မကွေးမြို့ရှိ “ချိုချို” စိန်ရွှေရတနာဆိုင်မှ ရွှေ(၁၃)ကျပ်သားအား သေနတ်ဖြင့်ပစ်ခတ် ခြိမ်းခြောက်လုယက်ခဲ့သူနှစ်ဦးကို ညတွင်းချင်း ဖမ်းမိ

 1391

NP News- ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အောင်ရတနာရပ်ကွက်ရှိ “ချိုချို”စိန်ရွှေရတနာဆိုင်မှ ရွှေ(၁၃)ကျပ်သားအား သေနတ်ဖြင့်ပစ်ခတ် ခြိမ်းခြောက်လုယက်ခဲ့သူနှစ်ဦးကို ညတွင်းချင်းဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုဝင်ဘာ(၃၀)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ(၂၈)ရက် နေ့လည်(၁)နာရီ (၁၅)မိနစ်အချိန်တွင် “ချိုချို” စိန်ရွှေရတနာဆိုင်သို့ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာကြောင်း သိရသည်။

ထို့နောက် ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ မှန်ကောင်တာအား တူဖြင့်ထုခွဲကာ ဆွဲသီးပါ ရွှေဆွဲကြိုး (၂၀) ကုံး၊ ရွှေကလစ် (၁၅) ခု စုစုပေါင်းတန်ဖိုးငွေကျပ်(၇၅၄)သိန်းခန့်ရှိသည့် ရွှေအလေးချိန် (၁၃) ကျပ်သားခန့်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် သေနတ်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းဦး(၅၉)နှစ်နှင့် ဆိုင်အပြင်လမ်းမပေါ်တွင်ရှိနေသည့် ဦးအောင်မျိုးမြင့်ပိုင် (၂၇)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မကွေးမြို့မရဲစခန်း(ပ)၁၂၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူ မင်းဘူးမြို့နယ်၊ အောင်မြေသိမ်ကုန်းရပ်ကွက်တွင် နေထိုင်သည့် အောင်ဇော်ထွန်း(၄၉)နှစ်ကို အဆိုပါ နိုဝင်ဘာ(၂၈)ရက် ည(၇)နာရီခွဲအချိန်တွင် မကွေးမြို့နယ်၊ ယင်းဆိပ်စစ်ဆေးရေးဂိတ်၌ ၎င်းစီးနင်းလာသည့် NewAnbo 125 အမျိုးအစား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသူ အောင်ဇော်ထွန်း၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၌နေထိုင်သည့် အောင်မင်းသူ (ခ)မိုသန်း (၃၄)နှစ်တို့နှစ်ဦးသည် “ချိုချို”စိန်ရွှေရတနာဆိုင်မှ လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းများကို ရှားပင်လှကျေးရွာအနီးရှိ လျှိုတစ်ခု အတွင်း ဝှက်ထားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နိုဝင်ဘာ(၂၉)ရက်၊ နံနက်(၄)နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေရာတွင် အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ ရွှေဆွဲကြိုး ၁၈ ကုံး၊ ရွှေကလစ် ၅ ခုနှင့် အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် GLOCK 19 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၁ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် အောင်မင်းသူ (ခ)မိုးသန်းအား နိုဝင်ဘာလ ၂၉ ရက်၊ ည ၇ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေဆံတော်ဘုရားပေါ်ရှိ ကျားပျံဓမ္မာရုံ၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်တွင် သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့သူ အောင်ဇော်ထွန်းနှင့် အောင်မင်းသူ(ခ) မိုးသန်းတို့နှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ဆိုထားသည်။

Zawgyi Version;
မေကြးၿမိဳ႕ရွိ “ခ်ိဳခ်ိဳ” စိန္ေ႐ႊရတနာဆိုင္မွ ေ႐ႊ(၁၃)က်ပ္သားအား ေသနတ္ျဖင့္ပစ္ခတ္ ၿခိမ္းေျခာက္လုယက္ခဲ့သူႏွစ္ဦးကို ညတြင္းခ်င္း ဖမ္းမိ
NP News- ဒီဇင္ဘာ ၁

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္၊ ေအာင္ရတနာရပ္ကြက္ရွိ “ခ်ိဳခ်ိဳ”စိန္ေ႐ႊရတနာဆိုင္မွ ေ႐ႊ(၁၃)က်ပ္သားအား ေသနတ္ျဖင့္ပစ္ခတ္ ၿခိမ္းေျခာက္လုယက္ခဲ့သူႏွစ္ဦးကို ညတြင္းခ်င္းဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ႏိုဝင္ဘာ(၃၀)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၂၈)ရက္ ေန႔လည္(၁)နာရီ (၁၅)မိနစ္အခ်ိန္တြင္ “ခ်ိဳခ်ိဳ” စိန္ေ႐ႊရတနာဆိုင္သို႔ ဆိုင္ကယ္တစ္စီးျဖင့္ အမ်ိဳးသားႏွစ္ဦး ေရာက္ရွိလာေၾကာင္း သိရသည္။

ထို႔ေနာက္ ဆိုင္အတြင္းဝင္ေရာက္ကာ ေသနတ္ျဖင့္ ပစ္ခတ္ၿခိမ္းေျခာက္၍ ဆိုင္အတြင္းရွိ မွန္ေကာင္တာအား တူျဖင့္ထုခြဲကာ ဆြဲသီးပါ ေ႐ႊဆြဲႀကိဳး (၂၀) ကုံး၊ ေ႐ႊကလစ္ (၁၅) ခု စုစုေပါင္းတန္ဖိုးေငြက်ပ္(၇၅၄)သိန္းခန႔္ရွိသည့္ ေ႐ႊအေလးခ်ိန္ (၁၃) က်ပ္သားခန႔္ကို လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ေသနတ္ပစ္ခတ္ခဲ့မႈေၾကာင့္ ဆိုင္ပိုင္ရွင္ျဖစ္သူ ဦးထြန္းထြန္းဦး(၅၉)ႏွစ္ႏွင့္ ဆိုင္အျပင္လမ္းမေပၚတြင္ရွိေနသည့္ ဦးေအာင္မ်ိဳးျမင့္ပိုင္ (၂၇)ႏွစ္တို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ မေကြးၿမိဳ႕မရဲစခန္း(ပ)၁၂၃/၂၀၂၄၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ လုယက္မႈက်ဴးလြန္ခဲ့သူ မင္းဘူးၿမိဳ႕နယ္၊ ေအာင္ေျမသိမ္ကုန္းရပ္ကြက္တြင္ ေနထိုင္သည့္ ေအာင္ေဇာ္ထြန္း(၄၉)ႏွစ္ကို အဆိုပါ ႏိုဝင္ဘာ(၂၈)ရက္ ည(၇)နာရီခြဲအခ်ိန္တြင္ မေကြးၿမိဳ႕နယ္၊ ယင္းဆိပ္စစ္ေဆးေရးဂိတ္၌ ၎စီးနင္းလာသည့္ NewAnbo 125 အမ်ိဳးအစား ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဖမ္းဆီးရမိသူ ေအာင္ေဇာ္ထြန္း၏ ထြက္ဆိုခ်က္အရ ၎ႏွင့္အတူ ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၌ေနထိုင္သည့္ ေအာင္မင္းသူ (ခ)မိုသန္း (၃၄)ႏွစ္တို႔ႏွစ္ဦးသည္ “ခ်ိဳခ်ိဳ”စိန္ေ႐ႊရတနာဆိုင္မွ လုယက္ယူေဆာင္ခဲ့သည့္ ေ႐ႊထည္ပစၥည္းမ်ားကို ရွားပင္လွေက်း႐ြာအနီးရွိ လွ်ိဳတစ္ခု အတြင္း ဝွက္ထားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ႏိုဝင္ဘာ(၂၉)ရက္၊ နံနက္(၄)နာရီတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္ရွာေဖြခဲ့ရာ အဆိုပါေနရာတြင္ အနက္ေရာင္ေဘးလြယ္အိတ္အတြင္းမွ ေ႐ႊဆြဲႀကိဳး ၁၈ ကုံး၊ ေ႐ႊကလစ္ ၅ ခုႏွင့္ အခင္းျဖစ္စဥ္ အသုံးျပဳခဲ့သည့္ GLOCK 19 အမ်ိဳးအစား ပစၥတိုေသနတ္ ၁ လက္၊ က်ည္အိမ္ ၂ ခု၊ ၎က်ည္ ၁၁ ေတာင့္တို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ထြက္ေျပးတိမ္းေရွာင္လ်က္ရွိသည့္ ေအာင္မင္းသူ (ခ)မိုးသန္းအား ႏိုဝင္ဘာလ ၂၉ ရက္၊ ည ၇ နာရီခြဲတြင္ ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕၊ ေ႐ႊဆံေတာ္ဘုရားေပၚရွိ က်ားပ်ံဓမၼာ႐ုံ၌ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ျဖစ္စဥ္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ၿခိမ္းေျခာက္၍ ေ႐ႊထည္ပစၥည္းမ်ား လုယက္မႈက်ဴးလြန္ခဲ့သူ ေအာင္ေဇာ္ထြန္းႏွင့္ ေအာင္မင္းသူ(ခ) မိုးသန္းတို႔ႏွစ္ဦးအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ဆိုထားသည္။

Related news

© 2021. All rights reserved.