ဥရောပတိုက်၏ အကြီးဆုံးဗုဒ္ဓဘာသာဥယျာဥ်တော်စီမံကိန်းကို စပိန်နိုင်ငံ၌ တည်ဆောက်မည်

 2943

ယွန်း (NP News) - ဒီဇင်ဘာ ၁

ဥရောပတိုက်၏ အကြီးဆုံးဗုဒ္ဓဘာသာဥယျာဥ်တော်စီမံကိန်းကို စပိန်နိုင်ငံ၌တည်ဆောက်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) ၏ အချက်အလက်များအရ သိရသည်။
အဆိုပါစီမံကိန်းတည်ဆောက်ရန်အတွက် နိုဝင်ဘာ(၃၀)ရက်၌ IBEC ဆရာတော် နှင့် စပိန်နိုင်ငံ Cáceres မြို့ လုမ္ဗိနီဥယျာဉ်စီမံကိန်း တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြောင်း သိရသည်။

စီမံကိန်းမူလမြေနေရာသည် စပိန်အစိုးရ၏ သဘာဝပတ်ဝန်းကျင်ဥပဒေကြောင့် တည်ဆောက်ခွင့်မရသည့်အတွက် မြေနေရာအသစ်ထပ်မံ ရွေးချယ်ခဲ့ကြပြီး လက်ရှိတွင် စပိန်အစိုးရမှ တည်ဆောက်ခွင့်လိုင်စင်ရရှိပြီဖြစ်သဖြင့် မြေနေရာအသစ်တွင် ဒီဇိုင်းအသစ်ရေးဆွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

IBEC ဆရာတော်သည် ဥရောပတိုက်၊ စပိန်နိုင်ငံတွင်တည်ဆောက်မည့် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီမံကိန်း၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်ပြီး အဆိုပါစီမံကိန်းတွင်ပါဝင်သည့် The Embassy of Myanmar Temple မြန်မာသံတမန်ကျောင်းတော် နှင့် ရွှေတိဂုံစေတီတည်ထားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဥရောပတိုက်၏ အကြီးဆုံးဗုဒ္ဓဘာသာဥယျာဉ်တော်စီမံကိန်းကို မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ၊ တရုတ်၊ ဟောင်ကောင် နီပေါ၊ ဘူတန်၊ ထိုင်ဝမ် အစရှိသော နိုင်ငံများရှိဗုဒ္ဓဘာသာကိုယ်စားပြုတည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါစီမံကိန်းတွင်Buddhist Studies ဌာနအဖြစ် IBSC(Thailand) (SSBU, SIBA , IBEC -Myanmar)တို့က ဗုဒ္ဓဘာသာအဆင့်မြင့် တက္ကသိုလ်ပညာရေးအစီအစဉ်ပါဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဥေရာပတိုက္၏ အႀကီးဆုံးဗုဒၶဘာသာဥယ်ာဥ္ေတာ္စီမံကိန္းကို စပိန္ႏိုင္ငံ၌ တည္ေဆာက္မည္
ယြန္း (NP News) - ဒီဇင္ဘာ ၁

ဥေရာပတိုက္၏ အႀကီးဆုံးဗုဒၶဘာသာဥယ်ာဥ္ေတာ္စီမံကိန္းကို စပိန္ႏိုင္ငံ၌တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း အျပည္ျပည္ဆိုင္ရာဗုဒၶဘာသာပညာေရးစင္တာ(IBEC) ၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါစီမံကိန္းတည္ေဆာက္ရန္အတြက္ ႏိုဝင္ဘာ(၃၀)ရက္၌ IBEC ဆရာေတာ္ ႏွင့္ စပိန္ႏိုင္ငံ Cáceres ၿမိဳ႕ လုမၺိနီဥယ်ာဥ္စီမံကိန္း တာဝန္ရွိသူမ်ား ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

စီမံကိန္းမူလေျမေနရာသည္ စပိန္အစိုးရ၏ သဘာဝပတ္ဝန္းက်င္ဥပေဒေၾကာင့္ တည္ေဆာက္ခြင့္မရသည့္အတြက္ ေျမေနရာအသစ္ထပ္မံ ေ႐ြးခ်ယ္ခဲ့ၾကၿပီး လက္ရွိတြင္ စပိန္အစိုးရမွ တည္ေဆာက္ခြင့္လိုင္စင္ရရွိၿပီျဖစ္သျဖင့္ ေျမေနရာအသစ္တြင္ ဒီဇိုင္းအသစ္ေရးဆြဲကာ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

IBEC ဆရာေတာ္သည္ ဥေရာပတိုက္၊ စပိန္ႏိုင္ငံတြင္တည္ေဆာက္မည့္ လုမၺိနီဗုဒၶဥယ်ာဥ္ေတာ္စီမံကိန္း၏ ဒါ႐ိုက္တာအဖြဲ႕ဝင္ ျဖစ္ၿပီး အဆိုပါစီမံကိန္းတြင္ပါဝင္သည့္ The Embassy of Myanmar Temple ျမန္မာသံတမန္ေက်ာင္းေတာ္ ႏွင့္ ေ႐ႊတိဂုံေစတီတည္ထားႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ဥေရာပတိုက္၏ အႀကီးဆုံးဗုဒၶဘာသာဥယ်ာဥ္ေတာ္စီမံကိန္းကို ျမန္မာ၊ ထိုင္း၊ ကေမာၻဒီးယား၊ လာအို၊ သီရိလကၤာ၊ တ႐ုတ္၊ ေဟာင္ေကာင္ နီေပါ၊ ဘူတန္၊ ထိုင္ဝမ္ အစရွိေသာ ႏိုင္ငံမ်ားရွိဗုဒၶဘာသာကိုယ္စားျပဳတည္ေဆာက္သြားမည္ျဖစ္သည္။

အဆိုပါစီမံကိန္းတြင္Buddhist Studies ဌာနအျဖစ္ IBSC(Thailand) (SSBU, SIBA , IBEC -Myanmar)တို႔က ဗုဒၶဘာသာအဆင့္ျမင့္ တကၠသိုလ္ပညာေရးအစီအစဥ္ပါေဆာင္႐ြက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.