မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းစက်လှေကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ထိခိုက်သေဆုံးသူမရှိကြောင်း နစကတုံ့ပြန်
1283
ယွန်း (NP News) - ဒီဇင်ဘာ ၃
မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းစက်လှေကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ထိခိုက်သေဆုံးသူမရှိကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်၍ ငါးဖမ်းခဲ့သည့် ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့တပ်မတော် (ရေ)က ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့်ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဇင်ဘာ(၂)ရက်တွင် မီဒီယာများကို အထက်ပါကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်မှာ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ရေပိုင်နက်အတွင်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာ့စစ်ရေယာဥ်သည် ပြီးခဲ့သည့် နိုဝင်ဘာ(၃၀)ရက်၊ နံနက်(၂)နာရီ (၄၀)မိနစ်အချိန်တွင် မြန်မာ့ရေပိုင်နက်အတွင်း မသင်္ကာဖွယ်လှုပ်ရှားမှု(၅)ခုကို ရေဒါမှတစ်ဆင့် တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ ကြောင့် စစ်ဆေးခဲ့ရာ ငါးဖမ်းစက်လှေများဖြစ်နေခဲ့ပြီး မီးအချက်ပြခဲ့ရာ ထွက်ပြေးခဲ့ကြောင်း နစကပြောခွင့်ရက ဆိုထားသည်။
“စစ်ဆေးဖို့အတွက် မီးအချက်ပြခြင်းဆောင်ရွက်ခဲ့ပါတယ်။ ထွက်ပြေးခဲ့ပါတယ်။ နောက်ကနေလိုက်လံဖမ်းဆီးခဲ့ပါတယ်။ မနက်(၃)နာရီ မိနစ်(၂၀)အတွင်းမှာ ထိုင်းငါးဖမ်းစက်လှေတစ်စင်းကို ကော့သောင်းမြို့နယ်၊ ကြက်မောက်ကျွန်းမြောက်ဘက်ထိပ်၊ အရှေ့မြောက်ဘက်(၃)မိုင်ခန့်အကွာ ကျွန်တော်တို့ မြန်မာနိုင်ငံရေပိုင်နက်အတွင်း (၅)မိုင်ခန့်အကွာမှာ ဖမ်းဆီးခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထိုသို့ဖမ်းဆီးခဲ့ရာ ငါးဖမ်းစက်လှေနှင့်အတူ မြန်မာအမျိုးသား(၂၇)ဦးနှင့် ထိုင်းနိုင်ငံသား အမျိုးသား (၄)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ(၃၀)ရက်၊ နံနက်(၅)နာရီအချိန်တွင် မြန်မာနယ်စပ် ပင်လယ်ငါးဖမ်းလုပ်ငန်း(ရနောင်း)ရှိ တာဝန်ရှိသူများကို တရားဝင်ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။
“ဒီဖြစ်စဥ်မှာပထမဆုံးပြောချင်တာက ပြည်ဖျက်မီဒီယာများရေးသားနေသလို နံပါတ်(၁) မြန်မာတပ်မတော်(ရေ)က ထိုင်းနိုင်ငံရေပြင်ထဲ ဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရေပိုင်နက်အတွင်းမှာ ဝင်ရောက်ပြီး ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီပဲ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ပြောချင်ပါတယ်။ နံပါတ်(၂)ကတော့ ထိခိုက်သေဆုံးမှုများမရှိခဲ့ပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
ဖမ်းဆီးရမိသူများအား ကနဦးစစ်ဆေးချက်အရ အဆိုပါစက်လှေသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ထိုင်းနိုင်ငံသားပိုင်ဆိုင်ခြင်းဖြစ်ပြီး ရနောင်းဆိပ်ကမ်းမှ နိုဝင်ဘာ(၂၉)ရက်၊ ညနေ(၃)နာရီအချိန်တွင် ထွက်ခွာလာကာ မြန်မာ့ရေပိုင်နက်အတွင်း၌ ငါးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုပ်ခလစာအနေဖြင့် ထိုင်းလူမျိုးတစ်ဦးလျှင် ထိုင်းဘတ်ငွေ(၁၅၀၀၀)နှင့် မြန်မာလူမျိုးတစ်ဦးလျှင် ထိုင်းဘတ်ငွေ(၁၂၀၀၀)ရရှိကြောင်းသိရပြီး ၎င်းတို့နှင့်အတူ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်နေသည့် ပစ္စည်းများကိုလည်း တွေ့ရှိရသဖြင့် စစ်ဆေးလျက်ရှိကြောင်း နစကပြောခွင့်ရက အသိပေးထား သည်။
zawgyi version
ျမန္မာ့ေရပိုင္နက္အတြင္း ဝင္ေရာက္လာသည့္ ထိုင္းငါးဖမ္းစက္ေလွကို ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ထိခိုက္ေသဆုံးသူမရွိေၾကာင္း နစကတုံ႔ျပန္
ယြန္း (NP News) - ဒီဇင္ဘာ ၃
ျမန္မာ့ေရပိုင္နက္အတြင္း ဝင္ေရာက္လာသည့္ ထိုင္းငါးဖမ္းစက္ေလွကို ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ထိခိုက္ေသဆုံးသူမရွိေၾကာင္း နစကေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ျမန္မာ့ေရပိုင္နက္အတြင္းဝင္ေရာက္၍ ငါးဖမ္းခဲ့သည့္ ထိုင္းငါးဖမ္းစက္ေလွအား ျမန္မာ့တပ္မေတာ္ (ေရ)က ဖမ္းဆီးစစ္ေဆးခဲ့မႈႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဒီဇင္ဘာ(၂)ရက္တြင္ မီဒီယာမ်ားကို အထက္ပါကဲ့သို႔ ရွင္းလင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ေကာ့ေသာင္းၿမိဳ႕နယ္ရွိ ျမန္မာ့ေရပိုင္နက္အတြင္း၌ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနသည့္ ျမန္မာ့စစ္ေရယာဥ္သည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၃၀)ရက္၊ နံနက္(၂)နာရီ (၄၀)မိနစ္အခ်ိန္တြင္ ျမန္မာ့ေရပိုင္နက္အတြင္း မသကၤာဖြယ္လႈပ္ရွားမႈ(၅)ခုကို ေရဒါမွတစ္ဆင့္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ထို႔ ေၾကာင့္ စစ္ေဆးခဲ့ရာ ငါးဖမ္းစက္ေလွမ်ားျဖစ္ေနခဲ့ၿပီး မီးအခ်က္ျပခဲ့ရာ ထြက္ေျပးခဲ့ေၾကာင္း နစကေျပာခြင့္ရက ဆိုထားသည္။
“စစ္ေဆးဖို႔အတြက္ မီးအခ်က္ျပျခင္းေဆာင္႐ြက္ခဲ့ပါတယ္။ ထြက္ေျပးခဲ့ပါတယ္။ ေနာက္ကေနလိုက္လံဖမ္းဆီးခဲ့ပါတယ္။ မနက္(၃)နာရီ မိနစ္(၂၀)အတြင္းမွာ ထိုင္းငါးဖမ္းစက္ေလွတစ္စင္းကို ေကာ့ေသာင္းၿမိဳ႕နယ္၊ ၾကက္ေမာက္ကြၽန္းေျမာက္ဘက္ထိပ္၊ အေရွ႕ေျမာက္ဘက္(၃)မိုင္ခန႔္အကြာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံေရပိုင္နက္အတြင္း (၅)မိုင္ခန႔္အကြာမွာ ဖမ္းဆီးခဲ့ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထိုသို႔ဖမ္းဆီးခဲ့ရာ ငါးဖမ္းစက္ေလွႏွင့္အတူ ျမန္မာအမ်ိဳးသား(၂၇)ဦးႏွင့္ ထိုင္းႏိုင္ငံသား အမ်ိဳးသား (၄)ဦးတို႔ကို ဖမ္းဆီးရမိခဲ့ၿပီး ႏိုဝင္ဘာ(၃၀)ရက္၊ နံနက္(၅)နာရီအခ်ိန္တြင္ ျမန္မာနယ္စပ္ ပင္လယ္ငါးဖမ္းလုပ္ငန္း(ရေနာင္း)ရွိ တာဝန္ရွိသူမ်ားကို တရားဝင္ဆက္သြယ္အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။
“ဒီျဖစ္စဥ္မွာပထမဆုံးေျပာခ်င္တာက ျပည္ဖ်က္မီဒီယာမ်ားေရးသားေနသလို နံပါတ္(၁) ျမန္မာတပ္မေတာ္(ေရ)က ထိုင္းႏိုင္ငံေရျပင္ထဲ ဝင္ေရာက္ၿပီး ဖမ္းဆီးခဲ့တာမဟုတ္ပါဘူး။ ျမန္မာႏိုင္ငံေရပိုင္နက္အတြင္းမွာ ဝင္ေရာက္ၿပီး ငါးဖမ္းေနတဲ့ ထိုင္းငါးဖမ္းစက္ေလွေတြကို လုပ္ထုံးလုပ္နည္းေတြနဲ႔အညီပဲ ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ေျပာခ်င္ပါတယ္။ နံပါတ္(၂)ကေတာ့ ထိခိုက္ေသဆုံးမႈမ်ားမရွိခဲ့ပါဘူး”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။
ဖမ္းဆီးရမိသူမ်ားအား ကနဦးစစ္ေဆးခ်က္အရ အဆိုပါစက္ေလွသည္ ထိုင္းႏိုင္ငံ၊ ရေနာင္းၿမိဳ႕ရွိ ထိုင္းႏိုင္ငံသားပိုင္ဆိုင္ျခင္းျဖစ္ၿပီး ရေနာင္းဆိပ္ကမ္းမွ ႏိုဝင္ဘာ(၂၉)ရက္၊ ညေန(၃)နာရီအခ်ိန္တြင္ ထြက္ခြာလာကာ ျမန္မာ့ေရပိုင္နက္အတြင္း၌ ငါးဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လုပ္ခလစာအေနျဖင့္ ထိုင္းလူမ်ိဳးတစ္ဦးလွ်င္ ထိုင္းဘတ္ေငြ(၁၅၀၀၀)ႏွင့္ ျမန္မာလူမ်ိဳးတစ္ဦးလွ်င္ ထိုင္းဘတ္ေငြ(၁၂၀၀၀)ရရွိေၾကာင္းသိရၿပီး ၎တို႔ႏွင့္အတူ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ ဆက္ႏႊယ္ေနသည့္ ပစၥည္းမ်ားကိုလည္း ေတြ႕ရွိရသျဖင့္ စစ္ေဆးလ်က္ရွိေၾကာင္း နစကေျပာခြင့္ရက အသိေပးထား သည္။