DKBA ထိပ်ပိုင်းခေါင်းဆောင်များအကြား ရာထူးအပြောင်းအလဲဖြစ်ပေါ်ပြီး ဗိုလ်မှူးကြီး စောဆန်းအောင်က ဗိုလ်ချုပ်ဖြစ်လာ
2110
သုတကျော် (NP News) - ဒီဇင်ဘာ ၄
DKBA ထိပ်ပိုင်းခေါင်းဆောင်များအကြား ရာထူးအပြောင်းအလဲဖြစ်ပေါ်ပြီး ဗိုလ်မှူးကြီး စောဆန်းအောင်က ဗိုလ်ချုပ်ဖြစ်လာကြောင်း DKBA ၏ ဗဟိုစစ်ဌာနချုပ်ရုံးက ထုတ်ပြန်သော အမိန့်စာများအရ သိရသည်။
အဆိုပါ ရာထူးတံဆိပ်ပြောင်းလဲတပ်ဆင်ခြင်းကို ဒီဇင်ဘာလ ၃ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း NP News က ကနဦး စုံစမ်း သိရှိရသည်။
DKBA ၏ ယခင် ဒုတိယစစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး စောတာ့ခူးကို DKBA အကြံပေးအဖွဲ့ ၏နာယကအဖြစ် ဗဟိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ် တာဝန်ထမ်းဆောင်ရန် ရာထူးတိုးပေးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကလို့ထူးဘော ဗဟိုစစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောရွှေဝကို ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ဒုတိယ စစ်ဦးစီးချုပ်အဖြစ်လည်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။
zawgyi version
DKBA ထိပ္ပိုင္းေခါင္းေဆာင္မ်ားအၾကား ရာထူးအေျပာင္းအလဲျဖစ္ေပၚၿပီး ဗိုလ္မႉးႀကီး ေစာဆန္းေအာင္က ဗိုလ္ခ်ဳပ္ျဖစ္လာ
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၄
DKBA ထိပ္ပိုင္းေခါင္းေဆာင္မ်ားအၾကား ရာထူးအေျပာင္းအလဲျဖစ္ေပၚၿပီး ဗိုလ္မႉးႀကီး ေစာဆန္းေအာင္က ဗိုလ္ခ်ဳပ္ျဖစ္လာေၾကာင္း DKBA ၏ ဗဟိုစစ္ဌာနခ်ဳပ္႐ုံးက ထုတ္ျပန္ေသာ အမိန႔္စာမ်ားအရ သိရသည္။
အဆိုပါ ရာထူးတံဆိပ္ေျပာင္းလဲတပ္ဆင္ျခင္းကို ဒီဇင္ဘာလ ၃ ရက္က ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ဗဟိုအလုပ္ အမႈေဆာင္ေကာ္မတီ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း NP News က ကနဦး စုံစမ္း သိရွိရသည္။
DKBA ၏ ယခင္ ဒုတိယစစ္ဦးစီးခ်ဳပ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေစာတာ့ခူးကို DKBA အႀကံေပးအဖြဲ႕ ၏နာယကအျဖစ္ ဗဟိုအေျခခ် စစ္ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး ေစာဆန္းေအာင္ကို ဗိုလ္ခ်ဳပ္အဆင့္ျဖင့္ စစ္ဦးစီးအရာရွိခ်ဳပ္ တာဝန္ထမ္းေဆာင္ရန္ ရာထူးတိုးေပးခဲ့ျခင္း ျဖစ္သည္။ ထို႔ျပင္ ကလို႔ထူးေဘာ ဗဟိုစစ္ကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ ေစာေ႐ႊဝကို ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးအဆင့္ျဖင့္ ဒုတိယ စစ္ဦးစီးခ်ဳပ္အျဖစ္လည္း ေျပာင္းလဲတာဝန္ေပးအပ္ခဲ့သည္။