပ္သူက ဆိုသည္။

အဆိုပါလုပ္ရပ္ကို က်ဴးလြန္သည့္အဖြဲ႕မွာ ဗိႆႏိုး PDF အဖြဲ႕လက္ေအာက္ခံ ႀကိဳးၾကာနီတပ္ရင္းမွျဖစ္ေၾကာင္း ၎တို႔ကိုယ္တိုင္ဝန္ခံထားၿပီး အြန္လိုင္းထက္တြင္ ပ်ံ႕ႏွံ႔ေနေသာ ႐ုပ္သံဖိုင္အတြင္း ကိုမင္းမင္း၏ ဦးေခါင္းျပတ္ကို PDF အဖြဲ႕က ဆံပင္မွဆြဲကာ ဖိနပ္ျဖင့္ မ်က္ႏွာကို တက္နင္းေနသည့္ျမင္ကြင္းႏွင့္အတူ အၾကမ္းဖက္သမားမ်ား ေပ်ာ္႐ႊင္စြာေအာင္ပြဲခံေနသည္ကိုလည္း ေတြ႕ျမင္ရသည္။

Related news

© 2021. All rights reserved.