အသက်(၂၇)နှစ်အရွယ် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးခေါင်းဆောင် ကာရိုလိုင်းဆိုတာ...
1122
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၄
နိုဝင်ဘာ(၅)ရက်ကကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ ဘီလျံနာ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ အမေရိကန်အစိုးရအဖွဲ့အသစ်မှာပါဝင်မယ့် သူတွေကို အမည်စာရင်းတင်သွင်းလျက်ရှိနေရာ ကာရိုလိုင်းလီဗစ်ကို အမေရိကန်အစိုးရအဖွဲ့ပြန်ကြား ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
ကာရိုလိုင်းလီဗစ်ဟာ လက်ရှိအချိန်မှာ အသက် (၂၇) နှစ်အရွယ်သာရှိသေးပြီး အတွေ့ကြုံရင့် ကျက်မှုမရှိသေးရာ အမေရိကန်လို ထိပ်သီးနိုင်ငံကြီးတစ်နိုင်ငံရဲ့ အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် အမည်စာရင်းတင်သွင်းခြင်းက စိတ်ဝင်စားမှုမြင့်တက်စေခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် ဟာ လာမယ့် (၂၀၂၅)ခုနှစ် ဇန်နဝါရီ (၂၀)ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး အမေရိကန်အစိုးရအဖွဲ့ခေါင်း ဆောင်အဖြစ် လုပ်ငန်းတာဝန်တွေကို စတင် တာဝန်ယူတော့မှာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ ကာရိုလိုင်းဟာ အသက်ငယ်ပေမယ့် စမတ်ဖြစ်တယ်။ သူဟာ ထိတွေ့ ဆက် သွယ်ဆောင်ရွက်မှုပိုင်းတွေမှာ အကောင်းဆုံး သက်သေပြခဲ့တယ်။ ကျွန်တော့်အနေနဲ့ကတော့ ကာရို လိုင်းဟာ ပြန်ကြားရေးဝန်ကြီးတာဝန်တွေကို အကောင်းဆုံးစွမ်းဆောင်ပြမယ်လို့ ရာနှုန်းပြည့်ယုံကြည် ထားတယ်။ ကာရိုလိုင်းဟာ Make America Great Again ဖြစ်အောင် ကူညီပေးနိုင်မယ့်သူလည်း ဖြစ်ပါတယ်” လို့ပြောပါတယ်။ တကယ်လို့ ကာရိုလိုင်းဟာ အိမ်ဖြူတော်ရဲ့သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့မယ်ဆိုရင် အမေရိကန်အစိုးရအဖွဲ့ရဲ့ အိမ်ဖြူတော်သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်လုပ်ခဲ့ဖူးသူတွေထဲမှာ အငယ်ဆုံး ဝန်ကြီး ဖြစ်လာမှာလည်းဖြစ်ပါတယ်။ တကယ်တော့ ကာရိုလိုင်းဟာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ အဖြစ်တာဝန်ယူချိန်အတွင်း အိမ်ဖြူ တော်သတင်း ထုတ်ပြန်ရေးအဖွဲ့မှာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ကာရိုလိုင်းဟာ (၂၀၁၉)ခုနှစ်က Saint Anselm College ကနေ နိုင်ငံရေးနဲ့ ဆက်သွယ်ရေး ဘာသာရပ်နဲ့ဘွဲ့ရရှိခဲ့ပြီး အိမ်ဖြူတော်မှာ သမ္မတ ပြောဆိုမယ့်မိန့်ခွန်းတွေကို ရေးသားရတဲ့အလုပ်ကို လုပ်ခဲ့ဖူးသလို အိမ်ဖြူတော်သတင်းထုတ်ပြန်ရေး အဖွဲ့မှာလည်း ပူးတွဲပါခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကာရိုလိုင်းရဲ့ငယ်ရွယ်မှုနဲ့ အတွေ့ကြုံ မရင့် ကျက်မှုကို ဝေဖန်ပြောဆိုနေပေမယ့် Saint Anselm College ရဲ့ နိုင်ငံရေးအင်စတီကျုက ဒါရိုက်တာ ဖြစ်သူကတော့ ကာရိုလိုင်းဟာ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ် ပြီး အိမ်ဖြူတော် ရဲ့သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်တာဝန်နဲ့ အလွန်လိုက်ဖက်အံဝင်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
၎င်းဟာ အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်အဖြစ် (၂၀၂၂)ခုနှစ်အတွင်း ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး နယူးဟမ်ရှိုင်းယားပြည်နယ်အတွက် အမေရိကန်ရီပတ်ဘလီကန်ပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ်ယှဉ်ပြိုင်မှုမှာ အနိုင်ရခဲ့ပေမယ့် အောက်လွှတ်တော်ရွေးကောက်ပွဲမှာတော့ ဒီမို ကရက်တစ်ပါတီရဲ့အမတ်လောင်းဖြစ်သူကို ရှုံးနိမ့်ခဲ့ပါတယ်။ ကာရိုလိုင်းဟာ အမေရိကန်နိုင်ငံ Atkinson အရပ်ဒေသမှာမွေးဖွားကြီးပြင်းခဲ့ပြီး ငယ်စဉ်ကလေးဘဝက Atkinson Academy Elementary နဲ့ Timberlane Regional Middle School စာသင်ကျောင်းတွေမှာ တက်ရောက်ခဲ့ဖူးကာ အထက်တန်း ကျောင်းကိုတော့ Central Catholic High School မှာတက်ရောက်ခဲ့ပါတယ်။ အထက်တန်းအောင်မြင်ခဲ့ ပြီးနောက် ဟန်တန်အရပ်ဒေသကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး တက္ကသိုလ်ကို Saint Anselm College မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ ကာရိုလိုင်းက “ ကျွန်မဟာ Saint Anselm College ကိုရောက်ရှိ ချိန်မှာ နိုင်ငံရေးကို စိတ်ဝင်စားခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာဘာတွေဖြစ်နေသလဲဆိုတာကို သတင်းတွေဖတ်တဲ့ အပြင် တခြားအရာတွေကိုလည်းလေ့လာခဲ့တယ်။ ကလေးဘဝကတည်းက နေ့စဉ်သတင်းစာတွေကို ဖတ်ခဲ့သူဖြစ်ပါတယ်” လို့ပြောပါတယ်။
ကာရိုလိုင်းဟာ softball ကစားနည်းကို ပါဝင်ကစားခဲ့ဖူးသလို WMUR-TV မှာလည်း အချိန် ပိုင်းသတင်းထောက်လုပ်ခဲ့ဖူးကာ လုပ်အားပေးအလုပ်တွေကို လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ “ ကျွန်မ ဘဝတစ်လျှောက်လုံးမှာ နိုင်ငံရေးကိုစိတ်ဝင်စားခဲ့တယ်။ ဒေါ်နယ်ထရမ့်ဟာ အသေးစားစီးပွားရေး လုပ်ငန်းရှင်ဘဝကနေ စီးပွားရေးလုပ်ငန်းကြီးဖြစ်ခဲ့သလို စီးပွားရေး လုပ်ငန်းရှင်ဘဝကနေ အမေရိကန် သမ္မတဖြစ်ခဲ့တာကို အရမ်းစိတ်ဝင်စားခဲ့တယ်။ ကျွန်မဟာ တက္ကသိုလ်တက်နေချိန်မှာပဲ ဒေါ်နယ်ထရမ့် အတွက် မိန့်ခွန်းစာတွေကိုရေးပေးရတဲ့ အခွင့်အရေးကိုရရှိခဲ့တယ်။ လက်ရှိအချိန်မှာလည်း အမေရိကန် အိမ်ဖြူတော်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် အမည်စာရင်းတင်သွင်းခံရလို့ ဂုဏ်ယူပါ တယ်” လို့ ကာရိုလိုင်းကပြောပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွေမှာလည်း ဒေါ်နယ်ထရမ့်အနိုင် ရအောင်ကူညီပေးခဲ့သူဖြစ်သလို ဒေါ်နယ်ထရမ့်အ တွက် အဓိကမဲဆွယ်စည်းရုံးရေးအဖွဲ့ဖြစ်တဲ့ MAGA Inc ရဲ့ပြောရေးဆိုခွင့်တာဝန်ကို ရယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ကာရိုလိုင်းဟာ (၂၀၂၃)ခုနှစ်မှာ အမေရိကန်စီးပွားရေးသမားတစ်ဦးနဲ့လက်ထပ်ခဲ့ပြီး (၂၀၂၄)ခုနှစ် ဇူလိုင်လမှာ သားတစ်ဦးမွေးဖွားခဲ့ပါတယ်။ သတင်းစာပညာကိုစိတ်ဝင်စားသူတစ်ဦးဖြစ်တဲ့အတွက် တက္က သိုလ် ကျောင်းသားဘဝမှာကတည်းက ကမ္ဘာကျော် Fox News သတင်းဌာနမှာ အလုပ်သင်သတင်း ထောက် တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ကာရိုလိုင်းဟာ အမေရိကန်အိမ်ဖြူ တော်ရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင်တာဝန်ကိုရယူနိုင်တဲ့ အသက်ငယ်ဆုံးစံချိန်ကို ရရှိမှာဖြစ်ပြီး (၁၉၆၉)ခုနှစ်က အိမ်ဖြူတော်ရဲ့ အသက်အငယ်ဆုံးသတင်းထုတ်ပြန်ရေးခေါင်းဆောင်တာဝန်ကိုရယူခဲ့ ဖူးသူ ရွှန်ဇီဂလာရဲ့စံချိန်ကို ချိုးဖျက်နိုင်ဖွယ်ရှိနေပါတယ်။
ကာရိုလိုင်းဟာ အခွန်လျှော့ချရေးကိုလိုလားသူတစ်ဦးဖြစ်ပေမယ့် အမေရိကန်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို အပြင်းအထန်နှိပ်ကွပ်ရေးနဲ့ နယ်စပ်ခြံစည်းရိုးခတ်ဖို့ လိုလား သူ ဖြစ်ပါတယ်။ ကာရိုလိုင်းရဲ့အတွေးခေါ်အယူအဆ အများစုဟာ ဒေါ်နယ်ထရမ့်ရဲ့အတွေးအခေါ်ယူဆ ချက်တွေနဲ့အများစုတူညီမှုရှိတယ်လို့ သုံးသပ်ပြောဆို တာတွေလည်းရှိနေပါတယ်။ CNN This Morning အစီအစဉ်မှာလည်း ပါဝင်လုပ်ကိုင်ခဲ့ဖူးပြီး သားဖြစ်သူ မွေးဖွားဖို့အတွက် အဲဒီအစီအစဉ်ကနုတ်ထွက်ခဲ့ပေ မယ့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်ကာလအတွင်း ဒေါ်နယ်ထရမ့်လုပ်ကြံခံရတဲ့အဖြစ်အပျက်တွေ ရင် ဆိုင်ခဲ့ပြီးနောက် ကာရိုလိုင်းဟာ ဒေါ်နယ်ထရမ့်ဘက်က ရပ်တည်မဲဆွယ်ပေးဖို့ သတင်းနဲ့ပတ်သက်တဲ့ အလုပ်တွေကို တစ်ကျော့ပြန်လုပ်ကိုင်ခဲ့ပါတယ်။
ကာရိုလိုင်းဟာ private education လုပ်ငန်းတွေအတွက် အကြံပေးအဖြစ် တာဝန်ယူနေသလို ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း လုပ်ကိုင်အကြံပေးနေသူဖြစ်ပါတယ်။ ကာရိုလိုင်းရဲ့ခင်ပွန်းဖြစ်သူက တော့ သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေသူအဖြစ် သိရပါ တယ်။ ၎င်းဟာ ကွန်ဆာဗေးတစ်အယူအဆတွေကို လက်ခံကျင့်သုံးသူဖြစ်ပြီး အောက်လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် (၂၀၂၂) ခုနှစ်က ပါဝင်ယှဉ်ပြိုင်ချိန်အတွင်း မဲဆွယ်စည်းရုံးရာမှာသေနတ်ကိုင် ဆောင်ခွင့်ဥပဒေကို တင်းတင်းကြပ်ကြပ်သတ်မှတ်ပြဋ္ဌာန်းဖို့၊ အခွန်လျှော့ဖို့၊ ဥပဒေပိုင်းဆိုင်ရာခိုင်မာ ကောင်းမွန်ဖို့စတဲ့အချက်တွေကို ကြွေးကြော်မဲဆွယ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့ဟာ အမေရိကန်အစိုးရအတွက် အဓိကအရေးကြီးဆုံး အလုပ်တစ်ခုကိုလုပ်ဆောင်ရခြင်းဖြစ်ရာ အမှားအယွင်းများဖြစ်ပွားလို့မရဘဲ အမှားယွင်းတွေရှိခဲ့မယ်ဆို ရင် အမေရိကန်အစိုးရရဲ့ဂုဏ်သိက္ခာတွေကိုလည်းထိခိုက်နစ်နာရဖွယ်ရှိနေပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မအဖြစ် (၂၀၁၇)ခုနှစ်ကနေ (၂၀၂၁)ခုနှစ်အထိတာဝန်ယူချိန်အတွင်း သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင်ကို (၄)ဦးအထိ ပြောင်းလဲခန့် အပ်ခဲ့ဖူးရာ ကာရိုလိုင်းဟာ အိမ်ဖြူတော်သတင်း ထုတ်ပြန်ရေးတာဝန်ကို ဒေါ်နယ်ထရမ့် သက်တမ်းကုန်ဆုံး ချိန်အထိတာဝန်ယူခွင့်ရမလားဆိုတာ စိတ် ဝင်စားဖွယ်ကောင်းနေပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တုန်းက သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ စပိုက်ဆာ၊ ဆန်ဒါးစ်တို့နဲ့ အငြင်းပွားမှုတွေဖြစ်ပွားကာ လူသိရှင် ကြားရန် ဖြစ်စကားများခဲ့ဖူးပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကာရိုလိုင်းကို ယုံကြည်မှုအပြည့်နဲ့သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်တာဝန်ကို ပေးအပ်ခဲ့သလို ကာရိုလိုင်းကလည်း သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်တာဝန်ကို လက်ခံဖို့အသင့်ရှိနေပါတယ်။ ကာရိုလိုင်းက “ဒေါ်နယ်ထရမ့်ကိုကျေးဇူး တင်ပါတယ်။ ကျွန်မကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အိမ်ဖြူတော်သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင်အဖြစ် အမည်စာရင်းတင်သွင်းခံရတာကိုဂုဏ်ယူပါတယ်။ အမေရိကန်နိုင်ငံကို ဂရိတ်နိုင်ငံဖြစ်အောင် ထပ်မံကြိုးစားလုပ်ဆောင်ခွင့်ရခဲ့တာမျိုးပါ” လို့ပြောပါတယ်။
ကာရိုလိုင်းဟာ အသက်ငယ်ငယ်နဲ့ အမေ ရိကန်အစိုးရအဖွဲ့ အိမ်ဖြူတော်ရဲ့သတင်းထုတ်ပြန်ရေး ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ချိန်အတွင်း ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်ပထမဖြစ်ရေးမူဝါဒကို အောင်မြင်အောင် ဘယ်လောက်အထိပံ့ပိုးကူညီပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ လည်းဖြစ်ပါတယ်။
zawgyi version
အသက္(၂၇)ႏွစ္အ႐ြယ္ အိမ္ျဖဴေတာ္ သတင္းထုတ္ျပန္ေရးေခါင္းေဆာင္ ကာ႐ိုလိုင္းဆိုတာ...
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၄
ႏိုဝင္ဘာ(၅)ရက္ကက်င္းပခဲ့တဲ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့တဲ့ ဘီလ်ံနာ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ က်မ္းသစၥာမက်ိန္ဆိုမီ အေမရိကန္အစိုးရအဖြဲ႕အသစ္မွာပါဝင္မယ့္ သူေတြကို အမည္စာရင္းတင္သြင္းလ်က္ရွိေနရာ ကာ႐ိုလိုင္းလီဗစ္ကို အေမရိကန္အစိုးရအဖြဲ႕ျပန္ၾကား ေရးဝန္ႀကီးအျဖစ္ အမည္စာရင္းတင္သြင္းလိုက္ပါတယ္။
ကာ႐ိုလိုင္းလီဗစ္ဟာ လက္ရွိအခ်ိန္မွာ အသက္ (၂၇) ႏွစ္အ႐ြယ္သာရွိေသးၿပီး အေတြ႕ႀကဳံရင့္ က်က္မႈမရွိေသးရာ အေမရိကန္လို ထိပ္သီးႏိုင္ငံႀကီးတစ္ႏိုင္ငံရဲ႕ အိမ္ျဖဴေတာ္သတင္းထုတ္ျပန္ေရးအဖြဲ႕ ေခါင္းေဆာင္အျဖစ္ အမည္စာရင္းတင္သြင္းျခင္းက စိတ္ဝင္စားမႈျမင့္တက္ေစခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ ဟာ လာမယ့္ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီ (၂၀)ရက္မွာ က်မ္းသစၥာက်ိန္ဆိုၿပီး အေမရိကန္အစိုးရအဖြဲ႕ေခါင္း ေဆာင္အျဖစ္ လုပ္ငန္းတာဝန္ေတြကို စတင္ တာဝန္ယူေတာ့မွာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ ကာ႐ိုလိုင္းဟာ အသက္ငယ္ေပမယ့္ စမတ္ျဖစ္တယ္။ သူဟာ ထိေတြ႕ ဆက္ သြယ္ေဆာင္႐ြက္မႈပိုင္းေတြမွာ အေကာင္းဆုံး သက္ေသျပခဲ့တယ္။ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ကာ႐ို လိုင္းဟာ ျပန္ၾကားေရးဝန္ႀကီးတာဝန္ေတြကို အေကာင္းဆုံးစြမ္းေဆာင္ျပမယ္လို႔ ရာႏႈန္းျပည့္ယုံၾကည္ ထားတယ္။ ကာ႐ိုလိုင္းဟာ Make America Great Again ျဖစ္ေအာင္ ကူညီေပးႏိုင္မယ့္သူလည္း ျဖစ္ပါတယ္” လို႔ေျပာပါတယ္။ တကယ္လို႔ ကာ႐ိုလိုင္းဟာ အိမ္ျဖဴေတာ္ရဲ႕သတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္အျဖစ္ တာဝန္ယူခြင့္ရခဲ့မယ္ဆိုရင္ အေမရိကန္အစိုးရအဖြဲ႕ရဲ႕ အိမ္ျဖဴေတာ္သတင္း ထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္လုပ္ခဲ့ဖူးသူေတြထဲမွာ အငယ္ဆုံး ဝန္ႀကီး ျဖစ္လာမွာလည္းျဖစ္ပါတယ္။ တကယ္ေတာ့ ကာ႐ိုလိုင္းဟာ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတ အျဖစ္တာဝန္ယူခ်ိန္အတြင္း အိမ္ျဖဴ ေတာ္သတင္း ထုတ္ျပန္ေရးအဖြဲ႕မွာ လုပ္ကိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ ကာ႐ိုလိုင္းဟာ (၂၀၁၉)ခုႏွစ္က Saint Anselm College ကေန ႏိုင္ငံေရးနဲ႔ ဆက္သြယ္ေရး ဘာသာရပ္နဲ႔ဘြဲ႕ရရွိခဲ့ၿပီး အိမ္ျဖဴေတာ္မွာ သမၼတ ေျပာဆိုမယ့္မိန႔္ခြန္းေတြကို ေရးသားရတဲ့အလုပ္ကို လုပ္ခဲ့ဖူးသလို အိမ္ျဖဴေတာ္သတင္းထုတ္ျပန္ေရး အဖြဲ႕မွာလည္း ပူးတြဲပါခဲ့သူျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ကာ႐ိုလိုင္းရဲ႕ငယ္႐ြယ္မႈနဲ႔ အေတြ႕ႀကဳံ မရင့္ က်က္မႈကို ေဝဖန္ေျပာဆိုေနေပမယ့္ Saint Anselm College ရဲ႕ ႏိုင္ငံေရးအင္စတီက်ဳက ဒါ႐ိုက္တာ ျဖစ္သူကေတာ့ ကာ႐ိုလိုင္းဟာ ပူးေပါင္းေဆာင္႐ြက္လိုစိတ္ရွိသူျဖစ္ ၿပီး အိမ္ျဖဴေတာ္ ရဲ႕သတင္း ထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္တာဝန္နဲ႔ အလြန္လိုက္ဖက္အံဝင္တယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။
၎ဟာ အေမရိကန္ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ (၂၀၂၂)ခုႏွစ္အတြင္း ပါဝင္ ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး နယူးဟမ္ရႈိင္းယားျပည္နယ္အတြက္ အေမရိကန္ရီပတ္ဘလီကန္ပါတီ လႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္းအျဖစ္ယွဥ္ၿပိဳင္မႈမွာ အႏိုင္ရခဲ့ေပမယ့္ ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာေတာ့ ဒီမို ကရက္တစ္ပါတီရဲ႕အမတ္ေလာင္းျဖစ္သူကို ရႈံးနိမ့္ခဲ့ပါတယ္။ ကာ႐ိုလိုင္းဟာ အေမရိကန္ႏိုင္ငံ Atkinson အရပ္ေဒသမွာေမြးဖြားႀကီးျပင္းခဲ့ၿပီး ငယ္စဥ္ကေလးဘဝက Atkinson Academy Elementary နဲ႔ Timberlane Regional Middle School စာသင္ေက်ာင္းေတြမွာ တက္ေရာက္ခဲ့ဖူးကာ အထက္တန္း ေက်ာင္းကိုေတာ့ Central Catholic High School မွာတက္ေရာက္ခဲ့ပါတယ္။ အထက္တန္းေအာင္ျမင္ခဲ့ ၿပီးေနာက္ ဟန္တန္အရပ္ေဒသကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၿပီး တကၠသိုလ္ကို Saint Anselm College မွာ တက္ေရာက္ပညာသင္ၾကားခဲ့ပါတယ္။ ကာ႐ိုလိုင္းက “ ကြၽန္မဟာ Saint Anselm College ကိုေရာက္ရွိ ခ်ိန္မွာ ႏိုင္ငံေရးကို စိတ္ဝင္စားခဲ့ၿပီး ကမာၻတစ္ဝန္းမွာဘာေတြျဖစ္ေနသလဲဆိုတာကို သတင္းေတြဖတ္တဲ့ အျပင္ တျခားအရာေတြကိုလည္းေလ့လာခဲ့တယ္။ ကေလးဘဝကတည္းက ေန႔စဥ္သတင္းစာေတြကို ဖတ္ခဲ့သူျဖစ္ပါတယ္” လို႔ေျပာပါတယ္။
ကာ႐ိုလိုင္းဟာ softball ကစားနည္းကို ပါဝင္ကစားခဲ့ဖူးသလို WMUR-TV မွာလည္း အခ်ိန္ ပိုင္းသတင္းေထာက္လုပ္ခဲ့ဖူးကာ လုပ္အားေပးအလုပ္ေတြကို လုပ္ကိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ “ ကြၽန္မ ဘဝတစ္ေလွ်ာက္လုံးမွာ ႏိုင္ငံေရးကိုစိတ္ဝင္စားခဲ့တယ္။ ေဒၚနယ္ထရမ့္ဟာ အေသးစားစီးပြားေရး လုပ္ငန္းရွင္ဘဝကေန စီးပြားေရးလုပ္ငန္းႀကီးျဖစ္ခဲ့သလို စီးပြားေရး လုပ္ငန္းရွင္ဘဝကေန အေမရိကန္ သမၼတျဖစ္ခဲ့တာကို အရမ္းစိတ္ဝင္စားခဲ့တယ္။ ကြၽန္မဟာ တကၠသိုလ္တက္ေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ အတြက္ မိန႔္ခြန္းစာေတြကိုေရးေပးရတဲ့ အခြင့္အေရးကိုရရွိခဲ့တယ္။ လက္ရွိအခ်ိန္မွာလည္း အေမရိကန္ အိမ္ျဖဴေတာ္ရဲ႕သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္အျဖစ္ အမည္စာရင္းတင္သြင္းခံရလို႔ ဂုဏ္ယူပါ တယ္” လို႔ ကာ႐ိုလိုင္းကေျပာပါတယ္။
အေမရိကန္သမၼတေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလေတြမွာလည္း ေဒၚနယ္ထရမ့္အႏိုင္ ရေအာင္ကူညီေပးခဲ့သူျဖစ္သလို ေဒၚနယ္ထရမ့္အ တြက္ အဓိကမဲဆြယ္စည္း႐ုံးေရးအဖြဲ႕ျဖစ္တဲ့ MAGA Inc ရဲ႕ေျပာေရးဆိုခြင့္တာဝန္ကို ရယူခဲ့ဖူးသူလည္း ျဖစ္ပါတယ္။
ကာ႐ိုလိုင္းဟာ (၂၀၂၃)ခုႏွစ္မွာ အေမရိကန္စီးပြားေရးသမားတစ္ဦးနဲ႔လက္ထပ္ခဲ့ၿပီး (၂၀၂၄)ခုႏွစ္ ဇူလိုင္လမွာ သားတစ္ဦးေမြးဖြားခဲ့ပါတယ္။ သတင္းစာပညာကိုစိတ္ဝင္စားသူတစ္ဦးျဖစ္တဲ့အတြက္ တကၠ သိုလ္ ေက်ာင္းသားဘဝမွာကတည္းက ကမာၻေက်ာ္ Fox News သတင္းဌာနမွာ အလုပ္သင္သတင္း ေထာက္ တာဝန္ေတြကို ထမ္းေဆာင္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။ ကာ႐ိုလိုင္းဟာ အေမရိကန္အိမ္ျဖဴ ေတာ္ရဲ႕ သတင္းထုတ္ျပန္ေရးေခါင္းေဆာင္တာဝန္ကိုရယူႏိုင္တဲ့ အသက္ငယ္ဆုံးစံခ်ိန္ကို ရရွိမွာျဖစ္ၿပီး (၁၉၆၉)ခုႏွစ္က အိမ္ျဖဴေတာ္ရဲ႕ အသက္အငယ္ဆုံးသတင္းထုတ္ျပန္ေရးေခါင္းေဆာင္တာဝန္ကိုရယူခဲ့ ဖူးသူ ႐ႊန္ဇီဂလာရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖြယ္ရွိေနပါတယ္။
ကာ႐ိုလိုင္းဟာ အခြန္ေလွ်ာ့ခ်ေရးကိုလိုလားသူတစ္ဦးျဖစ္ေပမယ့္ အေမရိကန္ႏိုင္ငံအတြင္း တရားမဝင္ ဝင္ေရာက္ေနထိုင္သူေတြကို အျပင္းအထန္ႏွိပ္ကြပ္ေရးနဲ႔ နယ္စပ္ၿခံစည္း႐ိုးခတ္ဖို႔ လိုလား သူ ျဖစ္ပါတယ္။ ကာ႐ိုလိုင္းရဲ႕အေတြးေခၚအယူအဆ အမ်ားစုဟာ ေဒၚနယ္ထရမ့္ရဲ႕အေတြးအေခၚယူဆ ခ်က္ေတြနဲ႔အမ်ားစုတူညီမႈရွိတယ္လို႔ သုံးသပ္ေျပာဆို တာေတြလည္းရွိေနပါတယ္။ CNN This Morning အစီအစဥ္မွာလည္း ပါဝင္လုပ္ကိုင္ခဲ့ဖူးၿပီး သားျဖစ္သူ ေမြးဖြားဖို႔အတြက္ အဲဒီအစီအစဥ္ကႏုတ္ထြက္ခဲ့ေပ မယ့္ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးခ်ိန္ကာလအတြင္း ေဒၚနယ္ထရမ့္လုပ္ႀကံခံရတဲ့အျဖစ္အပ်က္ေတြ ရင္ ဆိုင္ခဲ့ၿပီးေနာက္ ကာ႐ိုလိုင္းဟာ ေဒၚနယ္ထရမ့္ဘက္က ရပ္တည္မဲဆြယ္ေပးဖို႔ သတင္းနဲ႔ပတ္သက္တဲ့ အလုပ္ေတြကို တစ္ေက်ာ့ျပန္လုပ္ကိုင္ခဲ့ပါတယ္။
ကာ႐ိုလိုင္းဟာ private education လုပ္ငန္းေတြအတြက္ အႀကံေပးအျဖစ္ တာဝန္ယူေနသလို ဝန္ေဆာင္မႈလုပ္ငန္းေတြကိုလည္း လုပ္ကိုင္အႀကံေပးေနသူျဖစ္ပါတယ္။ ကာ႐ိုလိုင္းရဲ႕ခင္ပြန္းျဖစ္သူက ေတာ့ သန္းႂကြယ္သူေဌးတစ္ဦးျဖစ္ၿပီး အိမ္ၿခံေျမလုပ္ငန္းကို အဓိကထားလုပ္ကိုင္ေနသူအျဖစ္ သိရပါ တယ္။ ၎ဟာ ကြန္ဆာေဗးတစ္အယူအဆေတြကို လက္ခံက်င့္သုံးသူျဖစ္ၿပီး ေအာက္လႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္းအျဖစ္ (၂၀၂၂) ခုႏွစ္က ပါဝင္ယွဥ္ၿပိဳင္ခ်ိန္အတြင္း မဲဆြယ္စည္း႐ုံးရာမွာေသနတ္ကိုင္ ေဆာင္ခြင့္ဥပေဒကို တင္းတင္းၾကပ္ၾကပ္သတ္မွတ္ျပ႒ာန္းဖို႔၊ အခြန္ေလွ်ာ့ဖို႔၊ ဥပေဒပိုင္းဆိုင္ရာခိုင္မာ ေကာင္းမြန္ဖို႔စတဲ့အခ်က္ေတြကို ေႂကြးေၾကာ္မဲဆြယ္ခဲ့ဖူးတယ္လို႔ သိရပါတယ္။
အိမ္ျဖဴေတာ္သတင္းထုတ္ျပန္ေရးအဖြဲ႕ဟာ အေမရိကန္အစိုးရအတြက္ အဓိကအေရးႀကီးဆုံး အလုပ္တစ္ခုကိုလုပ္ေဆာင္ရျခင္းျဖစ္ရာ အမွားအယြင္းမ်ားျဖစ္ပြားလို႔မရဘဲ အမွားယြင္းေတြရွိခဲ့မယ္ဆို ရင္ အေမရိကန္အစိုးရရဲ႕ဂုဏ္သိကၡာေတြကိုလည္းထိခိုက္နစ္နာရဖြယ္ရွိေနပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼအျဖစ္ (၂၀၁၇)ခုႏွစ္ကေန (၂၀၂၁)ခုႏွစ္အထိတာဝန္ယူခ်ိန္အတြင္း သတင္းထုတ္ျပန္ ေရးအဖြဲ႕ေခါင္းေဆာင္ကို (၄)ဦးအထိ ေျပာင္းလဲခန႔္ အပ္ခဲ့ဖူးရာ ကာ႐ိုလိုင္းဟာ အိမ္ျဖဴေတာ္သတင္း ထုတ္ျပန္ေရးတာဝန္ကို ေဒၚနယ္ထရမ့္ သက္တမ္းကုန္ဆုံး ခ်ိန္အထိတာဝန္ယူခြင့္ရမလားဆိုတာ စိတ္ ဝင္စားဖြယ္ေကာင္းေနပါတယ္။
ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တုန္းက သတင္းထုတ္ ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ေတြျဖစ္တဲ့ စပိုက္ဆာ၊ ဆန္ဒါးစ္တို႔နဲ႔ အျငင္းပြားမႈေတြျဖစ္ပြားကာ လူသိရွင္ ၾကားရန္ ျဖစ္စကားမ်ားခဲ့ဖူးပါတယ္။ ေဒၚနယ္ထရမ့္ဟာ ကာ႐ိုလိုင္းကို ယုံၾကည္မႈအျပည့္နဲ႔သတင္း ထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္တာဝန္ကို ေပးအပ္ခဲ့သလို ကာ႐ိုလိုင္းကလည္း သတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္တာဝန္ကို လက္ခံဖို႔အသင့္ရွိေနပါတယ္။ ကာ႐ိုလိုင္းက “ေဒၚနယ္ထရမ့္ကိုေက်းဇူး တင္ပါတယ္။ ကြၽန္မကို ယုံၾကည္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ အိမ္ျဖဴေတာ္သတင္းထုတ္ျပန္ ေရးအဖြဲ႕ေခါင္းေဆာင္အျဖစ္ အမည္စာရင္းတင္သြင္းခံရတာကိုဂုဏ္ယူပါတယ္။ အေမရိကန္ႏိုင္ငံကို ဂရိတ္ႏိုင္ငံျဖစ္ေအာင္ ထပ္မံႀကိဳးစားလုပ္ေဆာင္ခြင့္ရခဲ့တာမ်ိဳးပါ” လို႔ေျပာပါတယ္။
ကာ႐ိုလိုင္းဟာ အသက္ငယ္ငယ္နဲ႔ အေမ ရိကန္အစိုးရအဖြဲ႕ အိမ္ျဖဴေတာ္ရဲ႕သတင္းထုတ္ျပန္ေရး ေခါင္းေဆာင္တာဝန္ကို ထမ္းေဆာင္ခ်ိန္အတြင္း ေဒၚနယ္ထရမ့္ရဲ႕ အေမရိကန္ပထမျဖစ္ေရးမူဝါဒကို ေအာင္ျမင္ေအာင္ ဘယ္ေလာက္အထိပံ့ပိုးကူညီေပးႏိုင္မလဲဆိုတာ စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရမွာ လည္းျဖစ္ပါတယ္။