အကြမ်းဖက်သမားတွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ဆီးရီးယားသမ္မတ ပြော
883
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃
ဆီးရီးယားသမ္မတ ဘာရှားအာဆက်ဒ်က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နိုင်ငံမြောက်ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို အမြစ်ဖြတ်ချေမှုန်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားသမ္မက အကြမ်းဖက်သမားတွေနဲ့အတူ ၎င်းတို့ကို ကူညီထောက်ပံ့ပေးနေသူ၊ စပွန်ဆာပေးနေသူတွေကို တိုက်ခိုက်သွားမှာဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ ဆီးရီးယားသမ္မတက "ဆီးရီးယားစစ်တပ်ဟာ နိုင်ငံအချုပ်အခြာအာဏာပိုင်နက်တွေ နဲ့ နိုင်ငံတည်ငြိမ်ရေးကို ဆက်လက် ကူညီထောက်ပံ့ပေးသွားမယ်။ အကြမ်းဖက်သမားတွေနားလည်သဘောပေါက်အောင် အင်အားသုံးစရာရှိ အင်အားသုံးမယ်။ အကြမ်းဖက်သမားတွေကိုကူညီထောက်ပံ့ပေးနေတဲ့သူ ဘယ်သူအဖြစ် တိုက်ခိုက်သွားမယ်။ ဆီးရီးယားအကြမ်းဖက်သမားတွေနဲ့ ကူညီနေသူတွေကို ဆီးရီးယားနိုင်ငံရဲ့မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်မယ်"လို့ ပြောပါတယ်။
Hayat Tahrir-al-Sham (HTS) ဦးဆောင်တဲ့အကြမ်းဖက်အဖွဲ့ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို တိုက်ခိုက်ခဲ့ပြီးနောက် အလက်ပိုမြို့ နဲ့ အိုင်ဒလစ်မြို့တွေကို အင်အားသုံးတိုက်ခိုက်ဖို့ စီစဉ်လာခဲ့ကြောင်း သိရပါတယ်။ အလက်ပိုမြို့ဟာ ဆီးရီးယားနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းတည်းက ဆီးရီးယားအစိုးရထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။ ဆီးရီးယား အစိုးရကို အီရန်နိုင်ငံ နဲ့ ရုရှားနိုင်ငံတို့က ကူညီထောက်ပံ့ပေးသွားမယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကတိပြုထားရာ လာမယ့်ရက်ပိုင်းအတွင်း ဆီးရီးယားနိုင်ငံမှာတိုက်ပွဲတွေ ပိုမိုပြင်းထန်လာဖွယ် ရှိနေပါတယ်။
zawgyi version
အၾကမ္းဖက္သမားေတြကို အျမစ္ျပတ္ေခ်မႈန္းသြားမယ္လို႔ ဆီးရီးယားသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃
ဆီးရီးယားသမၼတ ဘာရွားအာဆက္ဒ္က ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ႏိုင္ငံေျမာက္ပိုင္းကို ထိုးစစ္ဆင္တိုက္ခိုက္ခဲ့တဲ့ အၾကမ္းဖက္သမားေတြကို အျမစ္ျဖတ္ေခ်မႈန္းသြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဆီးရီးယားသမၼက အၾကမ္းဖက္သမားေတြနဲ႔အတူ ၎တို႔ကို ကူညီေထာက္ပံ့ေပးေနသူ၊ စပြန္ဆာေပးေနသူေတြကို တိုက္ခိုက္သြားမွာျဖစ္ေၾကာင္း ထပ္မံေျပာဆိုခဲ့ပါတယ္။ ဆီးရီးယားသမၼတက "ဆီးရီးယားစစ္တပ္ဟာ ႏိုင္ငံအခ်ဳပ္အျခာအာဏာပိုင္နက္ေတြ နဲ႔ ႏိုင္ငံတည္ၿငိမ္ေရးကို ဆက္လက္ ကူညီေထာက္ပံ့ေပးသြားမယ္။ အၾကမ္းဖက္သမားေတြနားလည္သေဘာေပါက္ေအာင္ အင္အားသုံးစရာရွိ အင္အားသုံးမယ္။ အၾကမ္းဖက္သမားေတြကိုကူညီေထာက္ပံ့ေပးေနတဲ့သူ ဘယ္သူအျဖစ္ တိုက္ခိုက္သြားမယ္။ ဆီးရီးယားအၾကမ္းဖက္သမားေတြနဲ႔ ကူညီေနသူေတြကို ဆီးရီးယားႏိုင္ငံရဲ႕မဟာမိတ္ေတြနဲ႔အတူ ပူးေပါင္းတိုက္ခိုက္မယ္"လို႔ ေျပာပါတယ္။
Hayat Tahrir-al-Sham (HTS) ဦးေဆာင္တဲ့အၾကမ္းဖက္အဖြဲ႕ဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ဆီးရီးယားႏိုင္ငံေျမာက္ပိုင္းကို တိုက္ခိုက္ခဲ့ၿပီးေနာက္ အလက္ပိုၿမိဳ႕ နဲ႔ အိုင္ဒလစ္ၿမိဳ႕ေတြကို အင္အားသုံးတိုက္ခိုက္ဖို႔ စီစဥ္လာခဲ့ေၾကာင္း သိရပါတယ္။ အလက္ပိုၿမိဳ႕ဟာ ဆီးရီးယားႏိုင္ငံရဲ႕ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ေနာက္ပိုင္းတည္းက ဆီးရီးယားအစိုးရထိန္းခ်ဳပ္မႈေအာက္ ျပန္လည္ေရာက္ရွိေနတာျဖစ္ပါတယ္။ ဆီးရီးယား အစိုးရကို အီရန္ႏိုင္ငံ နဲ႔ ႐ုရွားႏိုင္ငံတို႔က ကူညီေထာက္ပံ့ေပးသြားမယ္လို႔ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ကတိျပဳထားရာ လာမယ့္ရက္ပိုင္းအတြင္း ဆီးရီးယားႏိုင္ငံမွာတိုက္ပြဲေတြ ပိုမိုျပင္းထန္လာဖြယ္ ရွိေနပါတယ္။