လားရှိုးမြို့တွင် MNDAA ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များသာ ကျန်တော့ပြီး မြို့အတွင်းမှာလည်း MNDAA ဘက်က ဆုတ်ခွာတော့မည်ဟု သတင်းများပျံ့နှံ့နေ
2863
သုတကျော် (NP News) - နိုဝင်ဘာ ၃ဝ
လားရှိုးမြို့တွင် MNDAA ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များသာ ကျန်တော့ပြီး မြို့အတွင်း MNDAA ဘက်က ဆုတ်ခွာတော့ မည်ဟု သတင်းများ ပျံ့နှံ့နေကြောင်း အဆိုပါမြို့မှ တိမ်းရှောင်ခဲ့သူသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြော သည်။
ပေါက်ကြားခဲ့သော ဝ ခေါင်းဆောင်နှစ်ဦး နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းတို့ အစည်းအဝေး မှတ်တမ်း ထဲတွင် လားရှိုးမှ ကိုးကန့်တပ်များ ထွက်ခွာရန် တရုတ်ဘက်က ထည့်သွင်းပြောကြားနောက် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံ၌ ဖမ်းဆီး အကျယ်ချုပ်ချထားကြောင်း သတင်းထွက်ပေါ်ခဲ့ရာ တရုတ်ဘက်မှ ပြန်လည် ဖြေရှင်းရာတွင် ဖုန်တာရွှင်က ဆေးကုသခွင့်တောင်းသောကြောင့် တရုတ်နိုင်ငံဘက်သို့ လာရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ဆေးကုသမှု ခံယူပြီးနောက် သက်သာလာပြီ ဖြစ်ကြောင်း တရုတ်ဘက်က ပြောကြားထားသည်။
“အစ်မ အသိနဲ့ ဒီနေ့ တင် ဖုန်းဆက်တာ လက်နက်ကိုင်တွေတော့ မြို့ထဲမှာ မရှိတော့ဘူးလို့ ပြောတာပဲ။ မြို့ထဲ ကနေ ခန့်ထားတဲ့ လုံခြုံရေးတွေပေါ့ မြို့ထဲက လူတွေလောက်ပဲရှိတယ်လို့ ပြောတယ်။ MNDAA တပ်ဖွဲ့ဝင်တွေ မြို့ထဲ မရှိဘူးလို့ ပြောတယ်။ ဘယ်သွားကြလဲတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။
MNDAA က လားရှိုးမြို့ သိမ်းတိုက်ပွဲ အပါအဝင် ၎င်းတို့၏ တိုက်ပွဲစဉ်များ အတွင်း ပူးပေါင်းပါဝင်ခဲ့သော PDF များကို ပြန်လွှတ်ခြင်းများ ရှိခဲ့ကြောင်းလည်း သိရသည်။
“ကျွန်မတို့လည်း စောင့်ကြည့်နေပါတယ်။ ကိုယ့်မြို့ကိုလည်း ပြန်ချင်တာပေါ့။ လားရှိုးကို အစိုးရက ပြန်ရတော့မယ် လို့လည်း ကြားတယ်။ မြို့ထဲမှာလည်း ကြားတယ်တဲ့။ MNDAA တွေလည်း တဖြေးဖြေးချင်း ဆုတ်မယ်ပေါ့။ အဲဒီလို သတင်းတွေ ကြားတယ်လို့ ပြောတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
လားရှိုးကို MNDAA က ထိန်းချုပ်ပြီးနောက် တပ်မတော်က လေကြောင်း တိုက်ခိုက်မှုအကြိမ်များစွာပြုလုပ်ခဲ့ရာ MNDAA ၏ အချက်အချာ နေရာများကို ထိမှန်ခဲ့သည့်အပြင် သေဆုံးသူများလည်း ရှိခဲ့ကြောင်း သိရသည်။
Zawgyi Version;
လားရႈိးၿမိဳ႕တြင္ MNDAA ၏ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားသာ က်န္ေတာ့ၿပီး ၿမိဳ႕အတြင္းမွာလည္း MNDAA ဘက္က ဆုတ္ခြာေတာ့မည္ဟု သတင္းမ်ားပ်ံ႕ႏွံ႔ေန
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၃ဝ
လားရႈိးၿမိဳ႕တြင္ MNDAA ၏ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားသာ က်န္ေတာ့ၿပီး ၿမိဳ႕အတြင္း MNDAA ဘက္က ဆုတ္ခြာေတာ့ မည္ဟု သတင္းမ်ား ပ်ံ႕ႏွံ႔ေနေၾကာင္း အဆိုပါၿမိဳ႕မွ တိမ္းေရွာင္ခဲ့သူသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာ သည္။
ေပါက္ၾကားခဲ့ေသာ ဝ ေခါင္းေဆာင္ႏွစ္ဦး ႏွင့္ တ႐ုတ္အထူးကိုယ္စားလွယ္ တိန႔္႐ႊီက်င္းတို႔ အစည္းအေဝး မွတ္တမ္း ထဲတြင္ လားရႈိးမွ ကိုးကန႔္တပ္မ်ား ထြက္ခြာရန္ တ႐ုတ္ဘက္က ထည့္သြင္းေျပာၾကားေနာက္ MNDAA ေခါင္းေဆာင္ ဖုန္တာ႐ႊင္ကို တ႐ုတ္ႏိုင္ငံ၌ ဖမ္းဆီး အက်ယ္ခ်ဳပ္ခ်ထားေၾကာင္း သတင္းထြက္ေပၚခဲ့ရာ တ႐ုတ္ဘက္မွ ျပန္လည္ ေျဖရွင္းရာတြင္ ဖုန္တာ႐ႊင္က ေဆးကုသခြင့္ေတာင္းေသာေၾကာင့္ တ႐ုတ္ႏိုင္ငံဘက္သို႔ လာေရာက္ခြင့္ျပဳခဲ့ျခင္း ျဖစ္ၿပီး ေဆးကုသမႈ ခံယူၿပီးေနာက္ သက္သာလာၿပီ ျဖစ္ေၾကာင္း တ႐ုတ္ဘက္က ေျပာၾကားထားသည္။
“အစ္မ အသိနဲ႔ ဒီေန႔ တင္ ဖုန္းဆက္တာ လက္နက္ကိုင္ေတြေတာ့ ၿမိဳ႕ထဲမွာ မရွိေတာ့ဘူးလို႔ ေျပာတာပဲ။ ၿမိဳ႕ထဲ ကေန ခန႔္ထားတဲ့ လုံၿခဳံေရးေတြေပါ့ ၿမိဳ႕ထဲက လူေတြေလာက္ပဲရွိတယ္လို႔ ေျပာတယ္။ MNDAA တပ္ဖြဲ႕ဝင္ေတြ ၿမိဳ႕ထဲ မရွိဘူးလို႔ ေျပာတယ္။ ဘယ္သြားၾကလဲေတာ့ မသိဘူး” ဟု ၎က ဆိုသည္။
MNDAA က လားရႈိးၿမိဳ႕ သိမ္းတိုက္ပြဲ အပါအဝင္ ၎တို႔၏ တိုက္ပြဲစဥ္မ်ား အတြင္း ပူးေပါင္းပါဝင္ခဲ့ေသာ PDF မ်ားကို ျပန္လႊတ္ျခင္းမ်ား ရွိခဲ့ေၾကာင္းလည္း သိရသည္။
“ကြၽန္မတို႔လည္း ေစာင့္ၾကည့္ေနပါတယ္။ ကိုယ့္ၿမိဳ႕ကိုလည္း ျပန္ခ်င္တာေပါ့။ လားရႈိးကို အစိုးရက ျပန္ရေတာ့မယ္ လို႔လည္း ၾကားတယ္။ ၿမိဳ႕ထဲမွာလည္း ၾကားတယ္တဲ့။ MNDAA ေတြလည္း တေျဖးေျဖးခ်င္း ဆုတ္မယ္ေပါ့။ အဲဒီလို သတင္းေတြ ၾကားတယ္လို႔ ေျပာတယ္” ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
လားရႈိးကို MNDAA က ထိန္းခ်ဳပ္ၿပီးေနာက္ တပ္မေတာ္က ေလေၾကာင္း တိုက္ခိုက္မႈအႀကိမ္မ်ားစြာျပဳလုပ္ခဲ့ရာ MNDAA ၏ အခ်က္အခ်ာ ေနရာမ်ားကို ထိမွန္ခဲ့သည့္အျပင္ ေသဆုံးသူမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။