မူဆယ် ဆင်ဖြူဂိတ်မှတစ်ဆင့် စားသောက်ကုန်များကို တုံကင်စနစ်ဖြင့် သယ်ယူခွင့်စပြီ
210
ယွန်း (NP News) - ဒီဇင်ဘာ ၁
ဒီဇင်ဘာ(၁)ရက်မှစ၍ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မှတစ်ဆင့် စားသောက်ကုန်များကို တုံကင်စနစ်ဖြင့် သယ်ယူခွင့် ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။
နစက၏ထုတ်ပြန်ချက်တွင် မူဆယ်မြို့၊ ဆင်ဖြူဂိတ်မှယာဉ်ငယ်များဖြင့် ဒေသတွင်းပြည်သူ များအတွက် စားသုံး ရန်ဖြစ်သော မီးဖိုချောင်သုံးအသီး အနှံများ၊ အသားနှင့်ငါးများကို ကုန်းလမ်းပို့ဆောင် ရေးòန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင် ထားသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကိုသာ ယာယီသယ်ဆောင်ရန်
ထို့သို့ သယ်ယူနိုင်ရေးအတွက် ပြီးခဲ့သည့် နိုဝင်ဘာ(၂၈)ရက်မှ(၂၉)ရက်တွင် ကုန်ပစ္စည်းသယ်ယူရန် စာရင်းပေး သွင်းထားသည့် ယာဉ်များကို မဲနှိုက်၍ ဆင်ဖြူဂိတ်မှဝင်ရောက်ရမည့်နေ့ကို သတ်မှတ်ပေးထားကြောင်း သိရသည်။ ‘‘ အခုက လာမယ့် (၁)ရက်နေ့မှာ စသယ်ခွင့်ပေးတယ်။ သယ်မယ့် ကားတွေဆိုင်ကယ်တွေကို စာရင်းသွင်းရတယ်။ အဲဒီ ကားတွေ၊ ဆိုင်ကယ်တွေကလည်း (ကညန)က ထုတ်ပေးထားတဲ့ လိုင်စင်ရှိရမယ်။ တုံကင်နဲ့အ လှည့်ကျပေါ့။ တစ်ရက်ကို ကားအစီးရေက (၅၀)၊ ဆိုင်ကယ်အစီးရေက(၂၀ဝ)။ ကုန်စိမ်းနဲ့ စားသောက် ကုန်ပဲသယ်ခွင့်ရမယ်။ ကျန်တဲ့ လျှပ်စစ် ပစ္စည်းတွေ၊ စက်ပစ္စည်းတွေ ဘာမှသယ်လို့မရဘူး။ လိုင်စင်ရှိမှ ရမှာပေါ့။ မူဆယ်မှာက လိုင်စင်စိစစ် လိုက်မယ်ဆိုရင် ကားကသိပ်ရှိမှာမဟုတ်တော့ဘူး။ လိုင်စင်မဲ့တွေက ပိုများတယ်” ဟု မူဆယ်မြို့ခံ သတင်းအရင်းအမြစ် တစ်ဦးက NP News ကို ပြောသည်။
ထိုသို့ခွင့်ပြုရာတွင် တရုတ်နိုင်ငံနံပါတ်တပ် မော်တော်ဆိုင်ကယ်များနှင့် လျှောက်ထားခြင်းမရှိဘဲ ခွင့်ပြုထားခြင်းမရှိသည့် မော်တော်ဆိုင်ကယ်များဖြင့် ဈေးဝယ်ပစ္စည်း သယ်ဆောင်ခြင်းကိုခွင့်မပြုရန် အသိ ပေးထား သည်။ မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ ဂိတ်နှင့် ပန်ဆိုင်းဂိတ်တို့ အနက်မှ ဆင်ဖြူဂိတ်ကိုသာ ကုန်ပစ္စည်းသယ်ယူ ခွင့်ပေးထားကြောင်း သိရသည်။
‘‘မူဆယ်မှာဆိုရင် ဆင်ဖြူဂိတ်တစ်ဂိတ်ပဲ ကုန်ပစ္စည်းထွက်လို့ရတာ။ ကျန်တဲ့ဂိတ်တွေက ထွက် ခွင့်ပိတ်ထား တယ်။ လူဝင်လူထွက်ပဲရတယ်။ ပစ္စည်းသယ်ခွင့်မရဘူး။ အရင်ကတော့ သယ်ယူခွင့်ရပြီးတော့ အခုက ကန့်သတ်လိုက် တော့ လိုင်စင်မဲ့မော်တော် ယာဉ်တွေကတော့ အနည်းနဲ့အများတော့ အကျပ်ရိုက် ကုန်မှာပေါ့။ အဆင်မပြေမှုတွေ ဖြစ်ကုန်မှာပေါ့” ဟု အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။
မြောက်ပိုင်းသုံးဖွဲ့၏ (၁၀၂၇) ဟုဆိုသော စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ လုံခြုံရေးအခြေ အနေများကြောင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းအပါအဝင် အရေးပါသည့် ကုန်သွယ်ရေးလမ်း ကြောင်းများ ပြတ်တောက်ခဲ့ရပြီး ကုန်စည်စီးဆင်းမှု များလည်း ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် မူဆယ်မြို့နယ်၊ ကညနတွင် ယာဉ်မှတ်ပုံတင်စာရင်းရှိသည့် ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်၊ သုံးဘီး၊ ကုန်တင်(ဝန်ပေါ့) ယာဉ်များနှင့် ဌာနဆိုင်ရာမော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကို သတ်မှတ် ဂါလန်အတိုင်း စက်သုံးဆီ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်စက်သုံးဆီ ဝယ်ယူရေးနှင့် ဖြန့်ဖြူးရောင်းချ မှုကြီးကြပ်ရေး ကော်မတီက အသိပေးထားသည်။
ထို့ကြောင့် စက်သုံးဆီဝယ်ယူခွင့်မှတ်တမ်း စာအုပ်ပြုလုပ်ရန်အတွက် ဒီဇင်ဘာ(၂)ရက်မှစ၍ တိုက်(၂၆)၊ ငွေဆင်အိမ်ရာ၊ ကောင်းမူးတုံရပ်ကွက်တွင် လာရောက်ပြုလုပ်ရန်လည်း ထည့်သွင်းဖော်ပြထားသည်။
Zawgyi Version;
မူဆယ္ ဆင္ျဖဴဂိတ္မွတစ္ဆင့္ စားေသာက္ကုန္မ်ားကို တုံကင္စနစ္ျဖင့္ သယ္ယူခြင့္စၿပီ
ယြန္း (NP News) - ဒီဇင္ဘာ ၁
ဒီဇင္ဘာ(၁)ရက္မွစ၍ မူဆယ္ၿမိဳ႕ရွိ ဆင္ျဖဴဂိတ္မွတစ္ဆင့္ စားေသာက္ကုန္မ်ားကို တုံကင္စနစ္ျဖင့္ သယ္ယူခြင့္ ေပးမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ယခုရက္ပိုင္းအတြင္း ထုတ္ျပန္ထားသည္။
နစက၏ထုတ္ျပန္ခ်က္တြင္ မူဆယ္ၿမိဳ႕၊ ဆင္ျဖဴဂိတ္မွယာဥ္ငယ္မ်ားျဖင့္ ေဒသတြင္းျပည္သူ မ်ားအတြက္ စားသုံး ရန္ျဖစ္ေသာ မီးဖိုေခ်ာင္သုံးအသီး အႏွံမ်ား၊ အသားႏွင့္ငါးမ်ားကို ကုန္းလမ္းပို႔ေဆာင္ ေရးòန္ၾကားမႈဦးစီးဌာနမွ မွတ္ပုံတင္ ထားသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ ဆိုင္ကယ္မ်ားကိုသာ ယာယီသယ္ေဆာင္ရန္
ထို႔သို႔ သယ္ယူႏိုင္ေရးအတြက္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၂၈)ရက္မွ(၂၉)ရက္တြင္ ကုန္ပစၥည္းသယ္ယူရန္ စာရင္းေပး သြင္းထားသည့္ ယာဥ္မ်ားကို မဲႏႈိက္၍ ဆင္ျဖဴဂိတ္မွဝင္ေရာက္ရမည့္ေန႔ကို သတ္မွတ္ေပးထားေၾကာင္း သိရသည္။ ‘‘ အခုက လာမယ့္ (၁)ရက္ေန႔မွာ စသယ္ခြင့္ေပးတယ္။ သယ္မယ့္ ကားေတြဆိုင္ကယ္ေတြကို စာရင္းသြင္းရတယ္။ အဲဒီ ကားေတြ၊ ဆိုင္ကယ္ေတြကလည္း (ကညန)က ထုတ္ေပးထားတဲ့ လိုင္စင္ရွိရမယ္။ တုံကင္နဲ႔အ လွည့္က်ေပါ့။ တစ္ရက္ကို ကားအစီးေရက (၅၀)၊ ဆိုင္ကယ္အစီးေရက(၂၀ဝ)။ ကုန္စိမ္းနဲ႔ စားေသာက္ ကုန္ပဲသယ္ခြင့္ရမယ္။ က်န္တဲ့ လွ်ပ္စစ္ ပစၥည္းေတြ၊ စက္ပစၥည္းေတြ ဘာမွသယ္လို႔မရဘူး။ လိုင္စင္ရွိမွ ရမွာေပါ့။ မူဆယ္မွာက လိုင္စင္စိစစ္ လိုက္မယ္ဆိုရင္ ကားကသိပ္ရွိမွာမဟုတ္ေတာ့ဘူး။ လိုင္စင္မဲ့ေတြက ပိုမ်ားတယ္” ဟု မူဆယ္ၿမိဳ႕ခံ သတင္းအရင္းအျမစ္ တစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ခြင့္ျပဳရာတြင္ တ႐ုတ္ႏိုင္ငံနံပါတ္တပ္ ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္ ေလွ်ာက္ထားျခင္းမရွိဘဲ ခြင့္ျပဳထားျခင္းမရွိသည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားျဖင့္ ေဈးဝယ္ပစၥည္း သယ္ေဆာင္ျခင္းကိုခြင့္မျပဳရန္ အသိ ေပးထား သည္။ မူဆယ္ၿမိဳ႕ရွိ တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္ျဖစ္ေသာ နန္းေတာ္ဂိတ္၊ ဆင္ျဖဴဂိတ္၊ မန႔္ဝိန္းဂိတ္၊ က်င္စန္းေက်ာ့ ဂိတ္ႏွင့္ ပန္ဆိုင္းဂိတ္တို႔ အနက္မွ ဆင္ျဖဴဂိတ္ကိုသာ ကုန္ပစၥည္းသယ္ယူ ခြင့္ေပးထားေၾကာင္း သိရသည္။
‘‘မူဆယ္မွာဆိုရင္ ဆင္ျဖဴဂိတ္တစ္ဂိတ္ပဲ ကုန္ပစၥည္းထြက္လို႔ရတာ။ က်န္တဲ့ဂိတ္ေတြက ထြက္ ခြင့္ပိတ္ထား တယ္။ လူဝင္လူထြက္ပဲရတယ္။ ပစၥည္းသယ္ခြင့္မရဘူး။ အရင္ကေတာ့ သယ္ယူခြင့္ရၿပီးေတာ့ အခုက ကန႔္သတ္လိုက္ ေတာ့ လိုင္စင္မဲ့ေမာ္ေတာ္ ယာဥ္ေတြကေတာ့ အနည္းနဲ႔အမ်ားေတာ့ အက်ပ္႐ိုက္ ကုန္မွာေပါ့။ အဆင္မေျပမႈေတြ ျဖစ္ကုန္မွာေပါ့” ဟု အထက္ပါ သတင္းအရင္းအျမစ္က ဆိုသည္။
ေျမာက္ပိုင္းသုံးဖြဲ႕၏ (၁၀၂၇) ဟုဆိုေသာ စစ္ဆင္ေရးေနာက္ပိုင္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၏ လုံၿခဳံေရးအေျခ အေနမ်ားေၾကာင့္ မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္ႏွင့္ ခ်င္းေ႐ႊေဟာ္ကုန္သြယ္ေရး စခန္းအပါအဝင္ အေရးပါသည့္ ကုန္သြယ္ေရးလမ္း ေၾကာင္းမ်ား ျပတ္ေတာက္ခဲ့ရၿပီး ကုန္စည္စီးဆင္းမႈ မ်ားလည္း ရပ္တန႔္ခဲ့ရျခင္းျဖစ္သည္။
ထို႔ျပင္ မူဆယ္ၿမိဳ႕နယ္၊ ကညနတြင္ ယာဥ္မွတ္ပုံတင္စာရင္းရွိသည့္ ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ ဆိုင္ကယ္၊ သုံးဘီး၊ ကုန္တင္(ဝန္ေပါ့) ယာဥ္မ်ားႏွင့္ ဌာနဆိုင္ရာေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ ဆိုင္ကယ္မ်ားကို သတ္မွတ္ ဂါလန္အတိုင္း စက္သုံးဆီ ဝယ္ယူခြင့္ျပဳမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္စက္သုံးဆီ ဝယ္ယူေရးႏွင့္ ျဖန႔္ျဖဴးေရာင္းခ် မႈႀကီးၾကပ္ေရး ေကာ္မတီက အသိေပးထားသည္။
ထို႔ေၾကာင့္ စက္သုံးဆီဝယ္ယူခြင့္မွတ္တမ္း စာအုပ္ျပဳလုပ္ရန္အတြက္ ဒီဇင္ဘာ(၂)ရက္မွစ၍ တိုက္(၂၆)၊ ေငြဆင္အိမ္ရာ၊ ေကာင္းမူးတုံရပ္ကြက္တြင္ လာေရာက္ျပဳလုပ္ရန္လည္း ထည့္သြင္းေဖာ္ျပထားသည္။