ဒေသတွင်းထွက်သည့် ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်ရန် နစကဥက္ကဋ္ဌတိုက်တွန်း
373
ယွန်း (NP News) - ဒီဇင်ဘာ ၁
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းနိုင်ရေးအတွက် ဒေသတွင်းထွက်သည့် ကုန်ကြမ်း များဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ(၃၀)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန်ကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရေ ရရှိရေးသည် အဓိကကျပြီး ဇုန်များအလိုက်ရှိ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုံလောက်သည့် ရေပမာဏပေးဝေနိုင် ရေး စနစ်တကျတွက်ချက် ဆောင်ရွက်ပေးရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစာများကို ဇုန်များအလိုက် ရပ်ဝေးမှမှာ ယူမည်ဆို ပါက ကုန်ကျစရိတ်ပိုမိုများပြားနိုင်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် သွင်းအားစုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ နည်းပါးမည်ဆိုပါက စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်မည်ဖြစ်ပြီး ဇုန်များအလိုက် ဒေသတွင်းထွက်ရှိသည့်ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းထားသည်။
အလားတူ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကိုလည်း တိရစ္ဆာန်အစားအဖြစ် အသုံးပြု ရန် အသိပေးပြောကြားသည်။
ထို့ပြင် ဇုန်များအလိုက် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်လည်း ဆောင်ရွက်ရန်လိုပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်မည်ဆိုပါက မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
Zawgyi Version;
ေဒသတြင္းထြက္သည့္ ကုန္ၾကမ္းမ်ားျဖင့္ တိရစာၦန္အစာ ထုတ္လုပ္ရန္ နစကဥကၠ႒တိုက္တြန္း
ယြန္း (NP News) - ဒီဇင္ဘာ ၁
စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားကို ေဈးႏႈန္းသက္သာစြာေရာင္းႏိုင္ေရးအတြက္ ေဒသတြင္းထြက္သည့္ ကုန္ၾကမ္း မ်ားျဖင့္ တိရစာၦန္အစာ ထုတ္လုပ္ႏိုင္ေရးကို ေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က တိုက္တြန္းေျပာၾကားသည္။
နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုဝင္ဘာ(၃၀)ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္ရွိ တြံေတးေမြးျမဴေရးဇုန္ကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ အသိေပးခဲ့ျခင္းျဖစ္သည္။
စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ ေရ ရရွိေရးသည္ အဓိကက်ၿပီး ဇုန္မ်ားအလိုက္ရွိ ေမြးျမဴေရးလုပ္ငန္းႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအတြက္ လုံေလာက္သည့္ ေရပမာဏေပးေဝႏိုင္ ေရး စနစ္တက်တြက္ခ်က္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း နစကဥကၠ႒က ေျပာၾကားသည္။
ထို႔ျပင္ ေမြးျမဴေရးလုပ္ငန္းမ်ားအတြက္ လိုအပ္သည့္ တိရစာၦန္အစာမ်ားကို ဇုန္မ်ားအလိုက္ ရပ္ေဝးမွမွာ ယူမည္ဆို ပါက ကုန္က်စရိတ္ပိုမိုမ်ားျပားႏိုင္ေၾကာင္း အသိေပးထားသည္။
ထို႔ေၾကာင့္ သြင္းအားစုႏွင့္ ထုတ္လုပ္မႈကုန္က်စရိတ္မ်ား နည္းပါးမည္ဆိုပါက စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားကို ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးႏိုင္မည္ျဖစ္ၿပီး ဇုန္မ်ားအလိုက္ ေဒသတြင္းထြက္ရွိသည့္ကုန္ၾကမ္းမ်ားျဖင့္ တိရစာၦန္အစာထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ရန္ နစကဥကၠ႒က တိုက္တြန္းထားသည္။
အလားတူ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားမွ ထြက္ရွိလာသည့္ စြန႔္ပစ္ပစၥည္းမ်ားကိုလည္း တိရစာၦန္အစားအျဖစ္ အသုံးျပဳ ရန္ အသိေပးေျပာၾကားသည္။
ထို႔ျပင္ ဇုန္မ်ားအလိုက္ လွ်ပ္စစ္ဓာတ္အား ရရွိေရးအတြက္လည္း ေဆာင္႐ြက္ရန္လိုၿပီး ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ထုတ္လုပ္ျခင္းမ်ားကို ေဆာင္႐ြက္မည္ဆိုပါက ေမြးျမဴေရးလုပ္ငန္းမ်ားအတြက္ အေထာက္အကူျဖစ္ေစႏိုင္ေၾကာင္း နစကဥကၠ႒က ေျပာၾကားသည္။