(၁)နာရီအတွင်း (၁၅၇၅)ကြိမ် ဒိုက်ထိုးပြပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ မြေး(၁၂)ယောက်ရဲ့အဘွား
506
Pika (NP News) - ဒီဇင်ဘာ ၄
ကနေဒါနိုင်ငံမှ အသက်(၅၉)နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် အချိန်တစ်နာရီအတွင်း (၁၅၇၅) ကြိမ်အထိ ဒိုက်ထိုးပြနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဒိုက် အကြိမ်ရေအများဆုံးထိုးပြသည့်ဂင်းနစ်စံချိန်မှာ ယင်းအဘွားအို၏ ဒုတိယမြောက်ဂင်းနစ်စံချိန်ဖြစ် ကြောင်းလည်းသိရသည်။
အယ်လ်ဘာတာပြည်နယ် ဘီဇာမြို့တွင်နေထိုင်သည့် ဒေါ်နာဂျင်းဝိုင်းဆိုသည့် အမျိုးသမီးသည် အချိန်တစ်နာရီအတွင်း ဒိုက်အကြိမ်ရေအများ ဆုံးထိုးပြသည့်အမျိုးသမီး ဂင်းနစ်စံချိန်ကို ရယူနိုင်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ ဒေါ်နာဂျင်းဝိုင်းသည် အချိန်တစ်နာရီအတွင်း ဒိုက်အကြိမ်ရေ(၁၅၇၅)ကြိမ် အထိ ထိုးပြခဲ့ပြီးနောက် ယခင်စံချိန်(၁၂၀၇)ကြိမ်ကို ကျော်တက်သွားကာ ယခုကဲ့သို့ ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဒေါ်နာဂျင်းဝိုင်းက “ ပျော်ရွှင်နေတဲ့မျက်ရည်တွေ၊ စိတ်ခံစားချက်တွေနဲ့အတူ အကောင်းဆုံး ကြိုးစားခဲ့တာပါ။ အခက်အခဲတွေရှိခဲ့ပေမယ့်လည်း အရာအားလုံးကို ကောင်းမွန်စွာကျော်ဖြတ်နိုင်ခဲ့ပါ တယ်။ ဒီလိုမျိုး ဒိုက်အကြိမ်ရေအများဆုံးထိုးပြတဲ့ ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက်လည်း တ ကယ်ကိုဝမ်းသာမိပါတယ်” ဟုပြောဆိုခဲ့သည်။ ထို့ပြင် ဒေါ်နာဂျင်းဝိုင်းသည် အချိန်(၄)နာရီ(၃)မိနစ်နှင့် (၁၁)စက္ကန့်အထိ plank ထောက်ပြခဲ့ပြီးနောက် အချိန်အကြာဆုံး plank ထောက်ပြသည့် အမျိုးသမီး ဂင်းနစ်စံချိန်ကို ချိုးဖျက်ထားသူဖြစ်ကြောင်းလည်း သိရသည်။ အချိန်အကြာဆုံး plank ထောက်ပြသည့် ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်မှုနှင့်အတူ ဒိုက်အကြိမ်ရေအများဆုံးထိုးပြသည့်ဂင်းနစ်စံချိန်ကိုချိုးဖျက်ရန် အတွက် ထပ်မံကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နာဂျင်းဝိုင်းက ပြောကြားခဲ့သည်။
ဒေါ်နာဂျင်းဝိုင်း၏ ဒိုက်အကြိမ်ရေအများဆုံးထိုးပြသည့် ဂင်းနစ်စံချိန်ကိုချိုးဖျက်ရန်ကြိုးပမ်းမှုကို ၎င်း၏မြေး(၁၂)ဦးအနက် (၁၁) ဦးက လာရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်းလည်းသိရသည်။
zawgyi version
(၁)နာရီအတြင္း (၁၅၇၅)ႀကိမ္ ဒိုက္ထိုးျပၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ ေျမး(၁၂)ေယာက္ရဲ႕အဘြား
Pika (NP News) - ဒီဇင္ဘာ ၄
ကေနဒါႏိုင္ငံမွ အသက္(၅၉)ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးသည္ အခ်ိန္တစ္နာရီအတြင္း (၁၅၇၅) ႀကိမ္အထိ ဒိုက္ထိုးျပႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါ ဒိုက္ အႀကိမ္ေရအမ်ားဆုံးထိုးျပသည့္ဂင္းနစ္စံခ်ိန္မွာ ယင္းအဘြားအို၏ ဒုတိယေျမာက္ဂင္းနစ္စံခ်ိန္ျဖစ္ ေၾကာင္းလည္းသိရသည္။
အယ္လ္ဘာတာျပည္နယ္ ဘီဇာၿမိဳ႕တြင္ေနထိုင္သည့္ ေဒၚနာဂ်င္းဝိုင္းဆိုသည့္ အမ်ိဳးသမီးသည္ အခ်ိန္တစ္နာရီအတြင္း ဒိုက္အႀကိမ္ေရအမ်ား ဆုံးထိုးျပသည့္အမ်ိဳးသမီး ဂင္းနစ္စံခ်ိန္ကို ရယူႏိုင္ခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။ ေဒၚနာဂ်င္းဝိုင္းသည္ အခ်ိန္တစ္နာရီအတြင္း ဒိုက္အႀကိမ္ေရ(၁၅၇၅)ႀကိမ္ အထိ ထိုးျပခဲ့ၿပီးေနာက္ ယခင္စံခ်ိန္(၁၂၀၇)ႀကိမ္ကို ေက်ာ္တက္သြားကာ ယခုကဲ့သို႔ ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ေဒၚနာဂ်င္းဝိုင္းက “ ေပ်ာ္႐ႊင္ေနတဲ့မ်က္ရည္ေတြ၊ စိတ္ခံစားခ်က္ေတြနဲ႔အတူ အေကာင္းဆုံး ႀကိဳးစားခဲ့တာပါ။ အခက္အခဲေတြရွိခဲ့ေပမယ့္လည္း အရာအားလုံးကို ေကာင္းမြန္စြာေက်ာ္ျဖတ္ႏိုင္ခဲ့ပါ တယ္။ ဒီလိုမ်ိဳး ဒိုက္အႀကိမ္ေရအမ်ားဆုံးထိုးျပတဲ့ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အတြက္လည္း တ ကယ္ကိုဝမ္းသာမိပါတယ္” ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ေဒၚနာဂ်င္းဝိုင္းသည္ အခ်ိန္(၄)နာရီ(၃)မိနစ္ႏွင့္ (၁၁)စကၠန႔္အထိ plank ေထာက္ျပခဲ့ၿပီးေနာက္ အခ်ိန္အၾကာဆုံး plank ေထာက္ျပသည့္ အမ်ိဳးသမီး ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ထားသူျဖစ္ေၾကာင္းလည္း သိရသည္။ အခ်ိန္အၾကာဆုံး plank ေထာက္ျပသည့္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မႈႏွင့္အတူ ဒိုက္အႀကိမ္ေရအမ်ားဆုံးထိုးျပသည့္ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ရန္ အတြက္ ထပ္မံႀကိဳးပမ္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒၚနာဂ်င္းဝိုင္းက ေျပာၾကားခဲ့သည္။
ေဒၚနာဂ်င္းဝိုင္း၏ ဒိုက္အႀကိမ္ေရအမ်ားဆုံးထိုးျပသည့္ ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ရန္ႀကိဳးပမ္းမႈကို ၎၏ေျမး(၁၂)ဦးအနက္ (၁၁) ဦးက လာေရာက္ ၾကည့္ရႈအားေပးခဲ့ၾကေၾကာင္းလည္းသိရသည္။