ပြည်ပသို့အလုပ်ဖြင့် ထွက်ခွာသူများသက်ဆိုင်ရာနိုင်ငံကိုသွားရောက်မည့်လေယာဉ်လက်မှတ်တင်ပြနိုင်မှသာ OWIC ကဒ်ထုတ်ပေးမည်

 86

NP News - ဒီဇင်ဘာ ၂

ပြည်ပအလုပ်သွားရောက်မည့်သူများသက်ဆိုင်ရာနိုင်ငံကိုသွားရောက်မည့်လေယာဉ်လက်မှတ်တင်ပြနိုင်မှသာ OWIC ကဒ်ထုတ်ပေးမည်ဟုအလုပ်သမားညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် မိမိသွားရောက်မည့်နိုင်ငံ၏ လေယာဉ်လက်မှတ်ပြနိုင် မှသာ OWIC ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားခြင်းကြောင့် ယခင်သတ်မှတ်ထားသည့် အချက်အလက်များအပြင် လေယာဉ်လက်မှတ်ကိုပါ တစ်ပါတည်းပြရမည်ဖြစ်သည်။
“OWIC ကဒ်လျောက်ပြိးသားအလုပ်သမားတွေကတော့ ထပ်လုပ်စရာမလိုဘူး၊ ခွင့်ရက်နဲ့ပြန်လာတဲ့သူတွေ ပတ်စပို့ အသစ် နဲ့ နိုင်ငံခြားသွားတဲ့သူတွေ လေယာဉ်လတ်မှတ်တင်ပြပြီး owic ကဒ်လျောက်ရမှာပါ” ဟု အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒါ့အပြင် အလုပ်အကိုင်အမျိုးအစား(PJ) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် OWIC ကတ်ရှိမှသာ ပြည်ပ ထွက်ခွာခွင့်ရရှိမည်ဖြစ်သည့်အတွက် OWIC ကတ်ကို မဖြစ်မနေလျှောက်ထားရန် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
OWIC ကတ်လျှောက်ထားရာတွင်လည်း လူသစ်ဖြစ်ပါက နိုင်ငံကူးလက်မှတ်၊ သန်းခေါင်စာရင်း၊ အလုပ်ခေါ်စာ၊ အေဂျင်စီထောက်ခံချက်၊ စမတ်ကတ်တို့ပြရမည်ဖြစ်ပြီး ခွင့်ပြန် အလုပ်သမားများအနေဖြင့် မိသားစုဆီလွှဲပို့ငွေ၊ အခွန်ဆောင်ထားသည့် အထောက်အထားနှင့် အလုပ်ခွင့်စာ တို့လိုအပ်ကြောင်း သိရသည်။

Zawgyi Version;
ျပည္ပသို႔အလုပ္ျဖင့္ ထြက္ခြာသူမ်ားသက္ဆိုင္ရာႏိုင္ငံကိုသြားေရာက္မည့္ေလယာဥ္လက္မွတ္တင္ျပႏိုင္မွသာ OWIC ကဒ္ထုတ္ေပးမည္
NP News - ဒီဇင္ဘာ ၂

ျပည္ပအလုပ္သြားေရာက္မည့္သူမ်ားသက္ဆိုင္ရာႏိုင္ငံကိုသြားေရာက္မည့္ေလယာဥ္လက္မွတ္တင္ျပႏိုင္မွသာ OWIC ကဒ္ထုတ္ေပးမည္ဟုအလုပ္သမားၫြန္ၾကားမႈဦးစီးဌာနမွ သိရသည္။
ျပည္ပသို႔အလုပ္သြားေရာက္လုပ္ကိုင္မည့္သူမ်ားအေနျဖင့္ မိမိသြားေရာက္မည့္ႏိုင္ငံ၏ ေလယာဥ္လက္မွတ္ျပႏိုင္ မွသာ OWIC ကတ္ ထုတ္ေပးမည္ျဖစ္ေၾကာင္း အလုပ္သမားၫြန္ၾကားေရးဦးစီးဌာနက ထုတ္ျပန္ထားျခင္းေၾကာင့္ ယခင္သတ္မွတ္ထားသည့္ အခ်က္အလက္မ်ားအျပင္ ေလယာဥ္လက္မွတ္ကိုပါ တစ္ပါတည္းျပရမည္ျဖစ္သည္။
“OWIC ကဒ္ေလ်ာက္ၿပိးသားအလုပ္သမားေတြကေတာ့ ထပ္လုပ္စရာမလိုဘူး၊ ခြင့္ရက္နဲ႔ျပန္လာတဲ့သူေတြ ပတ္စပို႔ အသစ္ နဲ႔ ႏိုင္ငံျခားသြားတဲ့သူေတြ ေလယာဥ္လတ္မွတ္တင္ျပၿပီး owic ကဒ္ေလ်ာက္ရမွာပါ” ဟု အလုပ္သမား ၫႊန္ၾကားမႈဦးစီးဌာန မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
ဒါ့အျပင္ အလုပ္အကိုင္အမ်ိဳးအစား(PJ) ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားအေနျဖင့္ OWIC ကတ္ရွိမွသာ ျပည္ပ ထြက္ခြာခြင့္ရရွိမည္ျဖစ္သည့္အတြက္ OWIC ကတ္ကို မျဖစ္မေနေလွ်ာက္ထားရန္ အလုပ္သမားၫႊန္ၾကားမႈ ဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။
OWIC ကတ္ေလွ်ာက္ထားရာတြင္လည္း လူသစ္ျဖစ္ပါက ႏိုင္ငံကူးလက္မွတ္၊ သန္းေခါင္စာရင္း၊ အလုပ္ေခၚစာ၊ ေအဂ်င္စီေထာက္ခံခ်က္၊ စမတ္ကတ္တို႔ျပရမည္ျဖစ္ၿပီး ခြင့္ျပန္ အလုပ္သမားမ်ားအေနျဖင့္ မိသားစုဆီလႊဲပို႔ေငြ၊ အခြန္ေဆာင္ထားသည့္ အေထာက္အထားႏွင့္ အလုပ္ခြင့္စာ တို႔လိုအပ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.