တောင်ကုတ် စကခ(၅)တပ်မဌာနချုပ်နှင့် တပ်ရင်းနှစ်ခုက AA သူပုန်များကို တပ်လန်အောင် ချေမှုန်းတိုက်ခိုက်နေ

 2616

သုတကျော် (NP News) - ဒီဇင်ဘာ ၁

တောင်ကုတ်တွင် စကခ(၅)တပ်မဌာန ချုပ်အပါအဝင် ဖိုခနောက်ဆိုင်ရှိနေသော တပ်ရင်း၊ တပ်မသုံးခုက AA သူပုန်များကို တပ်လန်အောင် ချေမှုန်းတိုက်ခိုက်နေကြောင်း တပ်မတော်နှင့်နီးစပ် သော သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
တောင်ကုတ်သို့ နိုဝင်ဘာလ(၄)ရက်မှစ တင်ကာ AA က စတင်တိုက်ပွဲဖော်လာပြီးနောက် တပ်မတော်နှင့် AA အကြား တိုက်ပွဲများဖြစ်ပွား နေခြင်းဖြစ်ပြီး တောင်ကုတ်မြို့ဘက်ခြမ်းကိုမူ AA ဘက်က ယာယီထိန်းချုပ်နိုင် သော အနေအထား ဖြစ်ကြောင်းသိရသည်။ တောင်ကုတ်တွင် အမှတ်(၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ(၅)၊ ခမရ(၅၄၄) နှင့် ခမရ (၃၄၆)တို့မှာ ဖိုခနောက်ဆိုင်ရှိ နေခြင်းလည်းဖြစ်ပြီး တက်ညီလက်ညီ ရန်သူကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။ ‘‘အဆင်ကတော့ ပြေတယ်။ (၃၄၆)ဖုန်ညိုဂိတ်က ခဏခဏ ဝင်လုံးတယ်။ ဒါပေမဲ့ သူတို့ပဲပြန်ပြေးရတာပဲ။ သုံးရင်းလုံးကို အတွင်းစည်းအထိ ရန်သူက မဝင်နိုင်သေးပါဘူး။ တပ်မကနေ လက်နက်ကြီး အဆက် မပြတ်ပစ်ကူပေးနေတာရယ်၊ Y 12 ကလည်း ခဏခဏလေကြောင်းပစ်ကူပစ်နေတယ်။ အခု နိုဝင်ဘာ လ(၂၉)ရက်မှာ ငြိမ်နေတယ်” ဟု ယင်း သတင်း ရင်းမြစ်က ဆိုသည်။
ခမရ (၃၄၆)နှင့် ခမရ (၅၄၄)ကို AA သူ ပုန်များက သိမ်းပိုက်ကြောင်းနှင့် လက်နက်ချသူများရှိကြောင်း ပြည်ပရောက်မီဒီယာများတွင် ရေးသား နေကြသည့်သတင်းများမှာ သတင်းမှားများသာဖြစ်ကြောင်းလည်း AA ၏ နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်ချက်ကို ကိုးကား၍ ၎င်းကဆိုသည်။
‘‘ဗုဒ္ဓဟူးနေ့ နိုဝင်ဘာလ (၂၇)ရက်ညက ခဲယမ်း/ရိက္ခာပစ္စည်းထုပ်တွေကို ည(၇)နာရီဝန်း ကျင်လောက်မှာ လေထီးနဲ့လာချပေးသွားပါတယ်။ ဒီနေ့လည်း လေထီးနဲ့ထပ်ချပါတယ်။ မနေ့ကနဲ့ဒီနေ့ နှစ်ရက်က သကောင့်သား တွေ ငြိမ်နေပါတယ်။ (၅၄၄)က လူကလည်း (၅၄၄)မှာပဲ၊ (၃၄၆)က လူက လည်း (၃၄၆)မှာပဲ ၊ စကခ (၅)ကလည်း သူ့ဆီမှာ ပဲရှိနေပါတယ်။ လက်နက်လည်းမချဘူး။ အလံဖြူ လည်းမထောင်ဘူး။ ဖိုခနောက်ဆိုင်သုံးရင်းစလုံး လုံးဝမကျဘူး။ တပ်ရင်းမြေကိုလည်း ခြေမချနိုင်ဘူး။ ရဲမေတွေတောင် သေနတ်တစ်ချက်မှမဖောက်ရသေး ဘူး”ဟု ၎င်းက ဆိုသည်။ အပြင်စည်းအနေဖြင့်သာ တပ်မမှူး၏ လမ်းòန်ချက်ဖြင့် ရန်သူကိုခုခံ တိုက်ခိုက်နေကြောင်း နှင့် ကောလာဟလသတင်း များကို မယုံကြည်ရန်လည်း ၎င်းက ဆိုသည်။

Zawgyi Version;
ေတာင္ကုတ္ စကခ(၅)တပ္မဌာနခ်ဳပ္ႏွင့္ တပ္ရင္းႏွစ္ခုက AA သူပုန္မ်ားကို တပ္လန္ေအာင္ ေခ်မႈန္းတိုက္ခိုက္ေန
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၁

ေတာင္ကုတ္တြင္ စကခ(၅)တပ္မဌာန ခ်ဳပ္အပါအဝင္ ဖိုခေနာက္ဆိုင္ရွိေနေသာ တပ္ရင္း၊ တပ္မသုံးခုက AA သူပုန္မ်ားကို တပ္လန္ေအာင္ ေခ်မႈန္းတိုက္ခိုက္ေနေၾကာင္း တပ္မေတာ္ႏွင့္နီးစပ္ ေသာ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ေတာင္ကုတ္သို႔ ႏိုဝင္ဘာလ(၄)ရက္မွစ တင္ကာ AA က စတင္တိုက္ပြဲေဖာ္လာၿပီးေနာက္ တပ္မေတာ္ႏွင့္ AA အၾကား တိုက္ပြဲမ်ားျဖစ္ပြား ေနျခင္းျဖစ္ၿပီး ေတာင္ကုတ္ၿမိဳ႕ဘက္ျခမ္းကိုမူ AA ဘက္က ယာယီထိန္းခ်ဳပ္ႏိုင္ ေသာ အေနအထား ျဖစ္ေၾကာင္းသိရသည္။ ေတာင္ကုတ္တြင္ အမွတ္(၅) စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္ စကခ(၅)၊ ခမရ(၅၄၄) ႏွင့္ ခမရ (၃၄၆)တို႔မွာ ဖိုခေနာက္ဆိုင္ရွိ ေနျခင္းလည္းျဖစ္ၿပီး တက္ညီလက္ညီ ရန္သူကို ခုခံတိုက္ခိုက္ေနျခင္းျဖစ္သည္။ ‘‘အဆင္ကေတာ့ ေျပတယ္။ (၃၄၆)ဖုန္ညိဳဂိတ္က ခဏခဏ ဝင္လုံးတယ္။ ဒါေပမဲ့ သူတို႔ပဲျပန္ေျပးရတာပဲ။ သုံးရင္းလုံးကို အတြင္းစည္းအထိ ရန္သူက မဝင္ႏိုင္ေသးပါဘူး။ တပ္မကေန လက္နက္ႀကီး အဆက္ မျပတ္ပစ္ကူေပးေနတာရယ္၊ Y 12 ကလည္း ခဏခဏေလေၾကာင္းပစ္ကူပစ္ေနတယ္။ အခု ႏိုဝင္ဘာ လ(၂၉)ရက္မွာ ၿငိမ္ေနတယ္” ဟု ယင္း သတင္း ရင္းျမစ္က ဆိုသည္။
ခမရ (၃၄၆)ႏွင့္ ခမရ (၅၄၄)ကို AA သူ ပုန္မ်ားက သိမ္းပိုက္ေၾကာင္းႏွင့္ လက္နက္ခ်သူမ်ားရွိေၾကာင္း ျပည္ပေရာက္မီဒီယာမ်ားတြင္ ေရးသား ေနၾကသည့္သတင္းမ်ားမွာ သတင္းမွားမ်ားသာျဖစ္ေၾကာင္းလည္း AA ၏ ႏိုဝင္ဘာ ၂၈ ရက္က ထုတ္ျပန္ခ်က္ကို ကိုးကား၍ ၎ကဆိုသည္။
‘‘ဗုဒၶဟူးေန႔ ႏိုဝင္ဘာလ (၂၇)ရက္ညက ခဲယမ္း/ရိကၡာပစၥည္းထုပ္ေတြကို ည(၇)နာရီဝန္း က်င္ေလာက္မွာ ေလထီးနဲ႔လာခ်ေပးသြားပါတယ္။ ဒီေန႔လည္း ေလထီးနဲ႔ထပ္ခ်ပါတယ္။ မေန႔ကနဲ႔ဒီေန႔ ႏွစ္ရက္က သေကာင့္သား ေတြ ၿငိမ္ေနပါတယ္။ (၅၄၄)က လူကလည္း (၅၄၄)မွာပဲ၊ (၃၄၆)က လူက လည္း (၃၄၆)မွာပဲ ၊ စကခ (၅)ကလည္း သူ႔ဆီမွာ ပဲရွိေနပါတယ္။ လက္နက္လည္းမခ်ဘူး။ အလံျဖဴ လည္းမေထာင္ဘူး။ ဖိုခေနာက္ဆိုင္သုံးရင္းစလုံး လုံးဝမက်ဘူး။ တပ္ရင္းေျမကိုလည္း ေျခမခ်ႏိုင္ဘူး။ ရဲေမေတြေတာင္ ေသနတ္တစ္ခ်က္မွမေဖာက္ရေသး ဘူး”ဟု ၎က ဆိုသည္။ အျပင္စည္းအေနျဖင့္သာ တပ္မမႉး၏ လမ္းòန္ခ်က္ျဖင့္ ရန္သူကိုခုခံ တိုက္ခိုက္ေနေၾကာင္း ႏွင့္ ေကာလာဟလသတင္း မ်ားကို မယုံၾကည္ရန္လည္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.