ဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများရှိ

 951

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ် တရားဝင်ကျမ်းသစ္စာ မကျိန်ဆိုခင် အသက် အန္တရာယ်ခြိမ်းခြောက်မှုများဖြင့် ထပ်မံရင်ဆိုင်နေရကြောင်း သတင်းများထွက်ပေါ်နေသည်။
အေဘီစီသတင်းဌာနက ဒေါ်နယ်ထရမ့်နှင့်မိသားစုသည် အသက်အန္တရာယ်ခြိမ်းခြောက်ခံ ရမှုများရှိနေပြီး ၎င်းတို့ကို ခြိမ်းခြောက်ခဲ့သော လူတစ်ဦးကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။ ဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်ကာလအတွင်း အသက်အန္တရာယ် ခြိမ်းခြောက်လုပ်ကြခံရမှု နှစ်ကြိမ်ရင် ဆိုင်ခဲ့ရသော်လည်း အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။ အရီဇိုးနားပြည်နယ်တွင် နေထိုင်သူ တစ်ဦးသည် ပြီးခဲ့သော နိုဝင်ဘာ (၁၃) ရက်တွင် လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook ပေါ်တွင် ရုပ်သံဖိုင် တင်ပြီး ဒေါ်နယ်ထရမ့်နှင့် မိသားစုကို သတ်ပစ်ရန် ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အမေရိကန်ရဲတပ်ဖွဲ့က ဒေါ်နယ်ထရမ့်ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သော မန်နျူရယ် တာမာယို တောရက်စ်ကို ဖမ်းဆီးထိန်း သိမ်းထားကြောင်းသိရသည်။ တောရက်စ်သည် ရုပ်သံဖိုင်ထဲတွင် AR-15 အမျိုးအစား ရိုင်ဖယ်ကို ကိုင်ဆောင်ထားပြီး ဒေါ်နယ်ထရမ့် နှင့်မိသားစုကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ် ကြောင်းအမေရိကန် မီဒီယာများတွင်ဖော်ပြထားသည်။ တောရက်စ်က ‘‘ဒေါ်နယ်ထရမ့်နဲ့ မိသားစုဝင်တွေ သေဆုံးရမယ်၊ ကျွန်တော်ဟာ ခင်ဗျားနဲ့ မိသားစုဝင်တွေရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးမယ်” ဟု ပြောသည်။ တောရက်စ်သည် ဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်မည်ဆိုသော ရုပ်သံဖိုင်များကို လူမှုကွန်ရက်တွင် လအတန်ကြာတင်ခဲ့ပြီး လက်ရှိ အချိန်မှ တရားဝင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
အမေရိကန်ရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် ဒေါ်နယ်ထရမ့်ကိုလုပ်ကြံရန် ခြိမ်းခြောက်ခဲ့သော တောရက်စ် ကို တရားမဝင် သေနတ်ကိုင်ဆောင်မှု အပါအဝင် စွဲချက်အများအပြားဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သော ဇူလိုင်လက ပြုလုပ်ခဲ့သော မဲဆွယ်စည်းရုံးပွဲအတွင်း အသက်(၂၀) အရွယ်ရှိ လူငယ် တစ်ဦး၏မီတာ (၁၅၀)အကွာမှ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုကို ရင်ဆိုင်ခဲ့ရပြီး နားရွက်တွင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဒေါ်နယ်ထရမ့် ဦးဆောင်မည့် အမေရိကန်အစိုးရ အဖွဲ့အသစ်တွင် ပါဝင်ရန် အမည်စာရင်း တင်သွင်းခံထားရသူများလည်း ဗုံးဖြင့်တိုက်ခိုက်ခံရမည်ဟုခြိမ်းခြောက်ခြင်းများကို ရင်ဆိုင်နေရ ကြောင်း သိရသည်။

Zawgyi Version;
ေဒၚနယ္ထရမ့္ကို လုပ္ႀကံသတ္ျဖတ္မည္ဟု ၿခိမ္းေျခာက္မႈမ်ားရွိ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္သည္ သမၼတအျဖစ္ တရားဝင္က်မ္းသစၥာ မက်ိန္ဆိုခင္ အသက္ အႏၲရာယ္ၿခိမ္းေျခာက္မႈမ်ားျဖင့္ ထပ္မံရင္ဆိုင္ေနရေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
ေအဘီစီသတင္းဌာနက ေဒၚနယ္ထရမ့္ႏွင့္မိသားစုသည္ အသက္အႏၲရာယ္ၿခိမ္းေျခာက္ခံ ရမႈမ်ားရွိေနၿပီး ၎တို႔ကို ၿခိမ္းေျခာက္ခဲ့ေသာ လူတစ္ဦးကို အေမရိကန္ရဲတပ္ဖြဲ႕က ဖမ္းဆီးထားေၾကာင္း ေဖာ္ျပထားသည္။ ေဒၚနယ္ထရမ့္သည္ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးခ်ိန္ကာလအတြင္း အသက္အႏၲရာယ္ ၿခိမ္းေျခာက္လုပ္ၾကခံရမႈ ႏွစ္ႀကိမ္ရင္ ဆိုင္ခဲ့ရေသာ္လည္း အသက္ရွင္လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။ အရီဇိုးနားျပည္နယ္တြင္ ေနထိုင္သူ တစ္ဦးသည္ ၿပီးခဲ့ေသာ ႏိုဝင္ဘာ (၁၃) ရက္တြင္ လူမႈကြန္ရက္တစ္ခုျဖစ္ေသာ Facebook ေပၚတြင္ ႐ုပ္သံဖိုင္ တင္ၿပီး ေဒၚနယ္ထရမ့္ႏွင့္ မိသားစုကို သတ္ပစ္ရန္ ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ အေမရိကန္ရဲတပ္ဖြဲ႕က ေဒၚနယ္ထရမ့္ကို သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ခဲ့ေသာ မန္န်ဴရယ္ တာမာယို ေတာရက္စ္ကို ဖမ္းဆီးထိန္း သိမ္းထားေၾကာင္းသိရသည္။ ေတာရက္စ္သည္ ႐ုပ္သံဖိုင္ထဲတြင္ AR-15 အမ်ိဳးအစား ႐ိုင္ဖယ္ကို ကိုင္ေဆာင္ထားၿပီး ေဒၚနယ္ထရမ့္ ႏွင့္မိသားစုကို သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္ ေၾကာင္းအေမရိကန္ မီဒီယာမ်ားတြင္ေဖာ္ျပထားသည္။ ေတာရက္စ္က ‘‘ေဒၚနယ္ထရမ့္နဲ႔ မိသားစုဝင္ေတြ ေသဆုံးရမယ္၊ ကြၽန္ေတာ္ဟာ ခင္ဗ်ားနဲ႔ မိသားစုဝင္ေတြရဲ႕ကံၾကမၼာကို ဆုံးျဖတ္ေပးမယ္” ဟု ေျပာသည္။ ေတာရက္စ္သည္ ေဒၚနယ္ထရမ့္ကို လုပ္ႀကံသတ္ျဖတ္မည္ဆိုေသာ ႐ုပ္သံဖိုင္မ်ားကို လူမႈကြန္ရက္တြင္ လအတန္ၾကာတင္ခဲ့ၿပီး လက္ရွိ အခ်ိန္မွ တရားဝင္ဖမ္းဆီးလိုက္ျခင္းျဖစ္သည္။
အေမရိကန္ရဲတပ္ဖြဲ႕သည္ လက္ရွိအခ်ိန္တြင္ ေဒၚနယ္ထရမ့္ကိုလုပ္ႀကံရန္ ၿခိမ္းေျခာက္ခဲ့ေသာ ေတာရက္စ္ ကို တရားမဝင္ ေသနတ္ကိုင္ေဆာင္မႈ အပါအဝင္ စြဲခ်က္အမ်ားအျပားျဖင့္ စြဲခ်က္တင္ထားေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့ေသာ ဇူလိုင္လက ျပဳလုပ္ခဲ့ေသာ မဲဆြယ္စည္း႐ုံးပြဲအတြင္း အသက္(၂၀) အ႐ြယ္ရွိ လူငယ္ တစ္ဦး၏မီတာ (၁၅၀)အကြာမွ ေသနတ္ျဖင့္ပစ္ခတ္လုပ္ႀကံမႈကို ရင္ဆိုင္ခဲ့ရၿပီး နား႐ြက္တြင္ ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ေဒၚနယ္ထရမ့္ ဦးေဆာင္မည့္ အေမရိကန္အစိုးရ အဖြဲ႕အသစ္တြင္ ပါဝင္ရန္ အမည္စာရင္း တင္သြင္းခံထားရသူမ်ားလည္း ဗုံးျဖင့္တိုက္ခိုက္ခံရမည္ဟုၿခိမ္းေျခာက္ျခင္းမ်ားကို ရင္ဆိုင္ေနရ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.