NUG က လုပ်ကြံရန် (သို့) ဖမ်းဆီးရန် ကြံနေကြောင်း BNRA ခေါင်းဆောင်ဗိုလ်နဂါး ဖွင့်ချ
19676
သုတကျော် (NP News) - နိုဝင်ဘာ ၃၀
NUG က BNRA ခေါင်းဆောင် ဗိုလ်နဂါးကို လုပ်ကြံရန် သို့မဟုတ် ဖမ်းဆီးရန် ကြံနေကြောင်း ဗိုလ်နဂါး ၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် အချက်အလက်များနှင့် ဖွင့်ချ အသိပေးထားချက်အရ သိရသည်။
ဗိုလ်နဂါးဦးဆောင်သည့် BNRA နှင့် ပူးပေါင်းအဖွဲ့များသည် ပုလဲမြို့ကို အင်အားအလုံးအရင်းဖြင့် (၄)ရက်ခန့်အကြာဝင်ရောက်တိုက်ခဲ့သော်လည်း တပ်မတော်၏လေကြောင်းပစ်ကူကြောင့် အထိနာ၍ ပုလဲမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
NUG နှင့် မကြာခဏ ပြဿနာဖြစ်ပွားလေ့ရှိသော ဗိုလ်နဂါးသည် ယခုအခါ NUG ၏ ၎င်းအပေါ် သဘောထားအကြောင်းကို အတိအလင်း တင်လာခဲ့ခြင်းလည်းဖြစ်သည်။
“မြန်မာ့နိုင်ငံရေးဓလေ့ထုံးတမ်းလား ခေတ်တခေတ်စာပြယုဂ်လား လူတစုရဲ့နိုင်ငံရေးသစ္စာလား မဟုတ်ပါစေနဲ့ဆုတောင်းရမလား သို့မဟုတ် ကြိုပြီးနှုတ်ဆက်ထားရမလားပဲ။ လူရွှင်တော်ဦးမိုးဒီပြောသလို ဒီဇာတ်လမ်း ငါသိတယ်ဆိုတာမျိုး။ ဆက်ပြီးကကြရုံပေါ့ဗျာ” ဟူသော စာသားကို အခြားသူများက ဗိုလ်နဂါးထံ အွန်လိုင်းကတဆင့် စာပို့ အသိပေးထားသည့် Screen Shot ဓာတ်ပုံများဖြင့် တင်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါဓာတ်ပုံများအတွင်း NUG ဘက်က ဗိုလ်နဂါးကို ဖမ်းဆီးရန် သို့မဟုတ် သိက္ခာကျစေရန် ထိုထက် ပို၍ လုပ်ကြံရန် သတိပေးသည့်အချက်အလက်များ ပါဝင်ပြီး သတိပေးသူများက အချက်အလက် အတိအကျဖြင့် သတင်းပေးခြင်းဖြစ်ကြောင်း ပေါ်လွင်စေရန်အတွက်လည်း ဗိုလ်နဂါး က ဖော်ပြထားသည်ကို တွေ့မြင်ရသည်။
Zawgyi Version;
NUG က လုပ္ႀကံရန္ (သို႔) ဖမ္းဆီးရန္ ႀကံေနေၾကာင္း BNRA ေခါင္းေဆာင္ဗိုလ္နဂါး ဖြင့္ခ်
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၃၀
NUG က BNRA ေခါင္းေဆာင္ ဗိုလ္နဂါးကို လုပ္ႀကံရန္ သို႔မဟုတ္ ဖမ္းဆီးရန္ ႀကံေနေၾကာင္း ဗိုလ္နဂါး ၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ အခ်က္အလက္မ်ားႏွင့္ ဖြင့္ခ် အသိေပးထားခ်က္အရ သိရသည္။
ဗိုလ္နဂါးဦးေဆာင္သည့္ BNRA ႏွင့္ ပူးေပါင္းအဖြဲ႕မ်ားသည္ ပုလဲၿမိဳ႕ကို အင္အားအလုံးအရင္းျဖင့္ (၄)ရက္ခန႔္အၾကာဝင္ေရာက္တိုက္ခဲ့ေသာ္လည္း တပ္မေတာ္၏ေလေၾကာင္းပစ္ကူေၾကာင့္ အထိနာ၍ ပုလဲၿမိဳ႕မွ ျပန္လည္ဆုတ္ခြာခဲ့ရသည္။
NUG ႏွင့္ မၾကာခဏ ျပႆနာျဖစ္ပြားေလ့ရွိေသာ ဗိုလ္နဂါးသည္ ယခုအခါ NUG ၏ ၎အေပၚ သေဘာထားအေၾကာင္းကို အတိအလင္း တင္လာခဲ့ျခင္းလည္းျဖစ္သည္။
“ျမန္မာ့ႏိုင္ငံေရးဓေလ့ထုံးတမ္းလား ေခတ္တေခတ္စာျပယုဂ္လား လူတစုရဲ႕ႏိုင္ငံေရးသစၥာလား မဟုတ္ပါေစနဲ႔ဆုေတာင္းရမလား သို႔မဟုတ္ ႀကိဳၿပီးႏႈတ္ဆက္ထားရမလားပဲ။ လူ႐ႊင္ေတာ္ဦးမိုးဒီေျပာသလို ဒီဇာတ္လမ္း ငါသိတယ္ဆိုတာမ်ိဳး။ ဆက္ၿပီးကၾက႐ုံေပါ့ဗ်ာ” ဟူေသာ စာသားကို အျခားသူမ်ားက ဗိုလ္နဂါးထံ အြန္လိုင္းကတဆင့္ စာပို႔ အသိေပးထားသည့္ Screen Shot ဓာတ္ပုံမ်ားျဖင့္ တင္လာခဲ့ျခင္းျဖစ္သည္။
အဆိုပါဓာတ္ပုံမ်ားအတြင္း NUG ဘက္က ဗိုလ္နဂါးကို ဖမ္းဆီးရန္ သို႔မဟုတ္ သိကၡာက်ေစရန္ ထိုထက္ ပို၍ လုပ္ႀကံရန္ သတိေပးသည့္အခ်က္အလက္မ်ား ပါဝင္ၿပီး သတိေပးသူမ်ားက အခ်က္အလက္ အတိအက်ျဖင့္ သတင္းေပးျခင္းျဖစ္ေၾကာင္း ေပၚလြင္ေစရန္အတြက္လည္း ဗိုလ္နဂါး က ေဖာ္ျပထားသည္ကို ေတြ႕ျမင္ရသည္။