ယာဉ်စီးခကို လက်ထဲသို့မထည့်ဘဲ ပုံးထဲထည့်သောခရီးသည်အပေါ် မခြေမငံဆက်ဆံသူယာဉ်မောင်းကို တစ်လ ဂိတ်ပိတ် ပြစ်ဒဏ်ချမှတ်

 9832

NP News - နိုဝင်ဘာ ၃ဝ

ယာဉ်စီးခကို လက်ထဲသို့မထည့်ဘဲ ပုံးထဲထည့်သော ခရီးသည်အား မခြေမငံဆက်ဆံသူ ယာဉ်မောင်းကို တစ်လဂိတ် ပိတ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ခေတ်သစ်ဘုရင့်နောင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတတ်မှ တာဝန်ရှိသူ တစ်ဦး က NP News သို့ ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့၊ ညနေ (၅)နာရီ ၃ဝ မိနစ်အချိန်ခန့်က ခရီးသည်တစ်ဦးက YBS ၆၁ ယာဉ်လိုင်းပေါ်သို့အတက်တွင် ယာဉ်မောင်း၏ လက်ကိုမမြင်ဘဲ ငွေထည့်ပုံးထဲကို ယာဉ်စီးခထည့်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။

ထို့နောက် ယာဉ်မောင်းဖြစ်သူက “ကြောင်တောင်တောင် မလုပ်နဲ့၊ အကုသိုလ်မပေးနဲ့” ဟု ပြောဆိုခဲ့သည့်အပြင် “မင်းကို လက်လှမ်းနေတာကို မင်မြင်ရဲ့သားနဲ့ မပေးတာကြောင်တောင်တောင် မလုပ်နဲ့ဘာညာပဲ ထပ်ပြော ပါတယ်” ဟု ခရီးသည်တစ်ဦးက YBS လမ်းညွှန် Group တွင် တိုင်တန်းထားခြင်းဖြစ်သည်။
အဆိုပါတိုင်တန်းမှုကြောင့် ယာဉ်မောင်းကို အရေးယူဆောင်ရွက်ရန် ဂိတ်ပိတ်ထားရှိပြီး နိုဝင်ဘာ ၂၉ ရက်တွင် ရုံးချိန်အတွင်း စိစစ်ရေးယူဆောက်ရွက်သွားမည်ဖြစ်ကြောင်း ခေတ်သစ်ဘုရင့်နောင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတတ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“တစ်လ ဂိတ်ပိတ်။ တစ်လမောင်းနှင်ခွင့် ပိတ်လိုက်တယ်။ ဒီနေ့(နိုဝင်ဘာ ၂၉ ရက်) ပဲ ဆုံးဖြတ်ပြီး‌တော့ စာထွက် လိုက်တယ်” ဟု ခေတ်သစ်ဘုရင့်နောင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငွေပုံးအတွင်း ယာဉ်စီးခထည့်ချိန်ပင်မရဘဲ YBSယာဉ်မောင်းအချို့က ကြားမှဖြတ်ကာ တောင်းယူခြင်းများလည်း ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း နေ့စဉ်ပြေးဆွဲနေသော YBS ယာဉ်လိုင်းပေါင်း (၁၃၂)၊ ယာဉ်စီးရေ (၃၅၀၀)ကျော်ဖြင့် ခရီးသည် စုစုပေါင်း (၁၄၀၀၀၀၀)ကျော်ကို ပို့ဆောင်ပေးလျက်ရှိကြောင်း YRTC ၏ အချက်အလက်များအရ သိရသည်။

Zawgyi Version;
ယာဥ္စီးခကို လက္ထဲသို႔မထည့္ဘဲ ပုံးထဲထည့္ေသာခရီးသည္အေပၚ မေျခမငံဆက္ဆံသူယာဥ္ေမာင္းကို တစ္လ ဂိတ္ပိတ္ ျပစ္ဒဏ္ခ်မွတ္
NP News - ႏိုဝင္ဘာ ၃ဝ

ယာဥ္စီးခကို လက္ထဲသို႔မထည့္ဘဲ ပုံးထဲထည့္ေသာ ခရီးသည္အား မေျခမငံဆက္ဆံသူ ယာဥ္ေမာင္းကို တစ္လဂိတ္ပိတ္ ျပစ္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ေခတ္သစ္ဘုရင့္ေနာင္အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတတ္မွ တာဝန္ရွိသူတစ္ဦး က NP News သို႔ ေျပာသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၆ ရက္ေန႔၊ ညေန (၅)နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ခရီးသည္တစ္ဦးက YBS ၆၁ ယာဥ္လိုင္းေပၚသို႔အတက္တြင္ ယာဥ္ေမာင္း၏ လက္ကိုမျမင္ဘဲ ေငြထည့္ပုံးထဲကို ယာဥ္စီးခထည့္လိုက္ျခင္းျဖစ္ ေၾကာင္း သိရသည္။

ထို႔ေနာက္ ယာဥ္ေမာင္းျဖစ္သူက “ေၾကာင္ေတာင္ေတာင္ မလုပ္နဲ႔၊ အကုသိုလ္မေပးနဲ႔” ဟု ေျပာဆိုခဲ့သည့္အျပင္ “မင္းကို လက္လွမ္းေနတာကို မင္ျမင္ရဲ႕သားနဲ႔ မေပးတာေၾကာင္ေတာင္ေတာင္ မလုပ္နဲ႔ဘာညာပဲ ထပ္ေျပာ ပါတယ္” ဟု ခရီးသည္တစ္ဦးက YBS လမ္းၫႊန္ Group တြင္ တိုင္တန္းထားျခင္းျဖစ္သည္။
အဆိုပါတိုင္တန္းမႈေၾကာင့္ ယာဥ္ေမာင္းကို အေရးယူေဆာင္႐ြက္ရန္ ဂိတ္ပိတ္ထားရွိၿပီး ႏိုဝင္ဘာ ၂၉ ရက္တြင္ ႐ုံးခ်ိန္အတြင္း စိစစ္ေရးယူေဆာက္႐ြက္သြားမည္ျဖစ္ေၾကာင္း ေခတ္သစ္ဘုရင့္ေနာင္အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတတ္က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

“တစ္လ ဂိတ္ပိတ္။ တစ္လေမာင္းႏွင္ခြင့္ ပိတ္လိုက္တယ္။ ဒီေန႔(ႏိုဝင္ဘာ ၂၉ ရက္) ပဲ ဆုံးျဖတ္ၿပီး‌ေတာ့ စာထြက္ လိုက္တယ္” ဟု ေခတ္သစ္ဘုရင့္ေနာင္အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတတ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေငြပုံးအတြင္း ယာဥ္စီးခထည့္ခ်ိန္ပင္မရဘဲ YBSယာဥ္ေမာင္းအခ်ိဳ႕က ၾကားမွျဖတ္ကာ ေတာင္းယူျခင္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕တြင္း ေန႔စဥ္ေျပးဆြဲေနေသာ YBS ယာဥ္လိုင္းေပါင္း (၁၃၂)၊ ယာဥ္စီးေရ (၃၅၀၀)ေက်ာ္ျဖင့္ ခရီးသည္ စုစုေပါင္း (၁၄၀၀၀၀၀)ေက်ာ္ကို ပို႔ေဆာင္ေပးလ်က္ရွိေၾကာင္း YRTC ၏ အခ်က္အလက္မ်ားအရ သိရသည္။

Picture

Ye Lwin Aung

02/12/2024 07:31

အရေးယူတယ်ဆိုတာ ဟန်ပြသာသာပါ နောက်‌ေတာ့လည်း ဆရာမင်းသင်္ခစကားလို ပြီးဝောာ့လည်းပြီးသွားတာပါဘဲ ဗျာ

Related news

© 2021. All rights reserved.