ပေါ်ဆန်းများကို ဈေးမြှင့်တင်ရန် ထုတ်ပြန်မှုများသည် သတင်းမှားများသာဖြစ်ကြောင်း MRF ဖြေရှင်း

 361

ယွန်း (NP News)- ဒီဇင်ဘာ ၄

ကုန်သည်များက ပြည်တွင်းစားဆန် ပေါ်ဆန်းများ ဈေးမြှင့်တင်ရန် ထုတ်ပြန်မှုများသည် သတင်းမှားများသာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) အသိပေးထုတ်ပြန် ဖြေရှင်းထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်( MRF) က ယနေ့(ဒီဇင်ဘာ ၄ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဆန်ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသည့် ကြော်ငြာများအား တွေ့လာရခြင်း၊ ဈေးကွက်အတွင်း၌လည်း ရည်ညွှန်းဈေးနှုန်းထက် တိုးမြှင့်ရောင်းချခြင်းများကို တွေ့ရှိရကြောင်းသိရသည်။ ထို့ပြင် အထူးသဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများကို စပါးသစ်ပေါ်ချိန်တွင် ဈေးကိုမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်မှုအချို့ကိုလည်း ကြားရကြောင်း MRF ကဆိုထားသည်။

ထို့ကြောင့် ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ မနောသုခ စသည့် ဆန်အမျိုးအစားများကို သိုလှောင်‌ဈေးကစားမှုများ(လုံးဝ)မပြုလုပ်ရန်နှင့် ရည်ညွှန်းဈေး သတ်မှတ်ချက်အတိုင်းသာ ရောင်းဝယ်ရန် ထပ်မံအသိပေးထားသည်။

အဆိုပါပြည်တွင်းစားဆန်များကို ပြည်ပတင်ပို့မှု လုံးဝမရှိဘဲ ပြည်တွင်း၌သာ ရောင်းဝယ်နေပြီး ပြည် တွင်းစားဆန် ပေါ်ဆန်းများကို Export ပို့၍ ဈေးတက်သည်၊ သဘာဝဘေးဒဏ်ကြောင့် အထွက်များအလွန်ထိခိုက်သည်ဆိုသော ဈေးမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် အချို့သောကုန်သည်များမှ ထုတ်ပြန်သည့် သတင်းများမှာ Fake News များသာဖြစ်ကြောင်း MRF က ဆိုထားသည်။

စားသုံးသူရေးရာဦးစီးဌာနမှလစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဆန်ရည်ညွှန်းဈေးနှုန်းများဖြင့် လိုက်နာဆောင်ရွက်မှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်းစသည့် ထိရောက်စွာ အရေးယူမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေပၚဆန္းမ်ားကို ေဈးျမႇင့္တင္ရန္ ထုတ္ျပန္မႈမ်ားသည္ သတင္းမွားမ်ားသာျဖစ္ေၾကာင္း MRF ေျဖရွင္း

ယြန္း (NP News)- ဒီဇင္ဘာ ၄

ကုန္သည္မ်ားက ျပည္တြင္းစားဆန္ ေပၚဆန္းမ်ား ေဈးျမႇင့္တင္ရန္ ထုတ္ျပန္မႈမ်ားသည္ သတင္းမွားမ်ားသာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) အသိေပးထုတ္ျပန္ ေျဖရွင္းထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္( MRF) က ယေန႔(ဒီဇင္ဘာ ၄ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ယခုကာလအတြင္း လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ဆန္ေဈးႏႈန္းမ်ားကို တိုးျမႇင့္ေရာင္းခ်သည့္ ေၾကာ္ျငာမ်ားအား ေတြ႕လာရျခင္း၊ ေဈးကြက္အတြင္း၌လည္း ရည္ၫႊန္းေဈးႏႈန္းထက္ တိုးျမႇင့္ေရာင္းခ်ျခင္းမ်ားကို ေတြ႕ရွိရေၾကာင္းသိရသည္။ ထို႔ျပင္ အထူးသျဖင့္ ေ႐ႊဘိုေပၚဆန္း၊ ဧရာဝတီေပၚဆန္းမ်ားကို စပါးသစ္ေပၚခ်ိန္တြင္ ေဈးကိုျမႇင့္တင္ရန္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္‌ေဆာင္မႈအခ်ိဳ႕ကိုလည္း ၾကားရေၾကာင္း MRF ကဆိုထားသည္။

ထို႔ေၾကာင့္ ျပည္တြင္းစားဆန္မ်ားျဖစ္သည့္ ေ႐ႊဘိုေပၚဆန္း၊ ဧရာဝတီေပၚဆန္း၊ ဧရာမင္း၊ ဧရာပေဒသာ၊ မဂ်မ္းေတာ၊ မေနာသုခ စသည့္ ဆန္အမ်ိဳးအစားမ်ားကို သိုေလွာင္‌ေဈးကစားမႈမ်ား(လုံးဝ)မျပဳလုပ္ရန္ႏွင့္ ရည္ၫႊန္းေဈး သတ္မွတ္ခ်က္အတိုင္းသာ ေရာင္းဝယ္ရန္ ထပ္မံအသိေပးထားသည္။

အဆိုပါျပည္တြင္းစားဆန္မ်ားကို ျပည္ပတင္ပို႔မႈ လုံးဝမရွိဘဲ ျပည္တြင္း၌သာ ေရာင္းဝယ္ေနၿပီး ျပည္ တြင္းစားဆန္ ေပၚဆန္းမ်ားကို Export ပို႔၍ ေဈးတက္သည္၊ သဘာဝေဘးဒဏ္ေၾကာင့္ အထြက္မ်ားအလြန္ထိခိုက္သည္ဆိုေသာ ေဈးျမႇင့္တင္ရန္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ အခ်ိဳ႕ေသာကုန္သည္မ်ားမွ ထုတ္ျပန္သည့္ သတင္းမ်ားမွာ Fake News မ်ားသာျဖစ္ေၾကာင္း MRF က ဆိုထားသည္။

စားသုံးသူေရးရာဦးစီးဌာနမွလစဥ္ထုတ္ျပန္သည့္ သင့္တင့္မွ်တေသာ ဆန္ရည္ၫႊန္းေဈးႏႈန္းမ်ားျဖင့္ လိုက္နာေဆာင္႐ြက္မႈမရွိပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒ ပုဒ္မ(၅)အရ တရားစြဲဆိုျခင္း၊ ဒဏ္ေငြႏွင့္ အခြန္ေငြ သတ္မွတ္ေပးေဆာင္ေစျခင္းစသည့္ ထိေရာက္စြာ အေရးယူမႈမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.