“Iron Cross အဖွဲ့ကို ပြည်ပြေးတွေ ဘာကြောင့် ရှုတ်ချနေကြသလဲ”
1290
အိဖြူ(NP News) - ဒီဇင်ဘာ ၁
Iron Cross အဖွဲ့ကို ဘာကြောင့် ရှုတ်ချနေကြသလဲ
မင်္ဂလာပွဲတစ်ခုမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ Iron Cross အဖွဲ့ကို လူတချို့က ရှုတ်ချပြောဆိုလာကြပါတယ်။ အနုပညာရှင်၊ ဂီတသမားဆိုတာ မိမိထံ ပွဲဖိတ်ကြား၊ ငှားရမ်းသူ မည်သူကိုမဆို ငြင်းဆန်လိုခြင်းမျိုးမရှိကြဘဲ သွားရောက်ဖျော်ဖြေပေးလေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အောင်မြင်အကျော်ကြားဆုံး Iron Cross အဖွဲ့ရဲ့သမိုင်းအစဉ်အလာအရ ဖျော်ဖြေ ရေးစင်မြင့်၊ ပွဲအခမ်းအနားရွေးချယ်စိစစ်လွန်းသူတွေ၊ အနုပညာကြေးမြင့်မားတဲ့ဂီတအနုပညာရှင်တွေ အဖြစ် နာမည်ကြီးသူတွေဖြစ်တာကြောင့် စားသောက်ဆိုင်၊ မင်္ဂလာပွဲတို့မှာဖျော်ဖြေတာက ထူးဆန်း နေတာပဲဖြစ်ပါတယ်။
အဆိုပါမင်္ဂလာပွဲအခမ်းအနားမှာ လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့အဖွဲ့ လာရောက်ဖျော်ဖြေ ဖို့အတွက် အနုပညာကြေးအဖြစ် ချီးမြှင့်ငွေကြေး ကျပ်သိန်း (၁၁၀ဝ)နဲ့ ငှားရမ်းခဲ့တာဖြစ်ကြောင်း၊ အဆိုပါငွေကြေးက တီးခတ်တဲ့ Band အဖိုးအခမပါဝင်ခဲ့ကြောင်း သတင်းများအရ သိရပါတယ်။ “ ပွဲရှင်၊ အလှူရှင်က တတ်နိုင်လို့ငှားတယ်၊ အနုပညာရှင်က သီဆိုဖို့အဆင်ပြေလို့ဆိုကြတယ်၊ မထူးဆန်းပါဘူး” “ခက်ခဲလာတဲ့ခေတ်ကာလထဲမှာ Iron Cross အဖွဲ့သားတွေက ပိုက်ဆံရှာဖို့ ဂုဏ်သိက္ခာတွေတောင် မငဲ့တော့ပါလား”၊ ဖျော်ဖြေရေးအနုပညာရှင်က သူ့အလုပ်သူလုပ်ရုံပါ” အစရှိတဲ့အဆိုးအကောင်း မှတ်ချက်မျိုးစုံထွက်ပေါ်နေတာ ဖြစ်ပါတယ်။
အဆိုပါမင်္ဂလာပွဲက ကျောက်ဆည်မြို့ရဲ့ထိပ်တန်းသူဌေးစာရင်းဝင်ကေသီဦးမိသားစုရဲ့ အငယ်ဆုံး သား မင်္ဂလာပွဲအခမ်းအနားဖြစ်ပြီး တပ်မတော်အကြီးအကဲတွေနဲ့ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ်တွေ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါမင်္ဂလာပွဲကို ကျောက်ဆည်မြို့နယ်ခန်းမမှာခမ်းနား ကြီးကျယ်စွာ အကုန်အကျခံကျင်းပခဲ့တာဖြစ်ပြီး ညစာစားပွဲမှာ ဇော်ပိုင်၊ ဟဲလေး၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်တို့က ဖျော်ဖြေခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ လေးဖြူဟာ လွန်ခဲ့တဲ့လပိုင်းက နေပြည်တော်က VIP စားသောက် ဆိုင်မှာ သီဆိုဖျော်ဖြေခဲ့ချိန်အတွင်း “ထစ်ခနဲရှိ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာ သူငယ်ချင်းတစ်ယောက်က လာပြတယ်။ မင်းကို BC (boycott)လုပ်မယ်လို့ပြောနေကြတယ်ပေါ့။ ကျွန်တော် BC (boycott)မပြောနဲ့ A to Z တောင် နားမလည်ပါဘူး” လို့ ပြောဆိုမှုရှိခဲ့ပြီးနောက် ပြည်ပြေးအနုပညာသမားတွေက Iron cross အဖွဲ့နဲ့ တေးသံရှင်လေးဖြူကို Boycott လုပ်ကြဖို့ ဝိုင်းဝန်း လှုံ့ဆော်ဖူးခဲ့ကြပြီး ဆက်လက်ရပ်တည်ဖို့ခက်ခဲအောင်လုပ်ဆောင်ကြဖို့ အုပ်စုဖွဲ့တိုက်ခိုက်ခဲ့ကြဖူးပါ တယ်။ အခုဖြစ်စဉ်မှာလည်း အလားတူအပြုအမူမျိုးတွေ လုပ်ဆောင်လာကြပါတယ်။
နှစ်(၂၀)ကြာမှ ထွက်ပေါ်လာတဲ့ အမှန်တရားတစ်ခု
နာမည်ကြီးဒါရိုက်တာတစ်ဦးနဲ့ ထိပ်တန်းမင်းသမီးကြီးတစ်ဦးတို့ရဲ့အိမ်ထောင်ရေးပြိုကွဲမှုဖြစ်စဉ်မှာ ကြားလူအဖြစ် လုံးဝ ပါဝင်ခဲ့ခြင်းမရှိကြောင်းကို ရုပ်ရှင်သရုပ်ဆောင် သင်းသင်းယုလှိုင်က နှစ်ပေါင်း (၂၀) ကျော်ကြာပြီးမှ အွန်လိုင်းမီဒီယာတွေကတစ်ဆင့် ပြန်လည်ထုတ်ဖော်ဖြေရှင်းလာပါတယ်။
သင်းသင်းယုလှိုင်အနေနဲ့ သရုပ်ဆောင်မေပန်းချီရဲ့ MPC Lipstick ကြော်ငြာရိုက်ကူးမှုနဲ့အတူ ပရိသတ်တွေရှေ့မှောက်ကို ပထမဆုံးအကြိမ် ပြန်လည်ပွဲထွက်လာခဲ့ချိန် ကြော်ငြာပို့စ်အောက်မှာ သူရဲ့ အတိတ်ဆိုးတွေကို ဒီနေ့အချိန်အထိ တူးဆွပြောဆိုသူတွေလည်းရှိနေဆဲဖြစ်တာကြောင့် အတိတ် အကြောင်းတွေကို ပြန်လည်ထုတ်ဖော်ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။
ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ မင်းသမီးမေသန်းနုတို့ အိမ်ထောင်ရေးပြိုကွဲရမှုဖြစ်စဉ်မှာ သရုပ်ဆောင်သင်းသင်းယုလှိုင်က အဓိကတရားခံဖြစ်ကြောင်း လူအများက တရားသေ သတ်မှတ်ခဲ့ကြပြီး သင်းသင်းယုလှိုင် အနုပညာအလုပ်တွေ ဆက်လုပ်ကိုင်လို့မရနိုင်တဲ့အထိ ဝေဖန်ပုတ်ခတ်ပြောဆိုခဲ့ကြ တာပါ။ သူ့အနေနဲ့ လွန်ခဲ့တဲ့ နှစ်(၂၀)ကတည်းက စာနယ် ဇင်းမီဒီယာတွေနဲ့ဖြေရှင်းမှုလုပ်ဆောင်ခဲ့ ပေမယ့် မီဒီယာတချို့ရဲ့ လိုရာဆွဲရေးသတင်းခေါင်းစဉ်တွေကြောင့် သင်းသင်းယုလှိုင်ရဲ့နာမည် ဂုဏ် သတင်းထိခိုက်ခဲ့ရုံမက မိဘ၊ ဆွေမျိုး အသိုင်းအဝိုင်းပါမကျန် လူမှုပတ်ဝန်းကျင်မှာ မျက်နှာငယ်၊ ဂုဏ် သိက္ခာထိခိုက်ခဲ့ရကြောင်း ပြန်လည်ကြားသိခဲ့ရပါတယ်။ အနုပညာလောကမှာ ဒါရိုက်တာ စင်ရော် မောင်မောင်၊ မင်းသမီးမေသန်းနုနဲ့ သရုပ်ဆောင်သင်းသင်းယုလှိုင်တို့ရဲ့ဖြစ်စဉ်က ခေါင်းကြီးပိုင်း သတင်း တစ်ပုဒ်ဖြစ်ခဲ့ကာ ထိပ်တန်းမင်းသမီးရဲ့အိမ်ထောင်ရေးအပေါ် တက်သစ်စမော်ဒယ်ပေါက်စရဲ့ ခလောက် ဆန်မှုတစ်ခုအဖြစ် လူအများကရှုမြင်ခဲ့ကြတာပါ။
“အနုပညာရပ်နားလိုက်တာက ဒါရိုက်တာတစ်ဦးနဲ့ဖောက်ပြန်လို့၊ သူများအိမ်ထောင်ရေးကိုဖြိုခွဲ လို့ အနုပညာအလုပ်ကို ဆက်မလုပ်တော့တာဆိုပြီး ပြောခဲ့ကြတယ်။ အဲဒီကြော်ငြာရိုက်ကူးရေးမှာ အန်တီဆင့်လည်း ပါတယ်။ တခြားသူတွေလည်း အများကြီးပါခဲ့ပါတယ်။ ဒါရိုက်တာနဲ့ကလည်း ဆရာတပည့်ဆက်ဆံရေးထက်လည်း ဘာတစ်ခုမှမပိုခဲ့ဘူး။ အစ်မကိုယ်တိုင်လည်း လိပ်ပြာလုံတယ်။ အဲဒီလိုပြောဆိုမှုတွေကြောင့်လည်း စိတ်ဒဏ်ရာတွေလည်းရခဲ့၊ ထိခိုက်ခဲ့ရပြီး၊ အရမ်းလည်းစိတ်မကောင်း ဖြစ်ခဲ့ရတယ်” လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
သင်းသင်းယုလှိုင်က အသက် (၃၉)နှစ်အထိ အပျိုကြီးမမဂုဏ်ပုဒ်ကိုစောင့်ထိန်းခဲ့သူဖြစ်ကာ အသက် (၄၀)အရွယ်မှာ လားရှိုးမြို့မှ ရှမ်းတရုတ်လူမျိုး အမျိုးသားတစ်ဦးနဲ့ (၂၀၂၃)ခုနှစ် ဧပြီလမှာ လက်ထပ် ထိမ်းမြားခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့အိမ်ထောင်ရေးကံကဆိုးရွားခဲ့ပြီး ခြောက်လအကြာမှာပဲ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ပါတယ်။
အိမ်ထောင်သက် (၆)လသာ တည်ဆောက်နိုင်မှုအပေါ် ဝေဖန်ခံနေရကြောင့် “အိမ်ထောင်ရေးမှာ နှစ်ဖက် သစ္စာရှိ၊ သစ္စာမဖောက်ပါက အိမ်ထောင်ရေးတည်မြဲလိမ့်မယ်လို့ယုံကြည်ခဲ့ပေမယ့် အိမ် ထောင် ရေးက အလွန်ကိုနက်နဲမှုရှိကြောင်း” တုံ့ပြန်ခဲ့ပါတယ်။ သင်းသင်းယုလှိုင်ရဲ့ကြုံတွေခဲ့ရတဲ့ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ပြဿနာကိစ္စတစ်ခုကြုံလာတိုင်း ထွက်ပြေး ပျောက်ကွယ်သွားခြင်းမျိုးမလုပ်ဘဲ ကိုယ်မှန်တယ်လို့ ယုံကြည်ပါက အမှန်အတိုင်းဖြေရှင်းခဲ့သင့်ကြောင်း ထောက်ပြခဲ့ကြပါတယ်။ နှစ်ပေါင်း (၂၀)ကျော်အထိ လူအများရဲ့ဝေဖန်ကဲ့ရဲ့တဲ့ အကြည့်၊ အပြော၊ ရှုတ်ချမှုတွေကိုရင်ဆိုင်ခဲ့ရတဲ့ သင်းသင်း ယုလှိုင်ရဲ့အဖြစ်ကိုလည်း သနားဂရုဏာသက်ကြတဲ့အပြင် အိမ်ထောင်ရေးကံအားနည်းမှုကိုလည်း သူ့ပရိသတ်တွေက အားပေးစကားဆိုထားကြတာကို တွေ့မြင်ရပါတယ်။
ရေဘေးအကြောင်းပြု ဖြစ်ပေါ်လာတဲ့ အလှူငွေပြဿနာ
ဖိုက်တင်သရုပ်ဆောင် မိုးဇက်နဲ့ ဇာတ်ပို့သရုပ်ဆောင်သာသာတို့အပြန်အလှန်ပုတ်ခတ်ပြောဆိုမှု တွေက အနုပညာရှင်အ ချင်းချင်းကြား အရှက်ရစရာတွေဖြစ်လို့နေပါတယ်။ ဖြစ်စဉ်က (၂၀၂၄) ခုနှစ် စက်တင်ဘာလအတွင်းကဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းဒဏ် သင့်ပြည်သူများကို လှူဒါန်းဖို့ အကြောင်းပြု ကာ အလှူငွေကောက်ခံရာမှ ရရှိလာတဲ့အလှူငွေတွေကို နှစ်လအကြာ နိုဝင်ဘာလ (၂၇) ရက်ထိတိုင် လှူဒါန်းမှုမရှိခြင်းကြောင့်ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်သာသာအပါအဝင် အဖွဲ့သားတွေနဲ့ ဖိုက်တင် သရုပ်ဆောင် မိုးဇက်တို့က အလှူငွေကောက်ခံခဲ့ကြပြီး အလှူငွေ ကျပ်သိန်း (၁၃၀)ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါငွေကို သွားရောက်လှူ ဒါန်းဖို့ အချိန်နှစ်လကြာမြင့်ခဲ့ပေမယ့် လှူဒါန်းခြင်း မရှိသေး ကြောင်း၊ အဖွဲ့သားအားလုံးက လူမစုံတာကြောင့်တစ်ကြောင်း၊ အချိန်/ နေ့ရက်မအားတာကြောင့် လည်းကောင်း ရက်ရွှေ့ဆိုင်းလာခဲ့တာ နှစ်လကြာမြင့်ခဲ့ကြောင်း မိုးဇက်က ကနဦး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်ပြောပြမယ်။ သိန်း (၁၃၀)ကျော်ကိုသွားလှူဖို့ နှစ်လကြာမယ်ဆိုရင် သိန်း တစ်ထောင်ကျော် ဆိုရင် နှစ်နှစ်ကြာသွားမယ်(ရယ်လျက်)၊ သိန်းထောင်ချီ၊ သောင်းချီလှူဒါန်းနေတဲ့ ခိုင်နှင်းဝေတို့၊ ဖြူဖြူထွေးတို့ ဘာအသံမှမထွက်ဘူး။ အကြွေစေ့တွေက အသံထွက်ပါတယ်။ တခြားသရုပ်ဆောင်တွေ၊ မင်းသားမင်းသမီးတွေ ဆိုရင် သူတို့အလုပ်တွေကိုဖျက်ပြီးတော့ သွားလှူ ကြတာပါ။ ပရဟိတဆိုတာ ကိုယ့်အကျိုး ကိုစွန့်ပြီး သူတစ်ပါး အကျိုးကိုဆောင်ရွက်တာ ပရဟိတပါ။ သူတို့က မီဒီယာတွေခေါ်ရှင်းတာကိုကြည့်ပြီး သူတို့အရှက်ကွဲတာကို မသိဘူး” လို့ မိုးဇက်က မီဒီယာကတစ်ဆင့် ပြောဆိုခဲ့တာပါ။ ရုပ်ရှင်သရုပ်ဆောင်သာသာတို့ဘက်ကလည်း လူစုံ တက်စုံခေါ်ကာ မီဒီယာတွေပါ ဖိတ်ခေါ်ပြီး ရေဘေးအလှူငွေတွေ မလှူဖြစ်သေးတဲ့အကြောင်းနဲ့ မိုးဇက်ရဲ့ အပြုအမူတွေကို တုံ့ပြန်ခဲ့ကြတာပါ။
ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းဖို့အကြောင်းပြကာ အလှူခံထားတဲ့ငွေကြေးတွေကို သိမ်းဆည်းထားမှုက သတင်းအမှန်ဖြစ်ခဲ့ပြီး၊ ပရဟိတခေါင်းစဉ်အောက်မှနေကာ ငွေကြေးပြဿနာတွေ ရှုပ်ထွေးခဲ့ ကြောင်း တဖြည်းဖြည်းပေါ်လွင်ခဲ့ကြပါတယ်။ အဆိုပါငွေကြေးကို ရေဘေးသင့်ဒေသခံများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ အသုံးပြုစေလိုတာကြောင့် အလျင်အမြန်ပေးအပ်ဖို့ မလိုခဲ့ရင် လည်း နှစ်လကျော်ကြာမြင့်တဲ့အထိ မအားကြလို့ သွားမလှူဖြစ်သေးတာဆိုတဲ့ အကြောင်းပြချက် တစ်ခုကိုတော့ လူအများကလက်မခံနိုင်ကြတာပါ။ “ အဆိုပါငွေကြေးရမှ အသက်ရှင်ရမယ့်သူတွေသာဆို အသက်သေဆုံးနေ လောက်ပြီ” လို့ မှတ်ချက်ပြုဝေဖန်ကြသူတွေ များပြားလျက်ရှိပါတယ်။ မိုးဇက်က သာသာတို့ အဖွဲ့ကိုလက်ညှိုးထိုးကာ ဆဲဆိုပြောခဲ့ကြောင်း မီဒီယာရှေ့မှောက်မှာဝန်ခံထားပြီး၊ ၎င်းတို့အဖွဲ့တွေ အချိန်ဆွဲနေခြင်းကို စိတ်တိုမိကြောင်း၊ ကောက်ခံရရှိထားတဲ့အလှူငွေတွေကို လက်ထဲထားတာကြာနေပြီဖြစ် ကြောင်း၊ သွားလှူသင့်နေပြီဖြစ်ကြောင်း လှုံ့ဆော်ခြင်းသာဖြစ်ကြောင်း ပြောဆို ထားပါတယ်။
“မုန်တိုင်းသံကြားရင်၊ မိုးခြိမ်းသံကြားရင် ခွက်ခေါက်ချင်တာနဲ့ ဓာတ်ပုံရိုက်ချင်တဲ့သူတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ဆက်လက်တွေ့နေရဦးမှာပါ။ ပရဟိတဆိုတာက ကိုယ့်ကိုယ်ကျိုးကို စွန့်ပြီး၊ ကိုယ့်အလုပ် တွေကို ဘေးဖယ်၊ ဖျက်ပြီး လုပ်ကိုင်ဆောင်ရွက်မှ ပရဟိတလို့ခေါ်တာပါ။ လူစုံမှလှူဖို့ အရေးကြီးတာလား၊ ဓာတ်ပုံတစ်ပုံ ထွက်ဖို့က အရေးကြီးတာလားလို့ မိုက်ဇက်က အကြံပြု စကားဆိုကာ မေးခွန်းထုတ်ထားတာဖြစ်ပါတယ်။ ပရိသတ် တွေကတော့ ၎င်းတို့ရဲ့ရေဘေးအလှူ ဘယ်လိုဘယ်ပုံဆက်ဖြစ်မလဲဆို တာ စောင့်ကြည့်လျက်ရှိပါတယ်။
ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ နားခွင့်ပြုပါ...
Zawgyi Version;
“Iron Cross အဖြဲ႕ကို ျပည္ေျပးေတြ ဘာေၾကာင့္ ရႈတ္ခ်ေနၾကသလဲ”
အိျဖဴ(NP News) - ဒီဇင္ဘာ ၁
Iron Cross အဖြဲ႕ကို ဘာေၾကာင့္ ရႈတ္ခ်ေနၾကသလဲ
မဂၤလာပြဲတစ္ခုမွာ သြားေရာက္ေဖ်ာ္ေျဖခဲ့တဲ့ ေလးျဖဴ၊ အငဲ၊ မ်ိဳးႀကီးနဲ႔ ဝိုင္ဝိုင္းတို႔ Iron Cross အဖြဲ႕ကို လူတခ်ိဳ႕က ရႈတ္ခ်ေျပာဆိုလာၾကပါတယ္။ အႏုပညာရွင္၊ ဂီတသမားဆိုတာ မိမိထံ ပြဲဖိတ္ၾကား၊ ငွားရမ္းသူ မည္သူကိုမဆို ျငင္းဆန္လိုျခင္းမ်ိဳးမရွိၾကဘဲ သြားေရာက္ေဖ်ာ္ေျဖေပးေလ့ရွိၾကပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ ေအာင္ျမင္အေက်ာ္ၾကားဆုံး Iron Cross အဖြဲ႕ရဲ႕သမိုင္းအစဥ္အလာအရ ေဖ်ာ္ေျဖ ေရးစင္ျမင့္၊ ပြဲအခမ္းအနားေ႐ြးခ်ယ္စိစစ္လြန္းသူေတြ၊ အႏုပညာေၾကးျမင့္မားတဲ့ဂီတအႏုပညာရွင္ေတြ အျဖစ္ နာမည္ႀကီးသူေတြျဖစ္တာေၾကာင့္ စားေသာက္ဆိုင္၊ မဂၤလာပြဲတို႔မွာေဖ်ာ္ေျဖတာက ထူးဆန္း ေနတာပဲျဖစ္ပါတယ္။
အဆိုပါမဂၤလာပြဲအခမ္းအနားမွာ ေလးျဖဴ၊ အငဲ၊ မ်ိဳးႀကီးနဲ႔ ဝိုင္ဝိုင္းတို႔အဖြဲ႕ လာေရာက္ေဖ်ာ္ေျဖ ဖို႔အတြက္ အႏုပညာေၾကးအျဖစ္ ခ်ီးျမႇင့္ေငြေၾကး က်ပ္သိန္း (၁၁၀ဝ)နဲ႔ ငွားရမ္းခဲ့တာျဖစ္ေၾကာင္း၊ အဆိုပါေငြေၾကးက တီးခတ္တဲ့ Band အဖိုးအခမပါဝင္ခဲ့ေၾကာင္း သတင္းမ်ားအရ သိရပါတယ္။ “ ပြဲရွင္၊ အလႉရွင္က တတ္ႏိုင္လို႔ငွားတယ္၊ အႏုပညာရွင္က သီဆိုဖို႔အဆင္ေျပလို႔ဆိုၾကတယ္၊ မထူးဆန္းပါဘူး” “ခက္ခဲလာတဲ့ေခတ္ကာလထဲမွာ Iron Cross အဖြဲ႕သားေတြက ပိုက္ဆံရွာဖို႔ ဂုဏ္သိကၡာေတြေတာင္ မငဲ့ေတာ့ပါလား”၊ ေဖ်ာ္ေျဖေရးအႏုပညာရွင္က သူ႔အလုပ္သူလုပ္႐ုံပါ” အစရွိတဲ့အဆိုးအေကာင္း မွတ္ခ်က္မ်ိဳးစုံထြက္ေပၚေနတာ ျဖစ္ပါတယ္။
အဆိုပါမဂၤလာပြဲက ေက်ာက္ဆည္ၿမိဳ႕ရဲ႕ထိပ္တန္းသူေဌးစာရင္းဝင္ေကသီဦးမိသားစုရဲ႕ အငယ္ဆုံး သား မဂၤလာပြဲအခမ္းအနားျဖစ္ၿပီး တပ္မေတာ္အႀကီးအကဲေတြနဲ႔ပတ္သက္ဆက္ႏႊယ္သူ လူပုဂၢိဳလ္ေတြ ျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါမဂၤလာပြဲကို ေက်ာက္ဆည္ၿမိဳ႕နယ္ခန္းမမွာခမ္းနား ႀကီးက်ယ္စြာ အကုန္အက်ခံက်င္းပခဲ့တာျဖစ္ၿပီး ညစာစားပြဲမွာ ေဇာ္ပိုင္၊ ဟဲေလး၊ ဝိုင္းစုခိုင္သိန္း၊ နီနီခင္ေဇာ္တို႔က ေဖ်ာ္ေျဖခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ေလးျဖဴဟာ လြန္ခဲ့တဲ့လပိုင္းက ေနျပည္ေတာ္က VIP စားေသာက္ ဆိုင္မွာ သီဆိုေဖ်ာ္ေျဖခဲ့ခ်ိန္အတြင္း “ထစ္ခနဲရွိ ဘာလုပ္မယ္၊ ညာလုပ္မယ္ဆိုတာ သူငယ္ခ်င္းတစ္ေယာက္က လာျပတယ္။ မင္းကို BC (boycott)လုပ္မယ္လို႔ေျပာေနၾကတယ္ေပါ့။ ကြၽန္ေတာ္ BC (boycott)မေျပာနဲ႔ A to Z ေတာင္ နားမလည္ပါဘူး” လို႔ ေျပာဆိုမႈရွိခဲ့ၿပီးေနာက္ ျပည္ေျပးအႏုပညာသမားေတြက Iron cross အဖြဲ႕နဲ႔ ေတးသံရွင္ေလးျဖဴကို Boycott လုပ္ၾကဖို႔ ဝိုင္းဝန္း လႈံ႕ေဆာ္ဖူးခဲ့ၾကၿပီး ဆက္လက္ရပ္တည္ဖို႔ခက္ခဲေအာင္လုပ္ေဆာင္ၾကဖို႔ အုပ္စုဖြဲ႕တိုက္ခိုက္ခဲ့ၾကဖူးပါ တယ္။ အခုျဖစ္စဥ္မွာလည္း အလားတူအျပဳအမူမ်ိဳးေတြ လုပ္ေဆာင္လာၾကပါတယ္။
ႏွစ္(၂၀)ၾကာမွ ထြက္ေပၚလာတဲ့ အမွန္တရားတစ္ခု
နာမည္ႀကီးဒါ႐ိုက္တာတစ္ဦးနဲ႔ ထိပ္တန္းမင္းသမီးႀကီးတစ္ဦးတို႔ရဲ႕အိမ္ေထာင္ေရးၿပိဳကြဲမႈျဖစ္စဥ္မွာ ၾကားလူအျဖစ္ လုံးဝ ပါဝင္ခဲ့ျခင္းမရွိေၾကာင္းကို ႐ုပ္ရွင္သ႐ုပ္ေဆာင္ သင္းသင္းယုလႈိင္က ႏွစ္ေပါင္း (၂၀) ေက်ာ္ၾကာၿပီးမွ အြန္လိုင္းမီဒီယာေတြကတစ္ဆင့္ ျပန္လည္ထုတ္ေဖာ္ေျဖရွင္းလာပါတယ္။
သင္းသင္းယုလႈိင္အေနနဲ႔ သ႐ုပ္ေဆာင္ေမပန္းခ်ီရဲ႕ MPC Lipstick ေၾကာ္ျငာ႐ိုက္ကူးမႈနဲ႔အတူ ပရိသတ္ေတြေရွ႕ေမွာက္ကို ပထမဆုံးအႀကိမ္ ျပန္လည္ပြဲထြက္လာခဲ့ခ်ိန္ ေၾကာ္ျငာပို႔စ္ေအာက္မွာ သူရဲ႕ အတိတ္ဆိုးေတြကို ဒီေန႔အခ်ိန္အထိ တူးဆြေျပာဆိုသူေတြလည္းရွိေနဆဲျဖစ္တာေၾကာင့္ အတိတ္ အေၾကာင္းေတြကို ျပန္လည္ထုတ္ေဖာ္ေျပာျပခဲ့ျခင္း ျဖစ္ပါတယ္။
ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္နဲ႔ မင္းသမီးေမသန္းႏုတို႔ အိမ္ေထာင္ေရးၿပိဳကြဲရမႈျဖစ္စဥ္မွာ သ႐ုပ္ေဆာင္သင္းသင္းယုလႈိင္က အဓိကတရားခံျဖစ္ေၾကာင္း လူအမ်ားက တရားေသ သတ္မွတ္ခဲ့ၾကၿပီး သင္းသင္းယုလႈိင္ အႏုပညာအလုပ္ေတြ ဆက္လုပ္ကိုင္လို႔မရႏိုင္တဲ့အထိ ေဝဖန္ပုတ္ခတ္ေျပာဆိုခဲ့ၾက တာပါ။ သူ႔အေနနဲ႔ လြန္ခဲ့တဲ့ ႏွစ္(၂၀)ကတည္းက စာနယ္ ဇင္းမီဒီယာေတြနဲ႔ေျဖရွင္းမႈလုပ္ေဆာင္ခဲ့ ေပမယ့္ မီဒီယာတခ်ိဳ႕ရဲ႕ လိုရာဆြဲေရးသတင္းေခါင္းစဥ္ေတြေၾကာင့္ သင္းသင္းယုလႈိင္ရဲ႕နာမည္ ဂုဏ္ သတင္းထိခိုက္ခဲ့႐ုံမက မိဘ၊ ေဆြမ်ိဳး အသိုင္းအဝိုင္းပါမက်န္ လူမႈပတ္ဝန္းက်င္မွာ မ်က္ႏွာငယ္၊ ဂုဏ္ သိကၡာထိခိုက္ခဲ့ရေၾကာင္း ျပန္လည္ၾကားသိခဲ့ရပါတယ္။ အႏုပညာေလာကမွာ ဒါ႐ိုက္တာ စင္ေရာ္ ေမာင္ေမာင္၊ မင္းသမီးေမသန္းႏုနဲ႔ သ႐ုပ္ေဆာင္သင္းသင္းယုလႈိင္တို႔ရဲ႕ျဖစ္စဥ္က ေခါင္းႀကီးပိုင္း သတင္း တစ္ပုဒ္ျဖစ္ခဲ့ကာ ထိပ္တန္းမင္းသမီးရဲ႕အိမ္ေထာင္ေရးအေပၚ တက္သစ္စေမာ္ဒယ္ေပါက္စရဲ႕ ခေလာက္ ဆန္မႈတစ္ခုအျဖစ္ လူအမ်ားကရႈျမင္ခဲ့ၾကတာပါ။
“အႏုပညာရပ္နားလိုက္တာက ဒါ႐ိုက္တာတစ္ဦးနဲ႔ေဖာက္ျပန္လို႔၊ သူမ်ားအိမ္ေထာင္ေရးကိုၿဖိဳခြဲ လို႔ အႏုပညာအလုပ္ကို ဆက္မလုပ္ေတာ့တာဆိုၿပီး ေျပာခဲ့ၾကတယ္။ အဲဒီေၾကာ္ျငာ႐ိုက္ကူးေရးမွာ အန္တီဆင့္လည္း ပါတယ္။ တျခားသူေတြလည္း အမ်ားႀကီးပါခဲ့ပါတယ္။ ဒါ႐ိုက္တာနဲ႔ကလည္း ဆရာတပည့္ဆက္ဆံေရးထက္လည္း ဘာတစ္ခုမွမပိုခဲ့ဘူး။ အစ္မကိုယ္တိုင္လည္း လိပ္ျပာလုံတယ္။ အဲဒီလိုေျပာဆိုမႈေတြေၾကာင့္လည္း စိတ္ဒဏ္ရာေတြလည္းရခဲ့၊ ထိခိုက္ခဲ့ရၿပီး၊ အရမ္းလည္းစိတ္မေကာင္း ျဖစ္ခဲ့ရတယ္” လို႔ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။
သင္းသင္းယုလႈိင္က အသက္ (၃၉)ႏွစ္အထိ အပ်ိဳႀကီးမမဂုဏ္ပုဒ္ကိုေစာင့္ထိန္းခဲ့သူျဖစ္ကာ အသက္ (၄၀)အ႐ြယ္မွာ လားရႈိးၿမိဳ႕မွ ရွမ္းတ႐ုတ္လူမ်ိဳး အမ်ိဳးသားတစ္ဦးနဲ႔ (၂၀၂၃)ခုႏွစ္ ဧၿပီလမွာ လက္ထပ္ ထိမ္းျမားခဲ့ပါတယ္။ ဒါေပမဲ့ သူရဲ႕အိမ္ေထာင္ေရးကံကဆိုး႐ြားခဲ့ၿပီး ေျခာက္လအၾကာမွာပဲ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲခဲ့ပါတယ္။
အိမ္ေထာင္သက္ (၆)လသာ တည္ေဆာက္ႏိုင္မႈအေပၚ ေဝဖန္ခံေနရေၾကာင့္ “အိမ္ေထာင္ေရးမွာ ႏွစ္ဖက္ သစၥာရွိ၊ သစၥာမေဖာက္ပါက အိမ္ေထာင္ေရးတည္ၿမဲလိမ့္မယ္လို႔ယုံၾကည္ခဲ့ေပမယ့္ အိမ္ ေထာင္ ေရးက အလြန္ကိုနက္နဲမႈရွိေၾကာင္း” တုံ႔ျပန္ခဲ့ပါတယ္။ သင္းသင္းယုလႈိင္ရဲ႕ႀကဳံေတြခဲ့ရတဲ့ျဖစ္စဥ္ကို ၾကည့္ျခင္းအားျဖင့္ ျပႆနာကိစၥတစ္ခုႀကဳံလာတိုင္း ထြက္ေျပး ေပ်ာက္ကြယ္သြားျခင္းမ်ိဳးမလုပ္ဘဲ ကိုယ္မွန္တယ္လို႔ ယုံၾကည္ပါက အမွန္အတိုင္းေျဖရွင္းခဲ့သင့္ေၾကာင္း ေထာက္ျပခဲ့ၾကပါတယ္။ ႏွစ္ေပါင္း (၂၀)ေက်ာ္အထိ လူအမ်ားရဲ႕ေဝဖန္ကဲ့ရဲ႕တဲ့ အၾကည့္၊ အေျပာ၊ ရႈတ္ခ်မႈေတြကိုရင္ဆိုင္ခဲ့ရတဲ့ သင္းသင္း ယုလႈိင္ရဲ႕အျဖစ္ကိုလည္း သနားဂ႐ုဏာသက္ၾကတဲ့အျပင္ အိမ္ေထာင္ေရးကံအားနည္းမႈကိုလည္း သူ႔ပရိသတ္ေတြက အားေပးစကားဆိုထားၾကတာကို ေတြ႕ျမင္ရပါတယ္။
ေရေဘးအေၾကာင္းျပဳ ျဖစ္ေပၚလာတဲ့ အလႉေငြျပႆနာ
ဖိုက္တင္သ႐ုပ္ေဆာင္ မိုးဇက္နဲ႔ ဇာတ္ပို႔သ႐ုပ္ေဆာင္သာသာတို႔အျပန္အလွန္ပုတ္ခတ္ေျပာဆိုမႈ ေတြက အႏုပညာရွင္အ ခ်င္းခ်င္းၾကား အရွက္ရစရာေတြျဖစ္လို႔ေနပါတယ္။ ျဖစ္စဥ္က (၂၀၂၄) ခုႏွစ္ စက္တင္ဘာလအတြင္းကျဖစ္ေပၚခဲ့တဲ့ ရာဂီမုန္တိုင္းဒဏ္ သင့္ျပည္သူမ်ားကို လႉဒါန္းဖို႔ အေၾကာင္းျပဳ ကာ အလႉေငြေကာက္ခံရာမွ ရရွိလာတဲ့အလႉေငြေတြကို ႏွစ္လအၾကာ ႏိုဝင္ဘာလ (၂၇) ရက္ထိတိုင္ လႉဒါန္းမႈမရွိျခင္းေၾကာင့္ျဖစ္ပါတယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္သာသာအပါအဝင္ အဖြဲ႕သားေတြနဲ႔ ဖိုက္တင္ သ႐ုပ္ေဆာင္ မိုးဇက္တို႔က အလႉေငြေကာက္ခံခဲ့ၾကၿပီး အလႉေငြ က်ပ္သိန္း (၁၃၀)ေက်ာ္ရရွိခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါေငြကို သြားေရာက္လႉ ဒါန္းဖို႔ အခ်ိန္ႏွစ္လၾကာျမင့္ခဲ့ေပမယ့္ လႉဒါန္းျခင္း မရွိေသး ေၾကာင္း၊ အဖြဲ႕သားအားလုံးက လူမစုံတာေၾကာင့္တစ္ေၾကာင္း၊ အခ်ိန္/ ေန႔ရက္မအားတာေၾကာင့္ လည္းေကာင္း ရက္ေ႐ႊ႕ဆိုင္းလာခဲ့တာ ႏွစ္လၾကာျမင့္ခဲ့ေၾကာင္း မိုးဇက္က ကနဦး ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
“ကြၽန္ေတာ္ေျပာျပမယ္။ သိန္း (၁၃၀)ေက်ာ္ကိုသြားလႉဖို႔ ႏွစ္လၾကာမယ္ဆိုရင္ သိန္း တစ္ေထာင္ေက်ာ္ ဆိုရင္ ႏွစ္ႏွစ္ၾကာသြားမယ္(ရယ္လ်က္)၊ သိန္းေထာင္ခ်ီ၊ ေသာင္းခ်ီလႉဒါန္းေနတဲ့ ခိုင္ႏွင္းေဝတို႔၊ ျဖဴျဖဴေထြးတို႔ ဘာအသံမွမထြက္ဘူး။ အေႂကြေစ့ေတြက အသံထြက္ပါတယ္။ တျခားသ႐ုပ္ေဆာင္ေတြ၊ မင္းသားမင္းသမီးေတြ ဆိုရင္ သူတို႔အလုပ္ေတြကိုဖ်က္ၿပီးေတာ့ သြားလႉ ၾကတာပါ။ ပရဟိတဆိုတာ ကိုယ့္အက်ိဳး ကိုစြန႔္ၿပီး သူတစ္ပါး အက်ိဳးကိုေဆာင္႐ြက္တာ ပရဟိတပါ။ သူတို႔က မီဒီယာေတြေခၚရွင္းတာကိုၾကည့္ၿပီး သူတို႔အရွက္ကြဲတာကို မသိဘူး” လို႔ မိုးဇက္က မီဒီယာကတစ္ဆင့္ ေျပာဆိုခဲ့တာပါ။ ႐ုပ္ရွင္သ႐ုပ္ေဆာင္သာသာတို႔ဘက္ကလည္း လူစုံ တက္စုံေခၚကာ မီဒီယာေတြပါ ဖိတ္ေခၚၿပီး ေရေဘးအလႉေငြေတြ မလႉျဖစ္ေသးတဲ့အေၾကာင္းနဲ႔ မိုးဇက္ရဲ႕ အျပဳအမူေတြကို တုံ႔ျပန္ခဲ့ၾကတာပါ။
ေရေဘးသင့္ျပည္သူေတြအတြက္ လႉဒါန္းဖို႔အေၾကာင္းျပကာ အလႉခံထားတဲ့ေငြေၾကးေတြကို သိမ္းဆည္းထားမႈက သတင္းအမွန္ျဖစ္ခဲ့ၿပီး၊ ပရဟိတေခါင္းစဥ္ေအာက္မွေနကာ ေငြေၾကးျပႆနာေတြ ရႈပ္ေထြးခဲ့ ေၾကာင္း တျဖည္းျဖည္းေပၚလြင္ခဲ့ၾကပါတယ္။ အဆိုပါေငြေၾကးကို ေရေဘးသင့္ေဒသခံမ်ား ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္မွာ အသုံးျပဳေစလိုတာေၾကာင့္ အလ်င္အျမန္ေပးအပ္ဖို႔ မလိုခဲ့ရင္ လည္း ႏွစ္လေက်ာ္ၾကာျမင့္တဲ့အထိ မအားၾကလို႔ သြားမလႉျဖစ္ေသးတာဆိုတဲ့ အေၾကာင္းျပခ်က္ တစ္ခုကိုေတာ့ လူအမ်ားကလက္မခံႏိုင္ၾကတာပါ။ “ အဆိုပါေငြေၾကးရမွ အသက္ရွင္ရမယ့္သူေတြသာဆို အသက္ေသဆုံးေန ေလာက္ၿပီ” လို႔ မွတ္ခ်က္ျပဳေဝဖန္ၾကသူေတြ မ်ားျပားလ်က္ရွိပါတယ္။ မိုးဇက္က သာသာတို႔ အဖြဲ႕ကိုလက္ညႇိဳးထိုးကာ ဆဲဆိုေျပာခဲ့ေၾကာင္း မီဒီယာေရွ႕ေမွာက္မွာဝန္ခံထားၿပီး၊ ၎တို႔အဖြဲ႕ေတြ အခ်ိန္ဆြဲေနျခင္းကို စိတ္တိုမိေၾကာင္း၊ ေကာက္ခံရရွိထားတဲ့အလႉေငြေတြကို လက္ထဲထားတာၾကာေနၿပီျဖစ္ ေၾကာင္း၊ သြားလႉသင့္ေနၿပီျဖစ္ေၾကာင္း လႈံ႕ေဆာ္ျခင္းသာျဖစ္ေၾကာင္း ေျပာဆို ထားပါတယ္။
“မုန္တိုင္းသံၾကားရင္၊ မိုးၿခိမ္းသံၾကားရင္ ခြက္ေခါက္ခ်င္တာနဲ႔ ဓာတ္ပုံ႐ိုက္ခ်င္တဲ့သူေတြကို ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာက ဆက္လက္ေတြ႕ေနရဦးမွာပါ။ ပရဟိတဆိုတာက ကိုယ့္ကိုယ္က်ိဳးကို စြန႔္ၿပီး၊ ကိုယ့္အလုပ္ ေတြကို ေဘးဖယ္၊ ဖ်က္ၿပီး လုပ္ကိုင္ေဆာင္႐ြက္မွ ပရဟိတလို႔ေခၚတာပါ။ လူစုံမွလႉဖို႔ အေရးႀကီးတာလား၊ ဓာတ္ပုံတစ္ပုံ ထြက္ဖို႔က အေရးႀကီးတာလားလို႔ မိုက္ဇက္က အႀကံျပဳ စကားဆိုကာ ေမးခြန္းထုတ္ထားတာျဖစ္ပါတယ္။ ပရိသတ္ ေတြကေတာ့ ၎တို႔ရဲ႕ေရေဘးအလႉ ဘယ္လိုဘယ္ပုံဆက္ျဖစ္မလဲဆို တာ ေစာင့္ၾကည့္လ်က္ရွိပါတယ္။
ဒီတစ္ပတ္အတြက္ ဒီေလာက္နဲ႔ နားခြင့္ျပဳပါ...