မြန်မာကုန်သွယ်ရေးကြောင့် ထိုင်းဘတ်ငွေ ပြင်ပဈေးနှင့် ဗဟိုဘဏ်ဈေးတူညီလာ
892
NP News - ဒီဇင်ဘာ ၁
မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာအစား ထိုင်းဘတ်ငွေ နှင့် တရုတ်ယွမ်ငွေများ ဈေးကွက်အတွင်း ဝင်ရောက်မှုများလာခြင်းကြောင့် ဗဟိုဘဏ်က ထိုင်းဘတ်ငွေဈေးကို တိုးမြင့်သတ်မှတ်လာခဲ့ရာ ပြင်ပပေါက်ဈေးဖြင့်တူညီလာကြောင်း သွင်းကုန်/ထုတ်ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
ပြင်ပငွေလဲဈေးကွက်တွင် ထိုင်းဘတ်ငွေတစ်ဘတ်လျှင် ၁၃၀ ကျပ် ပေါက်ဈေးရှိနေပြီး ဗဟိုဘဏ်မှ နိုဝင်ဘာ(၂၉) ရက်နေ့ အွန်လိုင်းပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၁၂၉ကျပ် အထိ ပေါက်ဈေးဖြစ်ပေါ်နေခဲ့သည်။
“ကုန်သွယ်ရေးဘက်မှာ အမေရိကန်ဒေါ်လာ အသုံးပြုတာကျဆင်းလာတာကြောင့်လဲပါတယ်၊ မြန်မာငွေ နဲ့ ထိုင်းဘတ်၊ တရုတ်ယွမ်တွေ တိုက်ရိုက် ကုန်သွယ်မှုလည်းများလာတယ်။ ဒါပေမယ့် မြန်မာငွေတန်ဖိုးတက်လာတာ တော့ မဟုတ်ဘူး ငွေကြေးတန်ဖိုးကြုံသွားတာပါ။ သုံးလို့ရတဲ့နေရာရှားသွားတဲ့သဘောပါ” ဟု ပြင်ပငွေကြေး အရောင်းအဝယ်ဈေးကွက်အတွင်းမှ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
ငွေကြေးလဲလှယ်တဲ့ဈေးကွက်ထဲ၌ အမေရိကန်ဒေါ်လာ ဈေးကျခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုးတက်လာသည် ဟု အများက ထင်နေကြသော်လည်း အလဲအလှယ်များသည့် ဘတ်နဲ့ ယွမ်ငွေများအကြားတွင် မြန်မာငွေတန်ဖိုးက ကျဆင်းနေကြောင်း သိရသည်။
"ဗဟိုဘဏ်က ဒေါ်လာကိုလည်း စက်တင်ဘာမှာ (၃၅၂၄) ကျပ် ဝန်းကျင်ကနေ အခု (၃၅၈၅) ကျပ် အထိ တက်ရောင်းပေမယ့် ဒေါ်လာကို အရမ်းတက်မရောင်းပါဘူး။ ဘတ်နဲ့ယွမ်ကို ဘာလို့ဈေးတင်ရောင်းလာလဲဆိုရင် စီးပွားရေးပိတ်ဆို့ခံရလို့ တချို့နိုင်ငံတွေကို ဒေါ်လာတိုက်ရိုက်ပေးချေလို့ မရတဲ့အခါ ဘတ်၊ ယွမ်၊ ရူပီး စတဲ့ ဘက်ကနေ အလွှဲအပြောင်း ပိုလုပ်ရတဲ့ပုံစံရှိပါတယ်။ လတ်တလော သွင်းကုန်တချို့အများဆုံးပေးချေနေရတာ ကလည်း ဘတ်နဲ့ ယွမ်များတာ တွေ့ရပါတယ်။ ဒီလိုပဲပြည်ပပို့ကုန်က ပြန်ငွေတဲ့ အဝင်မှာလည်း ဘတ်နဲ့ယွမ် ပိုများလာတယ်" ဟု နိုင်ငံခြားငွေကြေးလဲလှယ်ရောင်းဝယ်သူတစ်ဦးက ပြောသည်။
ဗဟိုဘဏ်အနေဖြင့် နိုဝင်ဘာလ(၂၈)ရက်တွင် ထိုင်းဘတ် (၈.၁၉၁) သန်း ထပ်မံထုတ်ရောင်းပေးခဲ့ပြီး ဗဟိုဘဏ်က အခုနိုဝင်ဘာလထဲ၌ စုစုပေါင်း ထိုင်းဘတ် (၃၄၆) သန်းကျော်ကို ထုတ်ရောင်းပေးထားခဲ့ကာ ဒေါ်လာ(၉၄)သန်း ကျော် နှင့် တရုတ်ယွမ် (၁၃.၇၅) သန်း ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Zawgyi Version;
ျမန္မာကုန္သြယ္ေရးေၾကာင့္ ထိုင္းဘတ္ေငြ ျပင္ပေဈးႏွင့္ ဗဟိုဘဏ္ေဈးတူညီလာ
NP News - ဒီဇင္ဘာ ၁
ျမန္မာႏိုင္ငံ၏ ကုန္သြယ္ေရးလုပ္ငန္းမ်ားတြင္ အေမရိကန္ေဒၚလာအစား ထိုင္းဘတ္ေငြ ႏွင့္ တ႐ုတ္ယြမ္ေငြမ်ား ေဈးကြက္အတြင္း ဝင္ေရာက္မႈမ်ားလာျခင္းေၾကာင့္ ဗဟိုဘဏ္က ထိုင္းဘတ္ေငြေဈးကို တိုးျမင့္သတ္မွတ္လာခဲ့ရာ ျပင္ပေပါက္ေဈးျဖင့္တူညီလာေၾကာင္း သြင္းကုန္/ထုတ္ကုန္လုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ျပင္ပေငြလဲေဈးကြက္တြင္ ထိုင္းဘတ္ေငြတစ္ဘတ္လွ်င္ ၁၃၀ က်ပ္ ေပါက္ေဈးရွိေနၿပီး ဗဟိုဘဏ္မွ ႏိုဝင္ဘာ(၂၉) ရက္ေန႔ အြန္လိုင္းေပါက္ေဈးအရ ထိုင္းေငြတစ္ဘတ္လွ်င္ ၁၂၉က်ပ္ အထိ ေပါက္ေဈးျဖစ္ေပၚေနခဲ့သည္။
“ကုန္သြယ္ေရးဘက္မွာ အေမရိကန္ေဒၚလာ အသုံးျပဳတာက်ဆင္းလာတာေၾကာင့္လဲပါတယ္၊ ျမန္မာေငြ နဲ႔ ထိုင္းဘတ္၊ တ႐ုတ္ယြမ္ေတြ တိုက္႐ိုက္ ကုန္သြယ္မႈလည္းမ်ားလာတယ္။ ဒါေပမယ့္ ျမန္မာေငြတန္ဖိုးတက္လာတာ ေတာ့ မဟုတ္ဘူး ေငြေၾကးတန္ဖိုးႀကဳံသြားတာပါ။ သုံးလို႔ရတဲ့ေနရာရွားသြားတဲ့သေဘာပါ” ဟု ျပင္ပေငြေၾကး အေရာင္းအဝယ္ေဈးကြက္အတြင္းမွ ကြၽမ္းက်င္သူတစ္ဦးက ေျပာသည္။
ေငြေၾကးလဲလွယ္တဲ့ေဈးကြက္ထဲ၌ အေမရိကန္ေဒၚလာ ေဈးက်ျခင္းေၾကာင့္ ျမန္မာက်ပ္ေငြတန္ဖိုးတက္လာသည္ ဟု အမ်ားက ထင္ေနၾကေသာ္လည္း အလဲအလွယ္မ်ားသည့္ ဘတ္နဲ႔ ယြမ္ေငြမ်ားအၾကားတြင္ ျမန္မာေငြတန္ဖိုးက က်ဆင္းေနေၾကာင္း သိရသည္။
"ဗဟိုဘဏ္က ေဒၚလာကိုလည္း စက္တင္ဘာမွာ (၃၅၂၄) က်ပ္ ဝန္းက်င္ကေန အခု (၃၅၈၅) က်ပ္ အထိ တက္ေရာင္းေပမယ့္ ေဒၚလာကို အရမ္းတက္မေရာင္းပါဘူး။ ဘတ္နဲ႔ယြမ္ကို ဘာလို႔ေဈးတင္ေရာင္းလာလဲဆိုရင္ စီးပြားေရးပိတ္ဆို႔ခံရလို႔ တခ်ိဳ႕ႏိုင္ငံေတြကို ေဒၚလာတိုက္႐ိုက္ေပးေခ်လို႔ မရတဲ့အခါ ဘတ္၊ ယြမ္၊ ႐ူပီး စတဲ့ ဘက္ကေန အလႊဲအေျပာင္း ပိုလုပ္ရတဲ့ပုံစံရွိပါတယ္။ လတ္တေလာ သြင္းကုန္တခ်ိဳ႕အမ်ားဆုံးေပးေခ်ေနရတာ ကလည္း ဘတ္နဲ႔ ယြမ္မ်ားတာ ေတြ႕ရပါတယ္။ ဒီလိုပဲျပည္ပပို႔ကုန္က ျပန္ေငြတဲ့ အဝင္မွာလည္း ဘတ္နဲ႔ယြမ္ ပိုမ်ားလာတယ္" ဟု ႏိုင္ငံျခားေငြေၾကးလဲလွယ္ေရာင္းဝယ္သူတစ္ဦးက ေျပာသည္။
ဗဟိုဘဏ္အေနျဖင့္ ႏိုဝင္ဘာလ(၂၈)ရက္တြင္ ထိုင္းဘတ္ (၈.၁၉၁) သန္း ထပ္မံထုတ္ေရာင္းေပးခဲ့ၿပီး ဗဟိုဘဏ္က အခုႏိုဝင္ဘာလထဲ၌ စုစုေပါင္း ထိုင္းဘတ္ (၃၄၆) သန္းေက်ာ္ကို ထုတ္ေရာင္းေပးထားခဲ့ကာ ေဒၚလာ(၉၄)သန္း ေက်ာ္ ႏွင့္ တ႐ုတ္ယြမ္ (၁၃.၇၅) သန္း ပါဝင္ေၾကာင္း သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။