Kerem Shalom ကိုဖြတ်သန်းပြီး ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးပို့ခြင်းများကို ရပ်တန့်လိုက်ကြောင်း UNRWA အဖွဲ့ပြော

 99

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂

ကုလသမဂ္ဂရဲ့ UNRWA အဖွဲ့က အစ္စရေး နဲ့ ဂါဇာဒေသကြားရှိ အဓိကလမ်းကြောင်းဖြစ်တဲ့ Kerem Shalom ကိုဖြတ်သန်းပြီး အကူညီပေးရေးအစီအစဉ်များကို ရပ်တန့်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

UNRWA အဖွဲ့ အကြီးအကဲက ဘေးကင်းလုံခြုံရေးစိုးရိမ်ရတဲ့အတွက် အခုလိုမျိုးလုပ်ဆောင်လိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ UNRWA အဖွဲ့ အကြီးအကဲ Philippe Lazzarini က "အကူညီပေးရေး ပစ္စည်းတွေကိုပေးပို့နေတဲ့လမ်းတွေဟာ ဘေးကင်းလုံခြုံမှုမရှိတာ လပေါင်းများစွာကြာမြင့်နေပြီဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေဟာ အကူညီပေးရေးပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်ကားတွေကို
ဖမ်းဆီးတာ၊ ခိုးယူတာတွေလည်းရှိခဲ့တယ်။ ဒီဇင်ဘာ ၁ရက်နေ့ကဆိုရင် ကျွန်တော်တို့ဟာ အဲဒီလမ်းကြောင်းကနေ အကူညီပေးရေးပစ္စည်းတွေ ပေးပို့ဖို့လုပ်ဆောင်ပေမယ့် အဲဒီအကူညီပေးရေးပစ္စည်းအားလုံးကို လက်နက်ကိုင်အဖွဲ့စည်းအားလုံးက သိမ်းယူသွားတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအစီအစဉ်တွေဟာ လက်ရှိမှာမဖြစ်နိုင်တော့ဘူး"လို့ ပြောပါတယ်။

အစ္စရေး နဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း လူပေါင်း (၄)သောင်းကျော် ဒဏ်ရာရခဲ့သလို လူပေါင်း သိန်းချီနေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။
UNRWA အဖွဲ့အကြီးအကဲက ဂါဇာကမ်းမြောင်ဒေသဟာ မင်းမဲ့စရိုက်အဖြစ်သို့ ဆင်းသက်လာကာ ငတ်မွတ်ခေါင်းပါးမှုမြင့်တက်လာခြင်း၊ လုယက်ရမ်းကားမှုတွေ နဲ့ လူထုစည်းလုံးညီညွတ်မှု ပြိုလဲခြင်းအဓမ္မပြုကျင့်ခံရမှုများပြားလာခြင်းများ ဖြစ်လာနေကြောင်းပြောပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကတော့ "နိုဝင်ဘာလအတွင်းမှာပဲ ဂါဇာကမ်းမြောင်ဒေသကို ပေးပို့တဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူညီ (၇)ရာခိုင်နှုန်းရောက်ရှိအောင် UNRWA အဖွဲ့နဲ့ ပူးပေါင်းကူညီပေးနိုင်ခဲ့တယ်။ ဂါဇာဒေသမှာ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးတဲ့အဖွဲ့စည်း ဒါဇင်နဲ့ချီပြီးရှိနေတယ်။ အဲဒီအဖွဲ့စည်းတွေအားလုံးဟာ လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေ ဆက်လက်ပေးပို့ကူညီနေတယ်"လို့ပြောပါတယ်။ အစ္စရေးအစိုးရဟာ ပြီးခဲ့တဲ့လတွေတုန်းကလည်း UNRWA အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆိုင်းငံ့သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

zawgyi version
Kerem Shalom ကိုျဖတ္သန္းၿပီး ဂါဇာေဒသကို လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေပးပို႔ျခင္းမ်ားကို ရပ္တန႔္လိုက္ေၾကာင္း UNRWA အဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂

ကုလသမဂၢရဲ႕ UNRWA အဖြဲ႕က အစၥေရး နဲ႔ ဂါဇာေဒသၾကားရွိ အဓိကလမ္းေၾကာင္းျဖစ္တဲ့ Kerem Shalom ကိုျဖတ္သန္းၿပီး အကူညီေပးေရးအစီအစဥ္မ်ားကို ရပ္တန႔္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

UNRWA အဖြဲ႕ အႀကီးအကဲက ေဘးကင္းလုံၿခဳံေရးစိုးရိမ္ရတဲ့အတြက္ အခုလိုမ်ိဳးလုပ္ေဆာင္လိုက္ရတာျဖစ္တယ္လို႔ ေျပာပါတယ္။ UNRWA အဖြဲ႕ အႀကီးအကဲ Philippe Lazzarini က "အကူညီေပးေရး ပစၥည္းေတြကိုေပးပို႔ေနတဲ့လမ္းေတြဟာ ေဘးကင္းလုံၿခဳံမႈမရွိတာ လေပါင္းမ်ားစြာၾကာျမင့္ေနၿပီျဖစ္ပါတယ္။ လက္နက္ကိုင္အဖြဲ႕ေတြဟာ အကူညီေပးေရးပစၥည္းေတြတင္ေဆာင္လာတဲ့ ကုန္ကားေတြကို
ဖမ္းဆီးတာ၊ ခိုးယူတာေတြလည္းရွိခဲ့တယ္။ ဒီဇင္ဘာ ၁ရက္ေန႔ကဆိုရင္ ကြၽန္ေတာ္တို႔ဟာ အဲဒီလမ္းေၾကာင္းကေန အကူညီေပးေရးပစၥည္းေတြ ေပးပို႔ဖို႔လုပ္ေဆာင္ေပမယ့္ အဲဒီအကူညီေပးေရးပစၥည္းအားလုံးကို လက္နက္ကိုင္အဖြဲ႕စည္းအားလုံးက သိမ္းယူသြားတယ္။ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေပးေရးအစီအစဥ္ေတြဟာ လက္ရွိမွာမျဖစ္ႏိုင္ေတာ့ဘူး"လို႔ ေျပာပါတယ္။

အစၥေရး နဲ႔ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား ဂါဇာစစ္ပြဲစတင္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း လူေပါင္း (၄)ေသာင္းေက်ာ္ ဒဏ္ရာရခဲ့သလို လူေပါင္း သိန္းခ်ီေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရေၾကာင္း သိရပါတယ္။
UNRWA အဖြဲ႕အႀကီးအကဲက ဂါဇာကမ္းေျမာင္ေဒသဟာ မင္းမဲ့စ႐ိုက္အျဖစ္သို႔ ဆင္းသက္လာကာ ငတ္မြတ္ေခါင္းပါးမႈျမင့္တက္လာျခင္း၊ လုယက္ရမ္းကားမႈေတြ နဲ႔ လူထုစည္းလုံးညီၫြတ္မႈ ၿပိဳလဲျခင္းအဓမၼျပဳက်င့္ခံရမႈမ်ားျပားလာျခင္းမ်ား ျဖစ္လာေနေၾကာင္းေျပာပါတယ္။

အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ "ႏိုဝင္ဘာလအတြင္းမွာပဲ ဂါဇာကမ္းေျမာင္ေဒသကို ေပးပို႔တဲ့ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီ (၇)ရာခိုင္ႏႈန္းေရာက္ရွိေအာင္ UNRWA အဖြဲ႕နဲ႔ ပူးေပါင္းကူညီေပးႏိုင္ခဲ့တယ္။ ဂါဇာေဒသမွာ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေပးတဲ့အဖြဲ႕စည္း ဒါဇင္နဲ႔ခ်ီၿပီးရွိေနတယ္။ အဲဒီအဖြဲ႕စည္းေတြအားလုံးဟာ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြ ဆက္လက္ေပးပို႔ကူညီေနတယ္"လို႔ေျပာပါတယ္။ အစၥေရးအစိုးရဟာ ၿပီးခဲ့တဲ့လေတြတုန္းကလည္း UNRWA အဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ဆိုင္းငံ့သြားမွာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.