စင်ကာပူနိုင်ငံ၊ Little Seeds မူကြိုကျောင်းမှာ ကလေး (၇)ဦးကို အစာအိမ်ရောဂါနဲ့ဆေးရုံပို့ခဲ့ရ

 298

ရောင်နီ (NP News) - ဒီဇင်ဘာ ၄

စင်ကာပူနိုင်ငံ Little Seeds မူကြိုကျောင်းမှာ ဒီဇင်ဘာ ၂ ရက်က ကလေး(၂၄)ဦး အစာအိမ်ရောဂါလက္ခဏာတွေခံစားခဲ့ရပြီး (၇)ဦး ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ Potong Pasir မူကြိုကျောင်းရဲ့ Calvary Baptist Church ဌာနခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆေးရုံတက်ရသူ (၇)ဦးမှာ လေးဦးဆေးရုံက ဆင်းလာနိုင်ပြီဖြစ်ပြီး ကျန်သုံးဦးဟာလည်း အခြေအနေတည်ငြိမ်နေပြီ ဖြစ်တယ်လို့ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) နဲ့ ရှေးဦးကလေးဘဝဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (ECDA) တို့က ပြောပါတယ်။ ဘာကြောင့် အစာအိမ်ရောဂါ ဖြစ်ရတယ်ဆိုတာတော့ မသိရသေးပါဘူး။

မူကြိုကျောင်းဝက်ဘ်ဆိုဒ်အရ Anglican Preschool Services (APS) လက်အောက် Little Seeds စင်တာဟာ အသက် ၁၈ လမှ ခြောက်နှစ်ကြား ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ကျောင်းဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံ၊ Little Seeds မူႀကိဳေက်ာင္းမွာ ကေလး (၇)ဦးကို အစာအိမ္ေရာဂါနဲ႔ေဆး႐ုံပို႔ခဲ့ရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၄

စင္ကာပူႏိုင္ငံ Little Seeds မူႀကိဳေက်ာင္းမွာ ဒီဇင္ဘာ ၂ ရက္က ကေလး(၂၄)ဦး အစာအိမ္ေရာဂါလကၡဏာေတြခံစားခဲ့ရၿပီး (၇)ဦး ေဆး႐ုံတင္လိုက္ရတယ္လို႔ သိရပါတယ္။

ဒီအျဖစ္အပ်က္ဟာ Potong Pasir မူႀကိဳေက်ာင္းရဲ႕ Calvary Baptist Church ဌာနခြဲမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေဆး႐ုံတက္ရသူ (၇)ဦးမွာ ေလးဦးေဆး႐ုံက ဆင္းလာႏိုင္ၿပီျဖစ္ၿပီး က်န္သုံးဦးဟာလည္း အေျခအေနတည္ၿငိမ္ေနၿပီ ျဖစ္တယ္လို႔ စင္ကာပူစားနပ္ရိကၡာေအဂ်င္စီ (SFA)၊ က်န္းမာေရးဝန္ႀကီးဌာန (MOH) နဲ႔ ေရွးဦးကေလးဘဝဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီ (ECDA) တို႔က ေျပာပါတယ္။ ဘာေၾကာင့္ အစာအိမ္ေရာဂါ ျဖစ္ရတယ္ဆိုတာေတာ့ မသိရေသးပါဘူး။

မူႀကိဳေက်ာင္းဝက္ဘ္ဆိုဒ္အရ Anglican Preschool Services (APS) လက္ေအာက္ Little Seeds စင္တာဟာ အသက္ ၁၈ လမွ ေျခာက္ႏွစ္ၾကား ကေလးေတြကို ျပဳစုေစာင့္ေရွာက္ေပးေနတဲ့ ေက်ာင္းျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.