နစကဥက္ကဋ္ဌ နှင့် ရုရှားဒူးမားလွှတ်တော် ဒုဥက္ကဋ္ဌတို့ တွေ့ဆုံစဉ်ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေး

 281

စော (NP News) - ဒီဇင်ဘာ ၄

နစကဥက္ကဋ္ဌ နှင့် ရုရှားဒူးမားလွှတ်တော် ဒုဥက္ကဋ္ဌတို့တွေ့ဆုံစဉ် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက် ၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E . Mr. Sholban Kara-Ool တို့သည် ယမန်နေ့ (ဒီဇင်ဘာ ၃ ရက်)က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာစာမျက်နှာတွင် ရုရှားနိုင်ငံအနေဖြင့် ခိုင်ခိုင်မာမာရပ်တည်ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအပေါ် ခိုင်ခိုင်မာမာရပ်တည်ပေးလျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု နှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့်အခြေ အနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့ပြင် ဥပဒေပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ လူငယ်ရေးရာကိစ္စများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်းများ၊ အပြန်အလှန်ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေး ဆက်လက်တိုးချဲ့သွားမည့် အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်းပညာပူးပေါင်း တိုးမြှင့်ဆောင်ရွက်မှုအခြေအနေများ ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေး နှင့် စက်မှုလုပ်ငန်းများ တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyi version
နစကဥကၠ႒ ႏွင့္ ႐ုရွားဒူးမားလႊတ္ေတာ္ ဒုဥကၠ႒တို႔ ေတြ႕ဆုံစဥ္က်င္းပမည့္ ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ ထည့္သြင္းေဆြးေႏြး

ေစာ (NP News) - ဒီဇင္ဘာ ၄

နစကဥကၠ႒ ႏွင့္ ႐ုရွားဒူးမားလႊတ္ေတာ္ ဒုဥကၠ႒တို႔ေတြ႕ဆုံစဥ္ က်င္းပမည့္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ ၍ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

နစကဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ႐ုရွားႏိုင္ငံ ဒူးမားလႊတ္ေတာ္ ဒုတိယဥကၠ႒ H.E . Mr. Sholban Kara-Ool တို႔သည္ ယမန္ေန႔ (ဒီဇင္ဘာ ၃ ရက္)က ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၊ သံတမန္ေဆာင္ဧည့္ခန္းမ၌ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈမ်ားအေပၚ ႏိုင္ငံတကာစာမ်က္ႏွာတြင္ ႐ုရွားႏိုင္ငံအေနျဖင့္ ခိုင္ခိုင္မာမာရပ္တည္ေပးလ်က္ရွိမႈႏွင့္ ျမန္မာႏိုင္ငံအေနျဖင့္လည္း ႐ုရွားႏိုင္ငံ၏ ႏိုင္ငံေရး ျဖစ္ေပၚေျပာင္းလဲမႈအေပၚ ခိုင္ခိုင္မာမာရပ္တည္ေပးလ်က္ရွိမႈ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၌ လြတ္လပ္၍ တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိမႈ ႏွင့္ ေ႐ြးေကာက္ပြဲက်င္းပခ်ိန္တြင္ ႐ုရွားႏိုင္ငံမွေလ့လာေရးအဖြဲ႕မ်ား ဖိတ္ေခၚသြားမည့္အေျခ အေနမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ျပင္ ဥပေဒပိုင္းဆိုင္ရာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္သည့္ အေျခအေနမ်ား၊ လူငယ္ေရးရာကိစၥမ်ားတြင္ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ခရီးသြားလုပ္ငန္းမ်ား၊ အျပန္အလွန္ကုန္သြယ္မႈလုပ္ငန္းမ်ား တိုးတက္ေစေရး ဆက္လက္တိုးခ်ဲ႕သြားမည့္ အေျခအေနမ်ားကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အလားတူ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ နည္းပညာပူးေပါင္း တိုးျမႇင့္ေဆာင္႐ြက္မႈအေျခအေနမ်ား ၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအတြက္ လိုအပ္သည့္ ဓာတ္ေျမဩဇာမ်ား ထုတ္လုပ္ႏိုင္ေရး ႏွင့္ စက္မႈလုပ္ငန္းမ်ား တိုးတက္ေစေရး ပူးေပါင္းေဆာင္႐ြက္ႏိုင္သည့္ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

ထို႔ျပင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈလုပ္ငန္း၊ စြမ္းအင္ထုတ္လုပ္မႈလုပ္ငန္းမ်ားႏွင့္ အျခားက႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ႏိုင္မႈ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.