ဟားမတ်စ်က ပြန်ပေးဆွဲထားသူအားလုံးကို ပြန်မလွှတ်သေးဘူးဆိုရင် ငရဲဘုံကိုရောက်သလိုမျိုးရင်ဆိုင်ရမယ်လို့ ဒေါ်နယ်ထရမ့် သတိပေး

 1128

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃

သမ္မတအဖြစ်ကျမ်းသစ္စာ မကျိန်ဆိုခင်အချိန်အထိ ဟားမတ်စ်အဖွဲ့က ပြန်ပေးဆွဲထားသူအားလုံးကို ပြန်မလွှတ်ဘူးဆိုရင် ငရဲဘုံကိုရောက်ရှိသွားမည်ဖြစ်ကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လာမယ့်လမှာအမေရိကန်သမ္မတအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမှာဖြစ်ပြီး အဲဒီကျမ်းသစ္စာမကျိန်ဆိုခင် အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ ဖိအားပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဟားမတ်စ်အဖွဲ့ဟာ ၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ချိန်တုန်းက လူပေါင်း (၂၅၀)ဦးဖမ်းဆီးခဲ့ပြီး ယာယီအပစ်ခတ်ရပ်စဲရေးအရလူပေါင်း (၁၀၀)ကျော် ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ဟားမတ်0စ်အဖွဲ့လက်ထဲမှာ လူပေါင်း (၁၀၀)ဝန်းကျင် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးနိုင်ငံကြားမှာလည်း ဓားစာခံတွေ ပြန်လွှတ်ရေးနဲ့ပတ်သက်ပြီး အငြင်းပွားနေကာ ဟားမတ်စ်အဖွဲ့က ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့တွေ ပြန်လည် ရုတ်သိမ်းမှသာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ်ကတော့ ဟားမတ်စ်အဖွဲ့ပြောဆိုချက်တွေကို လက်မခံဘဲ ငြင်းဆန်ပယ်ချထားကြောင်း သိရပါတယ်။

ဒေါ်နယ်ထရမ့်က "ကမ္ဘာကြီးနဲ့ အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးဟာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြတယ်။ ကျွန်တော်ဟာ ၂၀၂၅ ခုနှစ်ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာ မကျိန်ဆိုခင် ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်ပေးဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသဟာ ငရဲဘုံကိုကျရောက်သလိုမျိုးဖြစ်လာဖွယ်ရှိနေပါတယ်"လို့ ပြောပါတယ်။ အစ္စ ရေးနဲ့ဟားမတ်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲက (၁)နှစ်ကျော်ကြာခဲ့ပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရာ လူပေါင်းအနည်းဆုံး (၄၄၀၀၀)ကျော် သေဆုံးထားပါတယ်။

zawgyi version
ဟားမတ္စ္က ျပန္ေပးဆြဲထားသူအားလုံးကို ျပန္မလႊတ္ေသးဘူးဆိုရင္ ငရဲဘုံကိုေရာက္သလိုမ်ိဳးရင္ဆိုင္ရမယ္လို႔ ေဒၚနယ္ထရမ့္ သတိေပး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃

သမၼတအျဖစ္က်မ္းသစၥာ မက်ိန္ဆိုခင္အခ်ိန္အထိ ဟားမတ္စ္အဖြဲ႕က ျပန္ေပးဆြဲထားသူအားလုံးကို ျပန္မလႊတ္ဘူးဆိုရင္ ငရဲဘုံကိုေရာက္ရွိသြားမည္ျဖစ္ေၾကာင္း အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုလိုက္ပါတယ္။

ေဒၚနယ္ထရမ့္ဟာ လာမယ့္လမွာအေမရိကန္သမၼတအသစ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုသြားမွာျဖစ္ၿပီး အဲဒီက်မ္းသစၥာမက်ိန္ဆိုခင္ အစၥေရးနဲ႔ ဟားမတ္စ္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲအဆုံးသတ္ဖို႔ ဖိအားေပးေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ ဟားမတ္စ္အဖြဲ႕ဟာ ၂၀၂၃ ခုႏွစ္ေအာက္တိုဘာ ၇ ရက္က အစၥေရးႏိုင္ငံကို စတင္တိုက္ခိုက္ခ်ိန္တုန္းက လူေပါင္း (၂၅၀)ဦးဖမ္းဆီးခဲ့ၿပီး ယာယီအပစ္ခတ္ရပ္စဲေရးအရလူေပါင္း (၁၀၀)ေက်ာ္ ျပန္လည္လြတ္ေျမာက္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ဟားမတ္0စ္အဖြဲ႕လက္ထဲမွာ လူေပါင္း (၁၀၀)ဝန္းက်င္ က်န္ရွိေနဆဲျဖစ္ေၾကာင္း သိရပါတယ္။ ဟားမတ္စ္အဖြဲ႕နဲ႔ အစၥေရးႏိုင္ငံၾကားမွာလည္း ဓားစာခံေတြ ျပန္လႊတ္ေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားေနကာ ဟားမတ္စ္အဖြဲ႕က ဂါဇာေဒသမွ အစၥေရးတပ္ဖြဲ႕ေတြ ျပန္လည္ ႐ုတ္သိမ္းမွသာ ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ေပးမယ္လို႔ ေျပာပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ကေတာ့ ဟားမတ္စ္အဖြဲ႕ေျပာဆိုခ်က္ေတြကို လက္မခံဘဲ ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရပါတယ္။

ေဒၚနယ္ထရမ့္က "ကမာၻႀကီးနဲ႔ အေရွ႕အလယ္ပိုင္းေဒသ တစ္ခုလုံးဟာ ဓားစာခံအျဖစ္ ဖမ္းဆီးခံထားရသူေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးေျပာဆိုၾကတယ္။ ကြၽန္ေတာ္ဟာ ၂၀၂၅ ခုႏွစ္ဇန္နဝါရီ ၂၀ ရက္မွာ သမၼတအျဖစ္ က်မ္းသစၥာ မက်ိန္ဆိုခင္ ဖမ္းဆီးထားသူေတြကို ျပန္မလႊတ္ေပးဘူးဆိုရင္ အေရွ႕အလယ္ပိုင္းေဒသဟာ ငရဲဘုံကိုက်ေရာက္သလိုမ်ိဳးျဖစ္လာဖြယ္ရွိေနပါတယ္"လို႔ ေျပာပါတယ္။ အစၥ ေရးနဲ႔ဟားမတ္စ္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲက (၁)ႏွစ္ေက်ာ္ၾကာခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိဘဲ တိုက္ပြဲေတြဆက္လက္ျဖစ္ပြားေနရာ လူေပါင္းအနည္းဆုံး (၄၄၀၀၀)ေက်ာ္ ေသဆုံးထားပါတယ္။

Related news

© 2021. All rights reserved.