စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ရုရှားကာကွယ်ရေးဝန်ကြီးတို့ သဘောတူ
478
Pika (NP News) - နိုဝင်ဘာ ၃ဝ
ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေးဘယ်လ်အုဆော့ဖ်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ တွေ့ဆုံခဲ့ ပြီး နှစ်နိုင်ငံကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က နိုဝင်ဘာလ(၃၀)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားဟာ ၎င်းရဲ့ စစ်သား(၁)သောင်းကျော်ကို ရုရှားကိုစေလွှတ်ပေးပို့ခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စွပ်စွဲ ပြောဆိုထားတာလည်းဖြစ်ပါတယ်။
အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားဟာ ရုရှားဆီကနေ အဆင့်မြင့်နည်းပညာတွေလွှဲပြောင်းပေးမှုကို လက်ခံရရှိ နိုင်ဖွယ်ရှိနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ နိုဝင်ဘာလ(၂၉)ရက်မှာ အန်ဒရေးဘယ်လ်အုဆော့ဖ်နဲ့ တွေ့ဆုံခဲ့တဲ့ ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံအတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် ၎င်းတို့ရဲ့စစ်လက်နက်ပစ္စည်းတွေ ကို ယူကရိန်းကိုအသုံးပြုခွင့်ပေးခဲ့တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။
အနောက်အုပ်စုနိုင်ငံတွေရဲ့ဆုံးဖြတ်ချက်ဟာ ရုရှား-ယူကရိန်းပဋိပက္ခမှာ စစ်ရေးအရတိုက်ရိုက်ဝင်ရောက် စွက်ဖက် တာမျိုးဖြစ်တယ်လို့ ကင်ဂျုံအန်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။ ကင်ဂျုံအန်းက "ဒီလိုလုပ်ရပ်တွေအတွက် ရုရှားဟာ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ခွင့်အပြည့်ရှိပြီး ပြတ်ပြတ်သားသားလုပ်ရပ်တွေကို လုပ်ဆောင်သင့်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ရုရှားသမ္မတပူတင်နဲ့ ကင်ဂျုံအန်းတို့ဟာ တိုက်ခိုက်မှုတွေရှိလာခဲ့မယ်ဆိုရင် စစ်ရေးအကူအညီတွေ အပြန်အလှန် ပေးအပ်ကြဖို့ သဘောတူညီထားတဲ့သဘောတူစာချုပ်တစ်ခုကို ပြီးခဲ့တဲ့ဇွန်လမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အန်ဒရေးဘယ်လ်အုဆော့ဖ်ရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုမြှင့်တင်ဖို့ များစွာအထောက်အကူဖြစ်စေလိမ့်မယ်လို့ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
Zawgyi Version;
စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈကိုျမႇင့္တင္ဖို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္နဲ႔႐ုရွားကာကြယ္ေရးဝန္ႀကီးတို႔ သေဘာတူ
Pika (NP News) - ႏိုဝင္ဘာ ၃ဝ
႐ုရွားကာကြယ္ေရးဝန္ႀကီး အန္ဒေရးဘယ္လ္အုေဆာ့ဖ္ဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ ေတြ႕ဆုံခဲ့ ၿပီး ႏွစ္ႏိုင္ငံၾကားစစ္ေရးပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္ မီဒီယာ KCNA က ႏိုဝင္ဘာလ(၃၀)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ေျမာက္ကိုရီးယားဟာ ၎ရဲ႕ စစ္သား(၁)ေသာင္းေက်ာ္ကို ႐ုရွားကိုေစလႊတ္ေပးပို႔ခဲ့တယ္လို႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔က စြပ္စြဲ ေျပာဆိုထားတာလည္းျဖစ္ပါတယ္။
အျပန္အလွန္အေနနဲ႔ ေျမာက္ကိုရီးယားဟာ ႐ုရွားဆီကေန အဆင့္ျမင့္နည္းပညာေတြလႊဲေျပာင္းေပးမႈကို လက္ခံရရွိ ႏိုင္ဖြယ္ရွိေနတယ္လို႔ ေျပာဆိုမႈေတြလည္း ရွိေနပါတယ္။ ႏိုဝင္ဘာလ(၂၉)ရက္မွာ အန္ဒေရးဘယ္လ္အုေဆာ့ဖ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ကင္ဂ်ဳံအန္းဟာ ႐ုရွားႏိုင္ငံအတြင္းကို ပစ္ခတ္တိုက္ခိုက္ဖို႔အတြက္ ၎တို႔ရဲ႕စစ္လက္နက္ပစၥည္းေတြ ကို ယူကရိန္းကိုအသုံးျပဳခြင့္ေပးခဲ့တဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ဆုံးျဖတ္ခ်က္ကို ျပစ္တင္ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။
အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ဆုံးျဖတ္ခ်က္ဟာ ႐ုရွား-ယူကရိန္းပဋိပကၡမွာ စစ္ေရးအရတိုက္႐ိုက္ဝင္ေရာက္ စြက္ဖက္ တာမ်ိဳးျဖစ္တယ္လို႔ ကင္ဂ်ဳံအန္းက ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ကင္ဂ်ဳံအန္းက "ဒီလိုလုပ္ရပ္ေတြအတြက္ ႐ုရွားဟာ ကိုယ့္ကိုကိုယ္ခုခံကာကြယ္ခြင့္အျပည့္ရွိၿပီး ျပတ္ျပတ္သားသားလုပ္ရပ္ေတြကို လုပ္ေဆာင္သင့္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
႐ုရွားသမၼတပူတင္နဲ႔ ကင္ဂ်ဳံအန္းတို႔ဟာ တိုက္ခိုက္မႈေတြရွိလာခဲ့မယ္ဆိုရင္ စစ္ေရးအကူအညီေတြ အျပန္အလွန္ ေပးအပ္ၾကဖို႔ သေဘာတူညီထားတဲ့သေဘာတူစာခ်ဳပ္တစ္ခုကို ၿပီးခဲ့တဲ့ဇြန္လမွာ လက္မွတ္ေရးထိုးခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အန္ဒေရးဘယ္လ္အုေဆာ့ဖ္ရဲ႕ခရီးစဥ္ဟာ ႏွစ္ႏိုင္ငံၾကား ခ်စ္ၾကည္ရင္းႏွီးမႈ၊ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကိုျမႇင့္တင္ဖို႔ မ်ားစြာအေထာက္အကူျဖစ္ေစလိမ့္မယ္လို႔ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။