ကြည့်မြင့်တိုင်တွင် မီးစက်ကို ငါးပုံးပေါ်တင်၍ နှိုးရာပြုတ်ကျသောကြောင့် မီးလောင်မှုဖြစ်ပွား
947
ချယ်ရီ (NP News) - နိုဝင်ဘာ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင့်တိုင်မြို့နယ်တွင် မီးစက်ကို ငါးပုံးပေါ်တင်၍ နှိုးရာပြုတ်ကျသောကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာလ ၃ဝ ရက်)၊ နံနက်ပိုင်း ၆ နာရီ ၂၆ မိနစ်အချိန်ခန့်က ကြည့်မြင့်တိုင်မြို့နယ်၊ မန်ကျည်းတန်းတောင် အနောက်ရပ်ကွက်၊ ဥယျာဉ်လမ်းရှိ ဗဟိုစံပြငါးဈေးမှ ရေခဲကြိတ်စက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးစက်ပြုတ်ကျတာလို့ ပြောတယ်။ မီးစက်ကို ငါးပုံးအပေါ်မှာ တင်ထားတာ။ ပြီးတော့ မီးစက်နှိုးထားတာပေါ့။ အဲဒီအပေါ်ကနေ ပြုတ်ကျပြီးတော့ မှောက်သွားတာပေါ့နော်။ အဲဒီမှာ မီးစက်ထဲက ဓာတ်ဆီတွေထွက်ပြီး စလောင် တယ်လို့ပြောတယ်ဗျ။ အကုန်လုံးက သစ်သားတွေဆိုတော့ မီးစက်က ဓာတ်ဆီတွေနဲ့ဆိုတော့ သစ်သားတွေကို စွဲပြီးတော့ လောင်သွားတာဖြစ်နိုင်တယ်” ဟု ဖြစ်စဉ်ကို သိရှိသူဒေသခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် လူနှစ်ဦးမှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ရာ အသက်(၄၀)အရွယ် ဝန်းကျင်ရှိသော အလုပ်သမားအမျိုးသားတစ်ဦးမှာ လက်နှစ်ဖက် နှင့် မျက်နှာများတွင် မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲဒီအိမ်မှာ (၂) ယောက်ထိခိုက်ဒဏ်ရာ ရတယ်။ တစ်ယောက်က အိပ်နေတာ။ လက်တွေရယ်၊ မျက်နှာရယ် မီးလောင်သွားတယ်။ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ရတယ်။ နောက်တစ်ယောက်ကတော့ ပြင်းပြင်းထန်ထန်တော့ မထိဘူးခင်ဗျ။ ပြင်းပြင်းထန်ထန်ရတဲ့တစ်ယောက်ကတော့ အသက်(၄၀)ဝန်းကျင်ရှိပါပြီ။ နောက်တစ်ယောက် ကတော့ မတွေ့လိုက်ဘူး” ၎င်းက ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် အိမ်အပေါ်ထပ်တစ်ထပ်လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
အလားတူ ပြီးခဲ့သည့်အောက်တိုဘာလ(၂၂)ရက်က မရမ်းကုန်းမြို့နယ်တွင် မီတာပုံး ဝါယာရှော့ဖြစ်ပွားရာမှ ပလပ်စတစ်ကတ်ထူလုပ်ငန်းလုပ်ကိုင်သော နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ဖူးသည်။
Zawgyi Version;
ၾကည့္ျမင့္တိုင္တြင္ မီးစက္ကို ငါးပုံးေပၚတင္၍ ႏႈိးရာျပဳတ္က်ေသာေၾကာင့္ မီးေလာင္မႈျဖစ္ပြား
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၃ဝ
ရန္ကုန္တိုင္းေဒသႀကီး၊ ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္တြင္ မီးစက္ကို ငါးပုံးေပၚတင္၍ ႏႈိးရာျပဳတ္က်ေသာေၾကာင့္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ႏိုဝင္ဘာလ ၃ဝ ရက္)၊ နံနက္ပိုင္း ၆ နာရီ ၂၆ မိနစ္အခ်ိန္ခန႔္က ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္၊ မန္က်ည္းတန္းေတာင္ အေနာက္ရပ္ကြက္၊ ဥယ်ာဥ္လမ္းရွိ ဗဟိုစံျပငါးေဈးမွ ေရခဲႀကိတ္စက္႐ုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မီးစက္ျပဳတ္က်တာလို႔ ေျပာတယ္။ မီးစက္ကို ငါးပုံးအေပၚမွာ တင္ထားတာ။ ၿပီးေတာ့ မီးစက္ႏႈိးထားတာေပါ့။ အဲဒီအေပၚကေန ျပဳတ္က်ၿပီးေတာ့ ေမွာက္သြားတာေပါ့ေနာ္။ အဲဒီမွာ မီးစက္ထဲက ဓာတ္ဆီေတြထြက္ၿပီး စေလာင္ တယ္လို႔ေျပာတယ္ဗ်။ အကုန္လုံးက သစ္သားေတြဆိုေတာ့ မီးစက္က ဓာတ္ဆီေတြနဲ႔ဆိုေတာ့ သစ္သားေတြကို စြဲၿပီးေတာ့ ေလာင္သြားတာျဖစ္ႏိုင္တယ္” ဟု ျဖစ္စဥ္ကို သိရွိသူေဒသခံတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ လူႏွစ္ဦးမွာ မီးေလာင္ဒဏ္ရာမ်ား ရရွိခဲ့ရာ အသက္(၄၀)အ႐ြယ္ ဝန္းက်င္ရွိေသာ အလုပ္သမားအမ်ိဳးသားတစ္ဦးမွာ လက္ႏွစ္ဖက္ ႏွင့္ မ်က္ႏွာမ်ားတြင္ မီးေလာင္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“အဲဒီအိမ္မွာ (၂) ေယာက္ထိခိုက္ဒဏ္ရာ ရတယ္။ တစ္ေယာက္က အိပ္ေနတာ။ လက္ေတြရယ္၊ မ်က္ႏွာရယ္ မီးေလာင္သြားတယ္။ ရန္ကုန္ေဆး႐ုံႀကီးကို ပို႔လိုက္ရတယ္။ ေနာက္တစ္ေယာက္ကေတာ့ ျပင္းျပင္းထန္ထန္ေတာ့ မထိဘူးခင္ဗ်။ ျပင္းျပင္းထန္ထန္ရတဲ့တစ္ေယာက္ကေတာ့ အသက္(၄၀)ဝန္းက်င္ရွိပါၿပီ။ ေနာက္တစ္ေယာက္ ကေတာ့ မေတြ႕လိုက္ဘူး” ၎က ေျပာသည္။
အဆိုပါမီးေလာင္မႈေၾကာင့္ အိမ္အေပၚထပ္တစ္ထပ္လုံး မီးေလာင္ပ်က္စီးသြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသားကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းလည္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ေအာက္တိုဘာလ(၂၂)ရက္က မရမ္းကုန္းၿမိဳ႕နယ္တြင္ မီတာပုံး ဝါယာေရွာ့ျဖစ္ပြားရာမွ ပလပ္စတစ္ကတ္ထူလုပ္ငန္းလုပ္ကိုင္ေသာ ေနအိမ္တစ္လုံး မီးေလာင္ဆုံးရႈံးခဲ့ရသည့္ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ဖူးသည္။