ရုရှားနှင့်ဆက်ဆံရေးမကောင်းသော်လည်း ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် လိုလားဆန္ဒရှိနေကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော

 198

ဂျန်ဇက် (NP News) ဒီဇင်ဘာ ၁

ဂျပန်ဝန်ကြီးချုပ်အသစ်က ၎င်းတို့ အနေဖြင့် ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးစာချုပ်အသစ် ချုပ်ဆို ရန် ဆန္ဒရှိလိုလားနေကြောင်း ထုတ်ဖော်ပြော ဆိုလိုက်သည်။ ရုရှားနှင့် ဂျပန်နိုင်ငံတို့သည် ဒုတိယ ကမ္ဘာ စစ် ပြီးဆုံးချိန်နောက်ပိုင်းတည်းက ပိုင်နက်နယ်မြေ အငြင်းပွားမှုများ၊ ငြိမ်းချမ်းရေးစာချုပ်လက်မှတ် ရေးထိုးရန် အတွက် ဆွေးနွေးနေခဲ့ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် အီရှိဘာက “ရုရှားနဲ့ ဂျပန် နိုင်ငံ ကြား အပြန်အလှန်ဆက်ဆံရေးဟာ မျှော်လင့်ထားသလောက် မကောင်းပေမယ့် ရုရှားနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုလိုပါတယ်။ ရုရှားနဲ့ ဂျပန်နိုင်ငံကြားဆက်ဆံရေးက အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပေမယ့် ပိုင်နက်နယ်မြေအငြင်းပွားမှု တွေကို ဖြေရှင်းဖို့နဲ့ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုဖို့ ဆက်လက်ကြိုးပမ်းမယ်” ဟု လွှတ်တော်အတွင်း မိန့်ခွန်းပြောဆိုချိန်မှာ ထည့်သွင်းပြောဆိုခဲ့သည်။ ရုရှားနှင့် ဂျပန်နိုင်ငံတို့သည် ကူရိုင်းကျွန်းစုများနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြားပိုင်ဆိုင်မှုအတွက် အငြင်းပွားနေခဲ့ ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် ကူရိုင်းကျွန်းစုများအားလုံးကို ဆိုဗီယက်ပြည်ထောင်စုပိုင် နက်နယ်မြေ အတွင်း ထည့်သွင်းခဲ့ပြီး ဂျပန်နိုင်ငံက Iturup ကျွန်း၊ Kunashir ကျွန်းနှင့် Shikotan ကျွန်းစုများက ၎င်းတို့ပိုင်ဆိုင် ကြောင်း ပြောဆိုထား သည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက် ဂျပန်နိုင်ငံသည် ရုရှား နိုင်ငံကိုဆန့်ကျင်သော ပိတ်ဆို့မှုများချမှတ်ခဲ့ရာ ရုရှားကလည်း ဂျပန်နိုင်ငံနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရေးဆွေးနွေးမှု များကို ရပ်တန့် လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ဂျပန်နိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိက ပြိုင်ဘက်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံ နှင့် မဟာမိတ်ဆက်ဆံရေးရှိနေရာ ရုရှားနိုင်ငံက ဂျပန်နိုင်ငံ ကိုမကြာခဏဝေဖန်ပြစ်တင်ခဲ့ဖူး သည်။ ထိုအပြင် ရုရှားသည် ဂျပန်နိုင်ငံနှင့် ပင်လယ်နက်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်စာချုပ် ချုပ်ဆိုရန်လည်း လက်ရှိအချိန်အထိ ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။

Zawgyi Version;
႐ုရွားႏွင့္ဆက္ဆံေရးမေကာင္းေသာ္လည္း ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ဆိုရန္ လိုလားဆႏၵရွိေနေၾကာင္း ဂ်ပန္ဝန္ႀကီး ခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) ဒီဇင္ဘာ ၁

ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္က ၎တို႔ အေနျဖင့္ ႐ုရွားႏိုင္ငံႏွင့္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္အသစ္ ခ်ဳပ္ဆို ရန္ ဆႏၵရွိလိုလားေနေၾကာင္း ထုတ္ေဖာ္ေျပာ ဆိုလိုက္သည္။ ႐ုရွားႏွင့္ ဂ်ပန္ႏိုင္ငံတို႔သည္ ဒုတိယ ကမာၻ စစ္ ၿပီးဆုံးခ်ိန္ေနာက္ပိုင္းတည္းက ပိုင္နက္နယ္ေျမ အျငင္းပြားမႈမ်ား၊ ၿငိမ္းခ်မ္းေရးစာခ်ဳပ္လက္မွတ္ ေရးထိုးရန္ အတြက္ ေဆြးေႏြးေနခဲ့ေၾကာင္း သိရသည္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္ အီရွိဘာက “႐ုရွားနဲ႔ ဂ်ပန္ ႏိုင္ငံ ၾကား အျပန္အလွန္ဆက္ဆံေရးဟာ ေမွ်ာ္လင့္ထားသေလာက္ မေကာင္းေပမယ့္ ႐ုရွားနဲ႔ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ဆိုလိုပါတယ္။ ႐ုရွားနဲ႔ ဂ်ပန္ႏိုင္ငံၾကားဆက္ဆံေရးက အဆိုး႐ြားဆုံးအေျခအေနကို ေရာက္ရွိေနေပမယ့္ ပိုင္နက္နယ္ေျမအျငင္းပြားမႈ ေတြကို ေျဖရွင္းဖို႔နဲ႔ၿငိမ္းခ်မ္းေရး စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ဆက္လက္ႀကိဳးပမ္းမယ္” ဟု လႊတ္ေတာ္အတြင္း မိန႔္ခြန္းေျပာဆိုခ်ိန္မွာ ထည့္သြင္းေျပာဆိုခဲ့သည္။ ႐ုရွားႏွင့္ ဂ်ပန္ႏိုင္ငံတို႔သည္ ကူ႐ိုင္းကြၽန္းစုမ်ားႏွင့္ပတ္သက္ၿပီး ႏွစ္ႏိုင္ငံၾကားပိုင္ဆိုင္မႈအတြက္ အျငင္းပြားေနခဲ့ ေၾကာင္း သိရသည္။
ဒုတိယကမာၻစစ္ၿပီးဆုံးခ်ိန္တြင္ ကူ႐ိုင္းကြၽန္းစုမ်ားအားလုံးကို ဆိုဗီယက္ျပည္ေထာင္စုပိုင္ နက္နယ္ေျမ အတြင္း ထည့္သြင္းခဲ့ၿပီး ဂ်ပန္ႏိုင္ငံက Iturup ကြၽန္း၊ Kunashir ကြၽန္းႏွင့္ Shikotan ကြၽန္းစုမ်ားက ၎တို႔ပိုင္ဆိုင္ ေၾကာင္း ေျပာဆိုထား သည္။
ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ဂ်ပန္ႏိုင္ငံသည္ ႐ုရွား ႏိုင္ငံကိုဆန႔္က်င္ေသာ ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ရာ ႐ုရွားကလည္း ဂ်ပန္ႏိုင္ငံႏွင့္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈ မ်ားကို ရပ္တန႔္ လိုက္ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။ ဂ်ပန္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံ၏ အဓိက ၿပိဳင္ဘက္ႏိုင္ငံျဖစ္ေသာ အေမရိကန္ႏိုင္ငံ ႏွင့္ မဟာမိတ္ဆက္ဆံေရးရွိေနရာ ႐ုရွားႏိုင္ငံက ဂ်ပန္ႏိုင္ငံ ကိုမၾကာခဏေဝဖန္ျပစ္တင္ခဲ့ဖူး သည္။ ထိုအျပင္ ႐ုရွားသည္ ဂ်ပန္ႏိုင္ငံႏွင့္ ပင္လယ္နက္ေဒသ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ေရး မိတ္ဖက္စာခ်ဳပ္ ခ်ဳပ္ဆိုရန္လည္း လက္ရွိအခ်ိန္အထိ ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.