လက်ဝှေ့ကျော် စိုးလင်းဦး (ဒို့ရိုးရာကလပ်) ယာဥ်တိမ်းမှောက်မှု ဖြစ်ပွား
6479
NP News - ဒီဇင်ဘာ ၁
မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး (ဒို့ရိုးရာကလပ်) သည် ကရင်ပြည်နယ်တွင် ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း လက်ဝှေ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
နိုဝင်ဘာ ၃ဝ ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း စိုးလင်းဦးက လူမှုကွန်ယက်မှတဆင့် ပရိသတ်များအား အသိပေးသော်လည်း ယာဉ်တိမ်းမှောက်သည့်နေရာနှင့် အသေးစိတ်အချက်အလက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
"မနေ့ညနေက ကျွန်တော်တစ်ယောက်ထဲ တောင်ကုန်းပေါ်ကအဆင်းကားဘရိတ် မမိတော့လို့ ကားနဲ့အတူ တောင်ကုန်းပေါ်ကနေ အောက်ထိလိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်" ဟု စိုးလင်းက အသိပေးထားသည်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုဒဏ်ရာကြောင့် လာမည့် ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံတွင် ထိုးသတ်မည့် One Championship ပွဲစဥ်ကို လွဲချော်မည်ဖြစ်ကြောင်း စိုးလင်းဦး(ဒို့ရိုးရာကလပ်) က ဆိုသည်။
"ရှေ့လပွဲကတော့ ကျွန်တော့်အခြေအနေကြောင့် မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ ကူညီပေးကြတဲ့သူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်" ဟု ၎င်းက ဆိုသည်။
မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးသည် One Championship က ကျင်းပသည့် မွေထိုင်းပြိုင်ပွဲများတွင် ဝင်ရောက် ထိုးသတ်နေပြီး ပွဲစဥ် (၄)ပွဲ ထိုးသတ်ခဲ့ရာ (၃)ပွဲနိုင် (၁)ပွဲ ရှုံးရလဒ် ပိုင်ဆိုင်ထားသည်။
Zawgyi Version;
လက္ေဝွ႔ေက်ာ္ စိုးလင္းဦး (ဒို႔႐ိုးရာကလပ္) ယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြား
NP News - ဒီဇင္ဘာ ၁
ျမန္မာ့႐ိုးရာလက္ေဝွ႔ေက်ာ္ စိုးလင္းဦး (ဒို႔႐ိုးရာကလပ္) သည္ ကရင္ျပည္နယ္တြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း လက္ေဝွ႔ႏွင့္နီးစပ္သည့္ အသိုင္းအဝိုင္းထံမွ သိရသည္။
ႏိုဝင္ဘာ ၃ဝ ရက္ ညေနပိုင္းက ေတာင္ကုန္းေပၚကအဆင္း ကားဘရိတ္ေပါက္၍ ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ေၾကာင္း စိုးလင္းဦးက လူမႈကြန္ယက္မွတဆင့္ ပရိသတ္မ်ားအား အသိေပးေသာ္လည္း ယာဥ္တိမ္းေမွာက္သည့္ေနရာႏွင့္ အေသးစိတ္အခ်က္အလက္ကိုမူ ေဖာ္ျပထားျခင္း မရွိေပ။
"မေန႔ညေနက ကြၽန္ေတာ္တစ္ေယာက္ထဲ ေတာင္ကုန္းေပၚကအဆင္းကားဘရိတ္ မမိေတာ့လို႔ ကားနဲ႔အတူ ေတာင္ကုန္းေပၚကေန ေအာက္ထိလိမ့္က်ခဲ့ပါတယ္။ ဘုရားေပးတဲ့အသက္ပဲ က်န္ပါေတာ့တယ္" ဟု စိုးလင္းက အသိေပးထားသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈဒဏ္ရာေၾကာင့္ လာမည့္ ဇန္နဝါရီအတြင္း ထိုင္းႏိုင္ငံတြင္ ထိုးသတ္မည့္ One Championship ပြဲစဥ္ကို လြဲေခ်ာ္မည္ျဖစ္ေၾကာင္း စိုးလင္းဦး(ဒို႔႐ိုးရာကလပ္) က ဆိုသည္။
"ေရွ႕လပြဲကေတာ့ ကြၽန္ေတာ့္အေျခအေနေၾကာင့္ မထိုးႏိုင္ေသးပါဘူး။ ဆုေတာင္းေပးၾကတဲ့သူ ကူညီေပးၾကတဲ့သူ အေယာက္စီတိုင္းကို ေက်းဇူးတင္ပါတယ္" ဟု ၎က ဆိုသည္။
ျမန္မာ့လက္ေဝွ႔ေက်ာ္ စိုးလင္းဦးသည္ One Championship က က်င္းပသည့္ ေမြထိုင္းၿပိဳင္ပြဲမ်ားတြင္ ဝင္ေရာက္ ထိုးသတ္ေနၿပီး ပြဲစဥ္ (၄)ပြဲ ထိုးသတ္ခဲ့ရာ (၃)ပြဲႏိုင္ (၁)ပြဲ ရႈံးရလဒ္ ပိုင္ဆိုင္ထားသည္။