သတ္တမ အကြိမ်မြောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံကို Novotel ဟိုတယ်တွင် ကျင်းပ
778
သန့်ဇင် (NP News) - ဒီဇင်ဘာ ၃
သတ္တမ အကြိမ်မြောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံကို ရန်ကန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ Novotel ဟိုတယ်တွင် ယနေ့(ဒီဇင်ဘာ ၃ ရက်)က ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံ 7th MFF Congress 2024 ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇတို့တက်ရောက်ခဲ့သည့်အပြင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ ဂီယန်နီအင်ဖန်တီနိုတို့ကလည်း Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ညီလာခံကိုအခမ်းအနားအစီစဉ်ပေါင်း(၂၀)ဖြင့် ကျင်းပခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် ရငွေ/သုံးငွေ ကြိုတင်ရေးဆွဲခြင်းကို ရှင်းလင်းတင်ပြခြင်း၊ ဆန္ဒမဲရေတွက်ခြင်းနှင့် အတည်ပြုချက်များ ရယူခြင်းစသည့် ကွန်ဂရက်အစီအစဉ်များကိုလည်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာဘောလုံးလောက တိုးတက်ရေးအတွက် လိုအပ်သည်များကို တိုက်တွန်းပြောကြားခဲ့သည်။
zawgyi version