အမေရိကန် နှင့် တရုတ်အစိုးရကြား အကျဉ်းသားများအပြန်အလှန်လဲလှယ်ရန် သဘောတူ
167
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁
အမေရိကန်နှင့် တရုတ်အစိုးရသည် ဖမ်းဆီးထားသောအကျဉ်းသားများအပြန်အလှန်လဲလှယ်ခြင်းများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။ အမေရိကန် အစိုးရက နှစ်ပေါင်းများစွာကြာ တရုတ်နိုင်ငံတွင် မှားယွင်းပြီး ဖမ်းဆီး ထိန်းသိမ်း ခံထားရသော အမေရိကန်နိုင်ငံသား (၃) ဦး ပြန်လွတ်မြောက်ပြီး မိခင်အိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ပြောသည်။
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီက တရုတ်နိုင်ငံတွင် မှားယွင်း ထိန်းသိမ်းခံခဲ့ရသော အမေရိကန် နိုင်ငံ သားသုံးဦး မိခင်အိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ကြောင်း အတည်ပြုထားသည်။ တရုတ်အစိုးရက ၎င်းတို့သည် အမေရိကန်နိုင်ငံသား သုံးဦးကို ဥပဒေနှင့်အညီ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။
အမေရိကန်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သော Politico က အမေရိကန်အစိုးရအနေဖြင့်လည်း နိုင်ငံ အတွင်း ဖမ်ဆီးထိန်းသိမ်းထားသော တရုတ်နိုင်ငံသားအချို့ကိုမကြာခင် ပြန်လွှတ်ပေးဖွယ်ရှိနေကြောင်း ဖော်ပြ ထားသည်။ အမေရိကန်အစိုးရက လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံရှိ အကျဉ်းထောင်ထဲတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော တရုတ်ထောက်လှမ်းရေးအရာရှိကို ပြန်လည်ပေးရန် ဆွေးနွေးနေဆဲဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ရေးသားဖော်ပြခဲ့သည်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က တရုတ်သမ္မတရှီကျင့်ဖျင့်နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း အမေရိကန် နိုင်ငံသား သုံးဦးကိုပြန်လွှတ်ပေးရန်တောင်း ဆိုခဲ့ကြောင်းသိရသည်။ တရုတ်အစိုးရသည် ၎င်းတို့ ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသားများကို ပြန်လွှတ်ပေးခဲ့ပြီး (၂၀ဝ၆)ခုနှစ် နောက်ပိုင်းတည်းက တရုတ်အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံ ထားရသော အမေရိကန် ခရစ်ယာန်သင်းအုပ်ဆရာကိုလည်း ပြီးခဲ့သောစက်တင်ဘာလအတွင်း ပြန် လွှတ်ပေးခဲ့ဖူးကြောင်းသိရသည်။
အမေရိကန်နှင့်တရုတ်နိုင်ငံကြားဆက်ဆံရေးသည် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ် အရေးကိစ္စ များနှင့်ပတ်သက်ပြီး ပြီးခဲ့သောနှစ်ပိုင်းအတွင်း အငြင်းပွားမှုများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အကျဉ်းသား လဲလှယ်ရန် သဘောတူညီ မှုရခဲ့ကြောင်းသိရသည်။
Zawgyi Version;
အေမရိကန္ ႏွင့္ တ႐ုတ္အစိုးရၾကား အက်ဥ္းသားမ်ားအျပန္အလွန္ လဲလွယ္ရန္ သေဘာတူ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁
အေမရိကန္ႏွင့္ တ႐ုတ္အစိုးရသည္ ဖမ္းဆီးထားေသာအက်ဥ္းသားမ်ားအျပန္အလွန္လဲလွယ္ျခင္းမ်ား လုပ္ေဆာင္ ခဲ့ေၾကာင္း သိရသည္။ အေမရိကန္ အစိုးရက ႏွစ္ေပါင္းမ်ားစြာၾကာ တ႐ုတ္ႏိုင္ငံတြင္ မွားယြင္းၿပီး ဖမ္းဆီး ထိန္းသိမ္း ခံထားရေသာ အေမရိကန္ႏိုင္ငံသား (၃) ဦး ျပန္လြတ္ေျမာက္ၿပီး မိခင္အိမ္ကို ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း ေျပာသည္။
အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီက တ႐ုတ္ႏိုင္ငံတြင္ မွားယြင္း ထိန္းသိမ္းခံခဲ့ရေသာ အေမရိကန္ ႏိုင္ငံ သားသုံးဦး မိခင္အိမ္ကို ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း အတည္ျပဳထားသည္။ တ႐ုတ္အစိုးရက ၎တို႔သည္ အေမရိကန္ႏိုင္ငံသား သုံးဦးကို ဥပေဒႏွင့္အညီ လုပ္ကိုင္ခဲ့ျခင္းျဖစ္ေၾကာင္း တုံ႔ျပန္ထားသည္။
အေမရိကန္အေျခစိုက္သတင္းဌာနတစ္ခုျဖစ္ေသာ Politico က အေမရိကန္အစိုးရအေနျဖင့္လည္း ႏိုင္ငံ အတြင္း ဖမ္ဆီးထိန္းသိမ္းထားေသာ တ႐ုတ္ႏိုင္ငံသားအခ်ိဳ႕ကိုမၾကာခင္ ျပန္လႊတ္ေပးဖြယ္ရွိေနေၾကာင္း ေဖာ္ျပ ထားသည္။ အေမရိကန္အစိုးရက လက္ရွိအခ်ိန္တြင္ အေမရိကန္ႏိုင္ငံရွိ အက်ဥ္းေထာင္ထဲတြင္ ဖမ္းဆီး ထိန္းသိမ္းခံထားရေသာ တ႐ုတ္ေထာက္လွမ္းေရးအရာရွိကို ျပန္လည္ေပးရန္ ေဆြးေႏြးေနဆဲျဖစ္ေၾကာင္း နယူးေယာက္တိုင္းမ္ သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။
အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္က တ႐ုတ္သမၼတရွီက်င့္ဖ်င့္ႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း အေမရိကန္ ႏိုင္ငံသား သုံးဦးကိုျပန္လႊတ္ေပးရန္ေတာင္း ဆိုခဲ့ေၾကာင္းသိရသည္။ တ႐ုတ္အစိုးရသည္ ၎တို႔ ဖမ္းဆီးထားေသာ အေမရိကန္ႏိုင္ငံသားမ်ားကို ျပန္လႊတ္ေပးခဲ့ၿပီး (၂၀ဝ၆)ခုႏွစ္ ေနာက္ပိုင္းတည္းက တ႐ုတ္အက်ဥ္းေထာင္ထဲတြင္ ဖမ္းဆီးထိန္းသိမ္းခံ ထားရေသာ အေမရိကန္ ခရစ္ယာန္သင္းအုပ္ဆရာကိုလည္း ၿပီးခဲ့ေသာစက္တင္ဘာလအတြင္း ျပန္ လႊတ္ေပးခဲ့ဖူးေၾကာင္းသိရသည္။
အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံၾကားဆက္ဆံေရးသည္ ထိုင္ဝမ္အေရး၊ ေတာင္တ႐ုတ္ပင္လယ္ အေရးကိစၥ မ်ားႏွင့္ပတ္သက္ၿပီး ၿပီးခဲ့ေသာႏွစ္ပိုင္းအတြင္း အျငင္းပြားမႈမ်ားရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အက်ဥ္းသား လဲလွယ္ရန္ သေဘာတူညီ မႈရခဲ့ေၾကာင္းသိရသည္။