အသက်(၄၀)နှစ် ပြည့်သွားခဲ့ပြီဖြစ်တဲ့ မြောက်အမေရိကတိုက်ရဲ့ အသက်အကြီးဆုံးပင်ဂွင်လေး

 377

Pika (NP News) - ဒီဇင်ဘာ ၃

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့ရှိ SeaWorld San Diego အပန်းဖြေပန်းခြံသည် မြောက်အမေရိကတိုက်တွင် အသက်အကြီးဆုံး macaroni penguin အမျိုးအစား ပင်ဂွင်လေး၏ အသက်(၄၀)နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပပေးခဲ့ကြောင်းသိရသည်။

Best Friend ဟုအမည်ပေးထားသော ပင်ဂွင်လေးသည် နိုဝင်ဘာလ(၂၀)ရက်တွင် အသက် (၄၀)နှစ် ပြည့်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ma­c­aroni penguin များအတွက်ခန့်မှန်းထားသော သက်တမ်းအများဆုံးမှာ (၁၅)နှစ်မှ(၂၀)နှစ်အတွင်းဖြစ်သော်လည်း Best Friend ဆိုသည့် ပင်ဂွင် လေးသည် အသက်(၄၀)နှစ်အထိ ကောင်းကောင်းမွန်မွန်ဖြင့် ရှင်သန်နေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တန်ဖိုးအရှိဆုံးအဘိုးအိုဟု နောက်ပြောင် ခေါ်ခံရသော ပင်ဂွင်လေးသည် အမြင်ဝါးခြင်းဝေဒနာ ကိုခံစားနေရသော်လည်း ၎င်း၏အကြားအာရုံမှာ ကောင်းမွန်စွာ အလုပ်လုပ်သေးကြောင်း SeaWorld San Diego ပန်းခြံ၏တာဝန်ရှိသူများကပြောကြား ခဲ့သည်။ ထို့ပြင် အဆိုပါပင်ဂွင်လေးသည် ၎င်း၏စောင့် ရှောက်သူများကို အသံကိုကြားရုံဖြင့်ဖော်ထုတ်နိုင်ကြောင်း တာဝန်ရှိသူများကထပ်မံပြောကြားခဲ့သည်။ Best Friend ပင်ဂွင်လေး၏ အကြိုက်ဆုံး နေ့စဉ်လှုပ်ရှားမှုများမှာ ရေကန်ထဲတွင် ဆော့ကစားကာ ပူဖောင်းများမှုတ်ထုတ်ခြင်း၊ ရေပန်းများဖြင့် ကစားခြင်းဖြစ်ကြောင်း ပန်းခြံတာဝန်ရှိသူများကပြောကြား ခဲ့သည်။ SeaWorld San Diego ပန်းခြံ တာဝန် ရှိသူများက “ Best Friendပင်ဂွင်လေးဟာ ဆော့ကစားရတာပင်ပန်းလာတဲ့အချိန်ကျရင် ထောင့်တစ်နေရာရာလေးမှာလှဲပြီး အိပ်နေတတ်ပါသေးတယ်” ဟု ပြောဆိုခဲ့သည်။

zawgyi version
အသက္(၄၀)ႏွစ္ ျပည့္သြားခဲ့ၿပီျဖစ္တဲ့ ေျမာက္အေမရိကတိုက္ရဲ႕ အသက္အႀကီးဆုံးပင္ဂြင္ေလး
Pika (NP News) - ဒီဇင္ဘာ ၃

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ ဆန္ဒီေယဂိုၿမိဳ႕ရွိ SeaWorld San Diego အပန္းေျဖပန္းၿခံသည္ ေျမာက္အေမရိကတိုက္တြင္ အသက္အႀကီးဆုံး macaroni penguin အမ်ိဳးအစား ပင္ဂြင္ေလး၏ အသက္(၄၀)ႏွစ္ျပည့္ေမြးေန႔ပြဲကို က်င္းပေပးခဲ့ေၾကာင္းသိရသည္။

Best Friend ဟုအမည္ေပးထားေသာ ပင္ဂြင္ေလးသည္ ႏိုဝင္ဘာလ(၂၀)ရက္တြင္ အသက္ (၄၀)ႏွစ္ ျပည့္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ma­c­aroni penguin မ်ားအတြက္ခန႔္မွန္းထားေသာ သက္တမ္းအမ်ားဆုံးမွာ (၁၅)ႏွစ္မွ(၂၀)ႏွစ္အတြင္းျဖစ္ေသာ္လည္း Best Friend ဆိုသည့္ ပင္ဂြင္ ေလးသည္ အသက္(၄၀)ႏွစ္အထိ ေကာင္းေကာင္းမြန္မြန္ျဖင့္ ရွင္သန္ေနခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

တန္ဖိုးအရွိဆုံးအဘိုးအိုဟု ေနာက္ေျပာင္ ေခၚခံရေသာ ပင္ဂြင္ေလးသည္ အျမင္ဝါးျခင္းေဝဒနာ ကိုခံစားေနရေသာ္လည္း ၎၏အၾကားအာ႐ုံမွာ ေကာင္းမြန္စြာ အလုပ္လုပ္ေသးေၾကာင္း SeaWorld San Diego ပန္းၿခံ၏တာဝန္ရွိသူမ်ားကေျပာၾကား ခဲ့သည္။ ထို႔ျပင္ အဆိုပါပင္ဂြင္ေလးသည္ ၎၏ေစာင့္ ေရွာက္သူမ်ားကို အသံကိုၾကား႐ုံျဖင့္ေဖာ္ထုတ္ႏိုင္ေၾကာင္း တာဝန္ရွိသူမ်ားကထပ္မံေျပာၾကားခဲ့သည္။ Best Friend ပင္ဂြင္ေလး၏ အႀကိဳက္ဆုံး ေန႔စဥ္လႈပ္ရွားမႈမ်ားမွာ ေရကန္ထဲတြင္ ေဆာ့ကစားကာ ပူေဖာင္းမ်ားမႈတ္ထုတ္ျခင္း၊ ေရပန္းမ်ားျဖင့္ ကစားျခင္းျဖစ္ေၾကာင္း ပန္းၿခံတာဝန္ရွိသူမ်ားကေျပာၾကား ခဲ့သည္။ SeaWorld San Diego ပန္းၿခံ တာဝန္ ရွိသူမ်ားက “ Best Friendပင္ဂြင္ေလးဟာ ေဆာ့ကစားရတာပင္ပန္းလာတဲ့အခ်ိန္က်ရင္ ေထာင့္တစ္ေနရာရာေလးမွာလွဲၿပီး အိပ္ေနတတ္ပါေသးတယ္” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.