(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ်တွင် စာပေပညာရှင်ကြီး (၆)ဦးကို ဂုဏ်ပြုဆုချီးမြှင့်

 343

စော (NP News) - ဒီဇင်ဘာ ၂

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားတွင် စာပေပညာရှင်ကြီး (၆)ဦးကို အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ခဲ့ကြောင်း နစက၏ သတင်းအချက် အလက်များအရ သိရသည်။

အဆိုပါအခမ်းအနားကို ယမန်နေ့(ဒီဇင်ဘာ ၁ ရက်)တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ခဲ့ရာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ရာတွင် ၂၀၂၃ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၁၀၅၀ အတွင်းမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၅ မျိုးကို ရွေးချယ်ချီမြှင့်ခဲ့ကာ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင် စာမူ ၂၈၄ စောင်အတွင်းမှ ဘာသာရပ် ၁၃ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို ရွေးချယ် ဆုပေးအပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက်တစ်နှစ်အရေအတွက်တိုးပြီး ချီးမြှင့်ရန်ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါအခမ်းအနားက ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားစာပေတစ်သက်တာစာပေဆုကိုစတင်ခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တစ်နှစ်လျှင်တစ်ဦးသာ ချီးမြှင့်ပြီး နောက်ပိုင်းတွင် တစ်နှစ်ကို (၂) ဦး၊ (၃) ဦး ရွေးချယ်ချီးမြှင့်ခဲ့ကြောင်းနှင့် မိမိတို့တာဝန်ယူခဲ့သည့်ကာလတွင် တစ်နှစ်လျှင် (၄) ဦးအထိ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီး (၆) ဦးအထိ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပြီး စာပေပညာရှင်ကြီးများအားလုံးကို အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် နိုင်ငံတော်က ထိုက်တန်စွာ ချီးမြှောက်ခွင့်ရသည့်အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောကြားခဲ့သည်။

ယခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရရှိသူများသည် စာပေပညာရှင်ဆရာကြီး ဒေါက်တာ မင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ တိုးလှနှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)တို့ဖြစ်ကြောင်း သိရသည်။အလားတူ စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့လည်း အမျိုးသားစာပေတစ်သက်တာဆုရရှိခဲ့ကြောင်း သိရသည်။

zawgyi version
(၇၅) ႀကိမ္ေျမာက္ စိန္ရတုအမ်ိဳးသားစာေပဆုအထိမ္းအမွတ္တြင္ စာေပပညာရွင္ႀကီး (၆)ဦးကို ဂုဏ္ျပဳဆုခ်ီးျမႇင့္

ေစာ (NP News) - ဒီဇင္ဘာ ၂

(၇၅) ႀကိမ္ေျမာက္ စိန္ရတုအမ်ိဳးသားစာေပဆုအထိမ္းအမွတ္ ၂၀၂၃ ခုႏွစ္အတြက္ အမ်ိဳးသားစာေပတစ္သက္တာဆု၊ အမ်ိဳးသားစာေပဆုႏွင့္ စာေပဗိမာန္စာမူဆု ဆုႏွင္းသဘင္အခမ္းအနားတြင္ စာေပပညာရွင္ႀကီး (၆)ဦးကို အမ်ိဳးသားစာေပတစ္သက္တာဆု ခ်ီးျမႇင့္ခဲ့ေၾကာင္း နစက၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။

အဆိုပါအခမ္းအနားကို ယမန္ေန႔(ဒီဇင္ဘာ ၁ ရက္)တြင္ ေနျပည္ေတာ္ရွိ အျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန - ၁ ၌ က်င္းပျပဳလုပ္ခဲ့ရာ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ စာေပဆုမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ယခုႏွစ္အတြက္ အမ်ိဳးသားစာေပဆုမ်ား ေ႐ြးခ်ယ္ရာတြင္ ၂၀၂၃ ခုႏွစ္အတြင္း ပထမအႀကိမ္ ပုံႏွိပ္ထုတ္ေဝခဲ့သည့္ စာအုပ္ေပါင္း ၁၀၅၀ အတြင္းမွ အမ်ိဳးသားစာေပဆုအတြက္ သတ္မွတ္ထားသည့္ ဘာသာရပ္ ၁၉ မ်ိဳးအနက္ ဘာသာရပ္ ၁၅ မ်ိဳးကို ေ႐ြးခ်ယ္ခ်ီျမႇင့္ခဲ့ကာ စာေပဗိမာန္စာမူဆုတြင္ ၿပိဳင္ပြဲဝင္ စာမူ ၂၈၄ ေစာင္အတြင္းမွ ဘာသာရပ္ ၁၃ မ်ိဳးအနက္ ဆုခ်ီးျမႇင့္ရန္ထိုက္တန္သည့္ စာမူေပါင္း ၃၀ ကို ေ႐ြးခ်ယ္ ဆုေပးအပ္ခဲ့ေၾကာင္း သိရသည္။

အမ်ိဳးသားစာေပတစ္သက္တာဆုကို ခ်ီးျမႇင့္ရာတြင္လည္း စာေပပညာရွင္ႀကီးမ်ားကို အေလးအျမတ္ထားသည့္အေနျဖင့္ တစ္ႏွစ္ထက္တစ္ႏွစ္အေရအတြက္တိုးၿပီး ခ်ီးျမႇင့္ရန္ေဆာင္႐ြက္ခဲ့ေၾကာင္း နစကဥကၠ႒က ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဆိုပါအခမ္းအနားက ေျပာၾကားခဲ့သည္။

ထို႔ျပင္ အမ်ိဳးသားစာေပတစ္သက္တာစာေပဆုကိုစတင္ခဲ့သည့္ ၂၀၀၁ ခုႏွစ္မွ ၂၀၁၁ ခုႏွစ္အထိ တစ္ႏွစ္လွ်င္တစ္ဦးသာ ခ်ီးျမႇင့္ၿပီး ေနာက္ပိုင္းတြင္ တစ္ႏွစ္ကို (၂) ဦး၊ (၃) ဦး ေ႐ြးခ်ယ္ခ်ီးျမႇင့္ခဲ့ေၾကာင္းႏွင့္ မိမိတို႔တာဝန္ယူခဲ့သည့္ကာလတြင္ တစ္ႏွစ္လွ်င္ (၄) ဦးအထိ ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ေၾကာင္း ဆက္လက္ေျပာၾကားခဲ့သည္။

ယခုႏွစ္တြင္လည္း စာေပပညာရွင္ႀကီး (၆) ဦးအထိ ဂုဏ္ျပဳခ်ီးျမႇင့္သြားမည္ျဖစ္ၿပီး စာေပပညာရွင္ႀကီးမ်ားအားလုံးကို အမ်ိဳးသားစာေပတစ္သက္တာဆုရွင္မ်ားအျဖစ္ ႏိုင္ငံေတာ္က ထိုက္တန္စြာ ခ်ီးေျမႇာက္ခြင့္ရသည့္အတြက္ အတိုင္းမသိ ဂုဏ္ယူဝမ္းေျမာက္မိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထပ္မံေျပာၾကားခဲ့သည္။

ယခုႏွစ္အတြက္ အမ်ိဳးသားစာေပတစ္သက္တာဆုရရွိသူမ်ားသည္ စာေပပညာရွင္ဆရာႀကီး ေဒါက္တာ မင္းတင္မြန္(ပါရဂူမင္းနႏၵာ)၊ စာေပပညာရွင္ဆရာႀကီး ေဒါက္တာ တိုးလွႏွင့္ စာေပပညာရွင္ဆရာႀကီး ဦးၫြန႔္ေဆြ(ေမာင္ေဆြသက္)တို႔ျဖစ္ေၾကာင္း သိရသည္။အလားတူ စာေပပညာရွင္ ဆရာႀကီး ဦးသန္းေဆြ (ေမာင္သန္းေဆြ-ထားဝယ္)၊ စာေပပညာရွင္ ဆရာႀကီး ေဒါက္တာေက်ာ္ဝင္း(သမိုင္းပါေမာကၡ-ၿငိမ္း)ႏွင့္ စာေပပညာရွင္ဆရာႀကီး ဦးၫြန႔္တင္ (ေမာင္ၿငိမ္းသူ-ႀကိဳ႕ပင္ေကာက္)တို႔လည္း အမ်ိဳးသားစာေပတစ္သက္တာဆုရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.