ကျောင်းသားအချင်းချင်း ချိန်းဆို ရန်ဖြစ်ရာမှ နှစ်ဦး ဓားထိုးခံရမှု သန်လျင်တွင် ဖြစ်ပွား
1911
စော (NP News) - ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ကျောင်းသားအချင်းချင်း ချိန်းဆို ရန်ဖြစ်ရာမှ နှစ်ဦး ဓားထိုးခံရပြီး ကျူးလွန်သူ (၆)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၃ဝ ရက်)၊ ည (၇)နာရီအချိန်က သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဟိန္ဒူဘုရား ကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဖြစ်စဉ်ဖြစ်သွားတယ်ပဲ ကြားတယ်။ ကမ်းနားဘက်မှာ ဖြစ်သွားတာ။ နယ်မြေခံကားပဲ သွားတာ ကျွန်တော်တို့ မသွားလိုက်ရဘူး။ ထိခိုက်ဒဏ်ရာရရှိတယ်လို့တော့ ကြားတယ်။ ဘယ်သူတွေထိလဲတော့မသိဘူး” ဟု ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ သတ္တမတန်းကျောင်းသားတစ်ဦးသည် လွန်ခဲ့သော နှစ်ပတ်ခန့်က ဖူဆယ်ကွင်းတွင် ဘောလုံးကန်နေစဉ် ဆယ်တန်းကျောင်းသားတစ်ဦးနှင့် ရန်ဖြစ်ခဲ့၍ အဆိုပါဆယ်တန်းကျောင်းသားမှ ယမန်နေ့ (နိုဝင်ဘာ ၃၀ရက်)တွင် ရန်ဖြစ်ရန် ချိန်းဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် သတ္တမတန်းကျောင်းသားအပါအဝင် နှစ်ဦးက ည(၇)နာရီအချိန်တွင် သွားရောက်ခဲ့ရာ ချိန်းဆိုသည့်နေရာ အရောက်တွင် အသင့်စောင့်နေသူ (၁၀)ဦးခန့်က ဆန်ထိုးပိုက်၊ ဓားတို့ဖြင့် ထိုးခုတ်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဓားထိုးခံရသူနှစ်ဦးတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ည (၉)နာရီဝန်းကျင်အချိန်တွင် ပြစ်မှုကျူးလွန်ခဲ့သူ (၈)တန်း ကျောင်းသား (၃)ဦး အပါအဝင် (၁၂)တန်းကျောင်းသား တစ်ဦး၊ (၁၀)တန်းကျောင်းသား တစ်ဦးနှင့် ကျပန်း လုပ်သားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဖမ်းဆီးရန် ကျန်ရှိသူ နှစ်ဦးကိုလည်း ဖမ်းဆီးရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
Zawgyi Version;
ေက်ာင္းသားအခ်င္းခ်င္း ခ်ိန္းဆို ရန္ျဖစ္ရာမွ ႏွစ္ဦး ဓားထိုးခံရမႈ သန္လ်င္တြင္ ျဖစ္ပြား
ေစာ (NP News) - ဒီဇင္ဘာ ၁
ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္တြင္ ေက်ာင္းသားအခ်င္းခ်င္း ခ်ိန္းဆို ရန္ျဖစ္ရာမွ ႏွစ္ဦး ဓားထိုးခံရၿပီး က်ဴးလြန္သူ (၆)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ႏိုဝင္ဘာ ၃ဝ ရက္)၊ ည (၇)နာရီအခ်ိန္က သန္လ်င္ၿမိဳ႕နယ္၊ ၿမိဳ႕ေဟာင္းအေရွ႕ရပ္ကြက္၊ ဟိႏၵဴဘုရား ေက်ာင္းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
“ျဖစ္စဥ္ျဖစ္သြားတယ္ပဲ ၾကားတယ္။ ကမ္းနားဘက္မွာ ျဖစ္သြားတာ။ နယ္ေျမခံကားပဲ သြားတာ ကြၽန္ေတာ္တို႔ မသြားလိုက္ရဘူး။ ထိခိုက္ဒဏ္ရာရရွိတယ္လို႔ေတာ့ ၾကားတယ္။ ဘယ္သူေတြထိလဲေတာ့မသိဘူး” ဟု ေဒသခံ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ သတၱမတန္းေက်ာင္းသားတစ္ဦးသည္ လြန္ခဲ့ေသာ ႏွစ္ပတ္ခန႔္က ဖူဆယ္ကြင္းတြင္ ေဘာလုံးကန္ေနစဥ္ ဆယ္တန္းေက်ာင္းသားတစ္ဦးႏွင့္ ရန္ျဖစ္ခဲ့၍ အဆိုပါဆယ္တန္းေက်ာင္းသားမွ ယမန္ေန႔ (ႏိုဝင္ဘာ ၃၀ရက္)တြင္ ရန္ျဖစ္ရန္ ခ်ိန္းဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ သတၱမတန္းေက်ာင္းသားအပါအဝင္ ႏွစ္ဦးက ည(၇)နာရီအခ်ိန္တြင္ သြားေရာက္ခဲ့ရာ ခ်ိန္းဆိုသည့္ေနရာ အေရာက္တြင္ အသင့္ေစာင့္ေနသူ (၁၀)ဦးခန႔္က ဆန္ထိုးပိုက္၊ ဓားတို႔ျဖင့္ ထိုးခုတ္ထြက္ေျပး သြားခဲ့ေၾကာင္း သိရသည္။ အဆိုပါ ဓားထိုးခံရသူႏွစ္ဦးတို႔ကို ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးခဲ့ရာ ည (၉)နာရီဝန္းက်င္အခ်ိန္တြင္ ျပစ္မႈက်ဴးလြန္ခဲ့သူ (၈)တန္း ေက်ာင္းသား (၃)ဦး အပါအဝင္ (၁၂)တန္းေက်ာင္းသား တစ္ဦး၊ (၁၀)တန္းေက်ာင္းသား တစ္ဦးႏွင့္ က်ပန္း လုပ္သားတစ္ဦးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဖမ္းဆီးရန္ က်န္ရွိသူ ႏွစ္ဦးကိုလည္း ဖမ္းဆီးရန္ ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။