ပြည်ပ ဝယ်လိုအားကောင်းနေခြင်းကြောင့် မြန်မာ့ပြောင်းဆန် ဈေးကောင်းနေ
486
NP News ဒီဇင်ဘာ ၁
နယ်စပ်ပို့ကုန်ကျဆင်းနေသော်လည်း ပြည်ပ ဝယ်လိုအားများလာတာခြင်းကြောင့် ပြည်ပတင်ပို့နေသည့် မြန်မာ့ ပြောင်းဆန်များ ဈေးကောင်းရလာကြောင်း မြန်မာနိုင်ငံပြောင်း စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းထံမှ သိရသည်။
ယခင် ၂၀၂၃ ခုနစ်မှာ ပြည်ပနိုင်ငံများသို့ ပြောင်းတင်ပို့တဲ့သော လမ်းကြောင်းမှာ ရန်ကုန်ဆိပ်ကမ်းမှ ပင်လယ်လမ်း တစ်ကြောင်းထဲသာ အများဆုံးတင်ပို့ခဲ့ကြပြီး လက်ရှိ ၂၀၂၄ ခုနှစ် တွင် ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်စပ်မြို့များ ဖြစ်ကြသည့် တာချီလိတ် ၊ မိုင်းလား စသည့် မြို့များ၌လည်း နယ်စပ်ပြောင်း ဆန် အရောင်းဈေးကွက် အားကောင်းလာခဲ့ခြင်းဖြစ်သည်။
"ပြောင်းဈေးကတက်လာတယ်ဆိုတာ ပြည်ပ အဝယ်လိုက်လာတယ်။ ထိုင်းဘက်ကို ပြောင်းတင်သွင်းရင် အခွန်ကင်းလွတ်ခွင့်ကာလက ပြီးသွားပေမယ့် တခြားနိုင်ငံတွေက ဝယ်လာကြလို့ပါ။ ဒါကလည်း ပြောင်းသန့်မှ ဝယ်တာ။ ပြောင်းရဲ့အစိုဓါတ် ၁၆ ရာခိုင်နှုန်း ရှိရမယ်။ မှိုစွဲ ၊ အမဲစေ့ ၊ ပိုးထိုးတွေ ပါဝင် မဝယ်ကြဘူး။ အချိန်ပိုင်းထဲမှာ စျေးနှုန်းအပြောင်းအလဲရှိတယ်" လို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းရဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လတ်တလော ပြောင်းဈေးကွက်မှာ အောက်တိုဘာလအတွင်း ပြောင်းတစ်ပိဿာ ၁၃၅၀ ကျပ်ကနေ လက်ရှိ နိုဝင်ဘာလတွင် ပြောင်းတစ်ပိဿာ ၁၅၅ဝ ကျပ် ဝန်းကျင်အထိ ဈေးကောင်းရရှိနေကြောင်းသိရသည်။
လက်ရှိမှာ မြန်မာ့ပြောင်းဆန်ကို ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့သောရာသီ ကျော်လွန်ခဲ့ပြီဖြစ်ရာ ပြောင်းတင်ပို့မှုများ ယာယီရပ်နားထားရသော်လည်း အခြားပြည်ပနိုင်ငံများ ဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယ စသော နိုင်ငံတွေများတွင် ပင်လယ်ရေကြောင်းကတဆင့် တင်ပို့ရောင်းချလျက်ရှိရာ လက်ရှိ ရက်ပိုင်းမှာ ဝယ်လိုအား မြင့်တက်လာခဲ့ပြီး မြန်မာ့ပြောင်းဆန်တွေများ ဈေးကောင်းရရှိနေကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ပြောင်းဆန် ၅၄ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၇၅ဝဝဝ ကနေ ၇၈ဝဝဝ ခန့် အထိ ဈေးကောင်းရရှိနေပြီး ရန်ကုန်ဆိပ်ကမ်းအရောက် ပေါက်ဈေးမှာ ပြောင်းဆန်တစ်ပိဿာကို ၁၅၅ဝ ကျပ်ရှိကြောင်း သိရသည်။
Zawgyi Version;
ျပည္ပ ဝယ္လိုအားေကာင္းေနျခင္းေၾကာင့္ ျမန္မာ့ေျပာင္းဆန္ ေဈးေကာင္းေန
NP News ဒီဇင္ဘာ ၁
နယ္စပ္ပို႔ကုန္က်ဆင္းေနေသာ္လည္း ျပည္ပ ဝယ္လိုအားမ်ားလာတာျခင္းေၾကာင့္ ျပည္ပတင္ပို႔ေနသည့္ ျမန္မာ့ ေျပာင္းဆန္မ်ား ေဈးေကာင္းရလာေၾကာင္း ျမန္မာႏိုင္ငံေျပာင္း စိုက္ပ်ိဳးထုတ္လုပ္ ေရာင္းခ်သူမ်ားအသင္းထံမွ သိရသည္။
ယခင္ ၂၀၂၃ ခုနစ္မွာ ျပည္ပႏိုင္ငံမ်ားသို႔ ေျပာင္းတင္ပို႔တဲ့ေသာ လမ္းေၾကာင္းမွာ ရန္ကုန္ဆိပ္ကမ္းမွ ပင္လယ္လမ္း တစ္ေၾကာင္းထဲသာ အမ်ားဆုံးတင္ပို႔ခဲ့ၾကၿပီး လက္ရွိ ၂၀၂၄ ခုႏွစ္ တြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း ႏွင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း နယ္စပ္ၿမိဳ႕မ်ား ျဖစ္ၾကသည့္ တာခ်ီလိတ္ ၊ မိုင္းလား စသည့္ ၿမိဳ႕မ်ား၌လည္း နယ္စပ္ေျပာင္း ဆန္ အေရာင္းေဈးကြက္ အားေကာင္းလာခဲ့ျခင္းျဖစ္သည္။
"ေျပာင္းေဈးကတက္လာတယ္ဆိုတာ ျပည္ပ အဝယ္လိုက္လာတယ္။ ထိုင္းဘက္ကို ေျပာင္းတင္သြင္းရင္ အခြန္ကင္းလြတ္ခြင့္ကာလက ၿပီးသြားေပမယ့္ တျခားႏိုင္ငံေတြက ဝယ္လာၾကလို႔ပါ။ ဒါကလည္း ေျပာင္းသန္႔မွ ဝယ္တာ။ ေျပာင္းရဲ႕အစိုဓါတ္ ၁၆ ရာခိုင္ႏႈန္း ရွိရမယ္။ မႈိစြဲ ၊ အမဲေစ့ ၊ ပိုးထိုးေတြ ပါဝင္ မဝယ္ၾကဘူး။ အခ်ိန္ပိုင္းထဲမွာ ေစ်းႏႈန္းအေျပာင္းအလဲရွိတယ္" လို႔ ျမန္မာႏိုင္ငံေျပာင္းစိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းရဲ႕တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
လတ္တေလာ ေျပာင္းေဈးကြက္မွာ ေအာက္တိုဘာလအတြင္း ေျပာင္းတစ္ပိႆာ ၁၃၅၀ က်ပ္ကေန လက္ရွိ ႏိုဝင္ဘာလတြင္ ေျပာင္းတစ္ပိႆာ ၁၅၅ဝ က်ပ္ ဝန္းက်င္အထိ ေဈးေကာင္းရရွိေနေၾကာင္းသိရသည္။
လက္ရွိမွာ ျမန္မာ့ေျပာင္းဆန္ကို ထိုင္းႏိုင္ငံကို အခြန္ကင္းလြတ္ခြင့္ျဖင့္ တင္ပို႔ေသာရာသီ ေက်ာ္လြန္ခဲ့ၿပီျဖစ္ရာ ေျပာင္းတင္ပို႔မႈမ်ား ယာယီရပ္နားထားရေသာ္လည္း အျခားျပည္ပႏိုင္ငံမ်ား ျဖစ္သည့္ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အိႏၵိယ စေသာ ႏိုင္ငံေတြမ်ားတြင္ ပင္လယ္ေရေၾကာင္းကတဆင့္ တင္ပို႔ေရာင္းခ်လ်က္ရွိရာ လက္ရွိ ရက္ပိုင္းမွာ ဝယ္လိုအား ျမင့္တက္လာခဲ့ၿပီး ျမန္မာ့ေျပာင္းဆန္ေတြမ်ား ေဈးေကာင္းရရွိေနေၾကာင္း သိရသည္။
ျပည္တြင္းေဈးကြက္အတြင္း ေျပာင္းဆန္ ၅၄ ပိႆာဝင္ တစ္အိတ္လွ်င္ က်ပ္ ၇၅ဝဝဝ ကေန ၇၈ဝဝဝ ခန႔္ အထိ ေဈးေကာင္းရရွိေနၿပီး ရန္ကုန္ဆိပ္ကမ္းအေရာက္ ေပါက္ေဈးမွာ ေျပာင္းဆန္တစ္ပိႆာကို ၁၅၅ဝ က်ပ္ရွိေၾကာင္း သိရသည္။