လွိုင်လင်လေးမြို့တွင် သံဃာတော်(၅)ပါးလိုက်ပါလာသည့်သာသနာ့ယာဥ်ကို KNDF၊PDF ပူးပေါင်းအဖွဲ့ သေနတ် ဖြင့်ဝိုင်းဝန်းပစ်ခတ်မှုကြောင့် တစ်ပါးပျံလွန်မူကြောင်း ကနဦးသိရ

 822

သန့်ဇင် (NP News) - နိုဝင်ဘာ ၃၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့တွင် သံဃာတော်(၅)ပါးလိုက်ပါလာသည့်ယာဥ်ကို KNDF၊PDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သဖြင့် တစ်ပါးပျံလွန်တော်မူခဲ့ကြောင်း ကနဦး သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၃ဝ ရက်)၊ နံနက် ၇ နာရီအချိန်ခန့်က အောင်ကလပ်‌ကျေးရွာနှင့်‌ ရေတံခွန်လမ်းဆုံကြား တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်လင်လေးမြို့ ဘုန်းကြီးကျောင်းမှကျောင်းထိုင်ဆရာတော် ဦးပညာဝံသ အပါအဝင် သံဃာတော် (၅)ပါးသည် ဘုရားတည်ရာ၌လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန် မန္တလေးမြို့သို့ထွက်ခွာလာစဉ် အထက်ပါနေရာအရောက်တွင် မီတာ ၅ဝ ခန့်အကွာမှ KNDF၊PDF ပူးပေါင်းအဖွဲ့က သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့သို့ပစ်ခတ်ခံရမှုကြောင့် သံဃာတော်တစ်ပါးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ နေရာတွင်ပင် ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရကာ သက်တော်(၆၇)နှစ်ရှိ ကျောင်းထိုင်ဆရာတော် ဦးပညာဝံသနှင့် သက်တော် (၆၀) နှစ် ဦးဝိစက္ကနတို့တွင် ထိခိုက်ဒဏ်ရာများ မရရှိခဲ့ဘဲ သက်တော်(၃၀)နှစ်ရှိ ဦးပညောတွင် ညာခြေသလုံး‌ ကျည်ဖောက်ထိမှန်ဒါဏ်ရာ သက်တော် (၇၃)နှစ်ရှိ ဦးပဏ္ဏိတ ညာလက်ဖျံ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာ AK ကျည်ခွံ (၁၁)ခု၊ ၅.၅၆ ကျည်ခွံ (၁၀) ခု၊၅.၅၆ ကျည် (၃)တောင့် တွေ့ရှိခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းသံဃာတော်အပါး(၈၀)ထက်မနည်း သတ်ဖြတ်ခံထားရကြောင်း နစက သတင်းအချက်အလက်များအရ သိရသည်။

Zawgyi Version;
လြိဳင္လင္ေလးၿမိဳ႕တြင္ သံဃာေတာ္(၅)ပါးလိုက္ပါလာသည့္သာသနာ့ယာဥ္ကို KNDF၊PDF ပူးေပါင္းအဖြဲ႕ ေသနတ္ ျဖင့္ဝိုင္းဝန္းပစ္ခတ္မႈေၾကာင့္ တစ္ပါးပ်ံလြန္မူေၾကာင္း ကနဦးသိရ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၃၀

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ လြိဳင္လင္ေလးၿမိဳ႕တြင္ သံဃာေတာ္(၅)ပါးလိုက္ပါလာသည့္ယာဥ္ကို KNDF၊PDF ပူးေပါင္းအဖြဲ႕က ေသနတ္ျဖင့္ ဝိုင္းဝန္းပစ္ခတ္သျဖင့္ တစ္ပါးပ်ံလြန္ေတာ္မူခဲ့ေၾကာင္း ကနဦး သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာ ၃ဝ ရက္)၊ နံနက္ ၇ နာရီအခ်ိန္ခန႔္က ေအာင္ကလပ္‌ေက်း႐ြာႏွင့္‌ ေရတံခြန္လမ္းဆုံၾကား တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လြိဳင္လင္ေလးၿမိဳ႕ ဘုန္းႀကီးေက်ာင္းမွေက်ာင္းထိုင္ဆရာေတာ္ ဦးပညာဝံသ အပါအဝင္ သံဃာေတာ္ (၅)ပါးသည္ ဘုရားတည္ရာ၌လိုအပ္သည့္ပစၥည္းမ်ား ဝယ္ယူရန္ မႏၲေလးၿမိဳ႕သို႔ထြက္ခြာလာစဥ္ အထက္ပါေနရာအေရာက္တြင္ မီတာ ၅ဝ ခန္႔အကြာမွ KNDF၊PDF ပူးေပါင္းအဖြဲ႕က ေသနတ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ပစ္ခတ္ခံရမႈေၾကာင့္ သံဃာေတာ္တစ္ပါးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေနရာတြင္ပင္ ပြဲခ်င္းၿပီး ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရကာ သက္ေတာ္(၆၇)ႏွစ္ရွိ ေက်ာင္းထိုင္ဆရာေတာ္ ဦးပညာဝံသႏွင့္ သက္ေတာ္ (၆၀) ႏွစ္ ဦးဝိစကၠနတို႔တြင္ ထိခိုက္ဒဏ္ရာမ်ား မရရွိခဲ့ဘဲ သက္ေတာ္(၃၀)ႏွစ္ရွိ ဦးပေညာတြင္ ညာေျခသလုံး‌ က်ည္ေဖာက္ထိမွန္ဒါဏ္ရာ သက္ေတာ္ (၇၃)ႏွစ္ရွိ ဦးပဏၰိတ ညာလက္ဖ်ံ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အခင္းျဖစ္ေနရာသို႔သြားေရာက္စစ္ေဆးခဲ့ရာ AK က်ည္ခြံ (၁၁)ခု၊ ၅.၅၆ က်ည္ခြံ (၁၀) ခု၊၅.၅၆ က်ည္ (၃)ေတာင့္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္ကာ လက္ရွိအခ်ိန္ထိ ႏိုင္ငံတစ္ဝန္းသံဃာေတာ္အပါး(၈၀)ထက္မနည္း သတ္ျဖတ္ခံထားရေၾကာင္း နစက သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.