ထိုင်းတွင်ရေကြီးမှုကြောင့် ၉ ဦးသေပြီး လူထောင်ချီနေရပ်စွန့်ခွာ

 287

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁

ထိုင်းနိုင်ငံတွင်ထိုင်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသော ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၉ဦး သေဆုံးကာ လူပေါင်းထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။ ကယ်ဆယ်ရေးသမားများသည် လှေများ အသက်ကယ်အင်္ကျီများအသုံးပြုကာ ရေထဲပိတ်မိနေသူများကို ကယ်ထုတ်နေရကြောင်းသိရသည်။ ထိုင်းအစိုးရ တာဝန်ရှိသူတစ်ဦးက ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဒေသ ၈ ခု ၏ မိသားစုပေါင်း ငါးသောင်းကျော် ရေကြီးမှုဒဏ် ခံစားခဲ့ ရကြောင်း ပြောသည်။
ရေကြီးမှုများကြောင့် ထိုင်းနိုင်ငံတောင်းပိုင်းက ဆေးရုံများ ရထားခရီးစဥ်များ အပါအဝင် ပြည်သူဝန်ဆောင်မှု လုပ်ငန်းအချို့ ဆိုင်းငံခဲ့ရကြောင်း သိရသည်။ ထိုင်းတောင်ပိုင်း နှင့် နယ်စပ်ချင်းထိစပ်နေသော မလေးရှားနိုင်ငံ တွင်လည်း ရေကြီးမှုများဖြစ်နေပြီး လူပေါင်း ရှစ်သောင်းကျော် ရေကြီးမှုဒဏ်ခံစားနေရ ကြောင်း သိရသည်။ ရေကြီးမှုသည် နိုင်ငံတောင်ပိုင်းတွင် လာမည့်သီတင်းပတ်အထိ ဆက်ရှိမည်ဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ဖွယ်ရှိနေကြောင်း သိရသည်။ ထိုင်းအစိုးရသည် ရေကြီးမှုဒဏ်ခံရသော ဒေသများကို အကူအညီ များပေးနိုင်ရန် ထိုင်းစစ်သားများ လုံခြုံရေးအဖွဲ့ဝင်များ ထပ်မံစေလွတ်ပေးခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ထိုင္းတြင္ေရႀကီးမႈေၾကာင့္ ၉ ဦးေသၿပီး လူေထာင္ခ်ီေနရပ္စြန္႔ခြာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁

ထိုင္းႏိုင္ငံတြင္ထိုင္းႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရွိေနေသာ ေရႀကီးမႈမ်ားေၾကာင့္ အနည္းဆုံး လူ ၉ဦး ေသဆုံးကာ လူေပါင္းေထာင္ခ်ီ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရေၾကာင္း သိရသည္။ ကယ္ဆယ္ေရးသမားမ်ားသည္ ေလွမ်ား အသက္ကယ္အက်ႌမ်ားအသုံးျပဳကာ ေရထဲပိတ္မိေနသူမ်ားကို ကယ္ထုတ္ေနရေၾကာင္းသိရသည္။ ထိုင္းအစိုးရ တာဝန္ရွိသူတစ္ဦးက ထိုင္းႏိုင္ငံေတာင္ပိုင္းရွိ ေဒသ ၈ ခု ၏ မိသားစုေပါင္း ငါးေသာင္းေက်ာ္ ေရႀကီးမႈဒဏ္ ခံစားခဲ့ ရေၾကာင္း ေျပာသည္။
ေရႀကီးမႈမ်ားေၾကာင့္ ထိုင္းႏိုင္ငံေတာင္းပိုင္းက ေဆး႐ုံမ်ား ရထားခရီးစဥ္မ်ား အပါအဝင္ ျပည္သူဝန္ေဆာင္မႈ လုပ္ငန္းအခ်ိဳ႕ ဆိုင္းငံခဲ့ရေၾကာင္း သိရသည္။ ထိုင္းေတာင္ပိုင္း ႏွင့္ နယ္စပ္ခ်င္းထိစပ္ေနေသာ မေလးရွားႏိုင္ငံ တြင္လည္း ေရႀကီးမႈမ်ားျဖစ္ေနၿပီး လူေပါင္း ရွစ္ေသာင္းေက်ာ္ ေရႀကီးမႈဒဏ္ခံစားေနရ ေၾကာင္း သိရသည္။ ေရႀကီးမႈသည္ ႏိုင္ငံေတာင္ပိုင္းတြင္ လာမည့္သီတင္းပတ္အထိ ဆက္ရွိမည္ျဖစ္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ား ဆက္လက္ျဖစ္ဖြယ္ရွိေနေၾကာင္း သိရသည္။ ထိုင္းအစိုးရသည္ ေရႀကီးမႈဒဏ္ခံရေသာ ေဒသမ်ားကို အကူအညီ မ်ားေပးႏိုင္ရန္ ထိုင္းစစ္သားမ်ား လုံၿခဳံေရးအဖြဲ႕ဝင္မ်ား ထပ္မံေစလြတ္ေပးခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.