စားအုန်းဆီ လက်လီဈေး တစ်ပိဿာ ၇၇၅၀ ကျပ်အထိ ဈေးတက်လာ
500
ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၃
ပြည်တွင်းစားအုန်းဆီဈေးကွက်အတွင်း သက်ဆိုင်ရာက ခွဲတမ်းဖြင့်ရောင်းချသော စားအုန်းဆီဈေးမှာ တစ်ပိဿာလျှင် ၇၇၅၀ ကျပ်အထိ ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှသိရသည်။
သက်ဆိုင်ရာ၏ စားသုံးသူရေးရာဦးစီးဌာနမှ ဒီဇင်ဘာ(၂)ရက် မှ (၈)ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီဈေးနှုန်းကို တစ်ပိဿာလျှင် ၇၃၀၅ ကျပ် သတ်မှတ်ထားသော်လည်း အခြေခံဈေးကွက်အတွင်း ဈေးများမြင့်တက်နေခြင်းဖြစ်သည်။
“အရင်တစ်ပတ်ဆီသွားထုတ်ကတည်းက ဈေးတက်မယ်ပြောထားတာ အခုတော့တစ်ပိဿာကို ၇၇၅၀ ပေးဝယ်နေရတယ်။ ဆီစာအုပ်မှာ တစ်ခါတည်းဈေးပါ ပါတယ်"ဟု တောင်ဒဂုံမြို့နယ်မှအိမ်ရှင်မတစ်ဦးက ပြောသည်။
စားအုန်းဆီလက်လီဖြန့်ဖြူးရေးဆိုင်များအနေဖြင့် သယ်ယူစရိတ်နှင့်ဝန်ဆောင်ခများပေါင်းကာ စားအုန်းဆီဈေးတိုးမြှင့်ရောင်းချနေခြင်းဖြစ်သကဲ့သို့ အချို့သောဆိုင်များတွင် တစ်ပိဿာရှစ်ထောင်အထိ ဈေးမြှင့်ရောင်းချနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ပြည်တွင်း ငွေလဲဈေးနှုန်းများအရ အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ် ဝန်းကျင်သာပေါက်ဈေးရှိသော်လည်း ပြည်ပမှတင်သွင်းနေသည့် စားအုန်းဆီဈေးများမှာ သုံးလအတွင်း မြန်မာငွေတစ်ထောင်ကျပ်ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။
zawgyi version
စားအုန္းဆီ လက္လီေဈး တစ္ပိႆာ ၇၇၅၀ ကျပ်အထိ ေဈးတက္လာ
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၃
ျပည္တြင္းစားအုန္းဆီေဈးကြက္အတြင္း သက္ဆိုင္ရာက ခြဲတမ္းျဖင့္ေရာင္းခ်ေသာ စားအုန္းဆီေဈးမွာ တစ္ပိႆာလွ်င္ ၇၇၅၀ က်ပ္အထိ ေဈးျမင့္တက္လာေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
သက္ဆိုင္ရာ၏ စားသုံးသူေရးရာဦးစီးဌာနမွ ဒီဇင္ဘာ(၂)ရက္ မွ (၈)ရက္အထိ ရန္ကုန္အထိုင္ စားအုန္းဆီေဈးႏႈန္းကို တစ္ပိႆာလွ်င္ ၇၃၀၅ က်ပ္ သတ္မွတ္ထားေသာ္လည္း အေျခခံေဈးကြက္အတြင္း ေဈးမ်ားျမင့္တက္ေနျခင္းျဖစ္သည္။
“အရင္တစ္ပတ္ဆီသြားထုတ္ကတည္းက ေဈးတက္မယ္ေျပာထားတာ အခုေတာ့တစ္ပိႆာကို ၇၇၅၀ ေပးဝယ္ေနရတယ္။ ဆီစာအုပ္မွာ တစ္ခါတည္းေဈးပါ ပါတယ္"ဟု ေတာင္ဒဂုံၿမိဳ႕နယ္မွအိမ္ရွင္မတစ္ဦးက ေျပာသည္။
စားအုန္းဆီလက္လီျဖန႔္ျဖဴးေရးဆိုင္မ်ားအေနျဖင့္ သယ္ယူစရိတ္ႏွင့္ဝန္ေဆာင္ခမ်ားေပါင္းကာ စားအုန္းဆီေဈးတိုးျမႇင့္ေရာင္းခ်ေနျခင္းျဖစ္သကဲ့သို႔ အခ်ိဳ႕ေသာဆိုင္မ်ားတြင္ တစ္ပိႆာရွစ္ေထာင္အထိ ေဈးျမႇင့္ေရာင္းခ်ေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
ျပည္တြင္း ေငြလဲေဈးႏႈန္းမ်ားအရ အေမရိကန္တစ္ေဒၚလာလွ်င္ ၄၅၀၀ က်ပ္ ဝန္းက်င္သာေပါက္ေဈးရွိေသာ္လည္း ျပည္ပမွတင္သြင္းေနသည့္ စားအုန္းဆီေဈးမ်ားမွာ သုံးလအတြင္း ျမန္မာေငြတစ္ေထာင္က်ပ္ခန႔္ ေဈးျမင့္တက္လာေၾကာင္း သိရသည္။