မလေးရှားနိုင်ငံတွင် ၁ဝ နှစ်အတွင်း အဆိုးရွားဆုံးရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်း ၈ သောင်းကျော် နေရပ်စွန့်ခွာနေထိုင်နေရ
507
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ
မလေးရှားနိုင်ငံတွင် ၁ဝ နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုများကို ရင်ဆိုင်နေရပြီး လူပေါင်းထောင်ချီ ကိုဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း မလေးရှားအစိုးရက သတင်းထုတ်ပြန်လိုက်သည်။
မလေးရှားနိုင်ငံအတွင်းရှိနေရာအများစုတွင် ရေကြီးမှုများဖြစ်ပွားနေပြီး အနည်းဆုံးလူပေါင်း ၈၀၀၀၀ ကျော်ကို ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးထားရပြီး လက်ရှိအချိန်အထိ ရေကြီးမှုကြောင့် ၃ ဦး သေဆုံးထားကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသော ရေကြီးမှုများသည် ၂၀၁၄ ခုနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ကြောင်း မလေးရှား ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဇာဟစ် ဟာမီဒီက ပြောသည်။ မလေးရှားနိုင်ငံတွင် ၂၀၁၄ ခုနှစ်တုန်းက ဖြစ်ပွားခဲ့သော ရေကြီးမှုတွင် လူပေါင်း နှစ်သောင်းခွဲ နေရပ်စွန့်ခွာနေထိုင်ခဲ့ရဖူးကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသောရေကြီးမှုကြောင့် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းအထိ လူပေါင်း ၈၀၅၈၉ ဦးကို ဘေးလွတ် ရာသို့ရွှေ့ပြောင်းပေးထားရကာ ပြည်နယ် ၇ ပြည်နယ်ရှိ ယာယီနားခိုရာနေရာ ၄၆၇ ခုတွင် ထားရှိကြောင်း မလေးရှားဒုတိယဝန်ကြီးချုပ်က ပြောသည်။
ရေကြီးမှုဒဏ်ကို ခံနေရသူများကို ကူညီကယ်တင်ပေးနိုင်ရန်အတွက် အသက်ကယ်လှေများ၊ လေးဘီးယာဥ်များ၊ ရဟတ်ယာဉ်များ နှင့် လုံခြုံရေးအဖွဲ့ဝင် ၈၂၀၀၀ကျော်ကို ဖြန့်ကြတ်စေလွှတ်ထားရကြောင်း မလေးရှားအစိုးရက ပြောသည်။ မလေးရှားနိုင်ငံတွင် မုတ်သုံရာသီဖြစ်သော အောက်တိုဘာလမှ မတ်လအတွင်း ရေကြီးမှုများဖြစ်ပေါ် လေ့ရှိနေပြီး နိုင်ငံအရှေ့ဘက်ပိုင်းကမ်းရိုးတန်းဒေသများတွင် အများဆုံးဖြစ်ပွားကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်လာခဲ့ပြီးနောက် ရေကြီးမှုများဖြစ်လာခဲ့ရာ ထိုင်းနိုင်ငံ နှင့် နယ်စပ်ချင်းထိစပ်နေသော ကီလန်တန်ပြည်နယ်တွင် အဆိုးရွားဆုံးရေကြီးနေကြောင်း သိရသည်။ မလေးရှားနိုင်ငံပိုင် မီးရထားလုပ်ငန်းများကလည်း ရေကြီးမှုများကြောင့် နိုင်ငံတဝှမ်းရှိ မီးရထားလမ်းကြောင်း အနည်းဆုံး ၉ ခု ယာယီရပ်နားထားရကြောင်း သတင်းထုတ်ပြန်ထားသည်။
Zawgyi Version;
မေလးရွားႏိုင္ငံတြင္ ၁ဝ ႏွစ္အတြင္း အဆိုး႐ြားဆုံးေရႀကီးမႈမ်ားျဖစ္ပြားေနၿပီး လူေပါင္း ၈ ေသာင္းေက်ာ္ ေနရပ္စြန႔္ခြာေနထိုင္ေနရ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ
မေလးရွားႏိုင္ငံတြင္ ၁ဝ ႏွစ္အတြင္း အဆိုး႐ြားဆုံး ေရႀကီးမႈမ်ားကို ရင္ဆိုင္ေနရၿပီး လူေပါင္းေထာင္ခ်ီ ကိုေဘးလြတ္ ရာသို႔ ေ႐ႊ႕ေျပာင္းေပးထားရေၾကာင္း မေလးရွားအစိုးရက သတင္းထုတ္ျပန္လိုက္သည္။
မေလးရွားႏိုင္ငံအတြင္းရွိေနရာအမ်ားစုတြင္ ေရႀကီးမႈမ်ားျဖစ္ပြားေနၿပီး အနည္းဆုံးလူေပါင္း ၈၀၀၀၀ ေက်ာ္ကို ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းေပးထားရၿပီး လက္ရွိအခ်ိန္အထိ ေရႀကီးမႈေၾကာင့္ ၃ ဦး ေသဆုံးထားေၾကာင္း သိရသည္။
လက္ရွိျဖစ္ပြားေနေသာ ေရႀကီးမႈမ်ားသည္ ၂၀၁၄ ခုႏွစ္အတြင္း အဆိုး႐ြားဆုံး ေရႀကီးမႈျဖစ္ေၾကာင္း မေလးရွား ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္သူ ဇာဟစ္ ဟာမီဒီက ေျပာသည္။ မေလးရွားႏိုင္ငံတြင္ ၂၀၁၄ ခုႏွစ္တုန္းက ျဖစ္ပြားခဲ့ေသာ ေရႀကီးမႈတြင္ လူေပါင္း ႏွစ္ေသာင္းခြဲ ေနရပ္စြန႔္ခြာေနထိုင္ခဲ့ရဖူးေၾကာင္း သိရသည္။
လက္ရွိျဖစ္ပြားေနေသာေရႀကီးမႈေၾကာင့္ ႏိုဝင္ဘာ ၂၉ ရက္ ညေနပိုင္းအထိ လူေပါင္း ၈၀၅၈၉ ဦးကို ေဘးလြတ္ ရာသို႔ေ႐ႊ႕ေျပာင္းေပးထားရကာ ျပည္နယ္ ၇ ျပည္နယ္ရွိ ယာယီနားခိုရာေနရာ ၄၆၇ ခုတြင္ ထားရွိေၾကာင္း မေလးရွားဒုတိယဝန္ႀကီးခ်ဳပ္က ေျပာသည္။
ေရႀကီးမႈဒဏ္ကို ခံေနရသူမ်ားကို ကူညီကယ္တင္ေပးႏိုင္ရန္အတြက္ အသက္ကယ္ေလွမ်ား၊ ေလးဘီးယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ား ႏွင့္ လုံၿခဳံေရးအဖြဲ႕ဝင္ ၈၂၀၀၀ေက်ာ္ကို ျဖန႔္ၾကတ္ေစလႊတ္ထားရေၾကာင္း မေလးရွားအစိုးရက ေျပာသည္။ မေလးရွားႏိုင္ငံတြင္ မုတ္သုံရာသီျဖစ္ေသာ ေအာက္တိုဘာလမွ မတ္လအတြင္း ေရႀကီးမႈမ်ားျဖစ္ေပၚ ေလ့ရွိေနၿပီး ႏိုင္ငံအေရွ႕ဘက္ပိုင္းကမ္း႐ိုးတန္းေဒသမ်ားတြင္ အမ်ားဆုံးျဖစ္ပြားေၾကာင္း သိရသည္။
ယခုသီတင္းပတ္အတြင္းတြင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ေရႀကီးမႈမ်ားျဖစ္လာခဲ့ရာ ထိုင္းႏိုင္ငံ ႏွင့္ နယ္စပ္ခ်င္းထိစပ္ေနေသာ ကီလန္တန္ျပည္နယ္တြင္ အဆိုး႐ြားဆုံးေရႀကီးေနေၾကာင္း သိရသည္။ မေလးရွားႏိုင္ငံပိုင္ မီးရထားလုပ္ငန္းမ်ားကလည္း ေရႀကီးမႈမ်ားေၾကာင့္ ႏိုင္ငံတဝွမ္းရွိ မီးရထားလမ္းေၾကာင္း အနည္းဆုံး ၉ ခု ယာယီရပ္နားထားရေၾကာင္း သတင္းထုတ္ျပန္ထားသည္။