ရွေးကောက်ပွဲလုံခြုံရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ (၅၀) ကျော်နှင့် NSPNC တို့ မနက်ဖြန် ဆွေးနွေးကြမည်
480
မြူနစ် (NP News) - ဒီဇင်ဘာ ၄
ရွေးကောက်ပွဲလုံခြုံရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ (၅၂)ပါတီနှင့် နစက၏ NSPNC တို့ နေပြည် တော်၌ မနက်ဖြန်(ဒီဇင်ဘာ ၅ ရက်)မှစတင်ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သော ပါတီ(၅၂)ပါတီနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် NSPNC တို့ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
“(၅၂)ပါတီနဲ့ NSPNC တို့တွေ့ကြမှာပေါ့။ အိန္ဒိယဖက်ဒရယ်နဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ်ကြမှာပေါ့။ နောက်တစ်ခုက ရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်လို့ ပါတီတွေရဲ့အမြင်ပေါ့ဗျာ။ နောက်ဖက်ဒရယ်ပြည်ထောင်စု၊ ဘယ်လိုပြည်ထောင်စုမျိုးကို တည်ဆောင်ရင်ကောင်းမလဲဆိုတဲ့အမြင်ပေါ့ဗျာ အဲဒါလေးတွေကိုလည်း ဆွေးနွေးဖြစ်မယ်”ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News ကို ပြောသည်။
နိုင်ငံရေးပါတီ (၅၂)ပါတီနှင့် NSPNC တို့သည် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သကဲ့သို့ ဒီဇင်ဘာ ၇ ရက်တွင် ၎င်းနိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
zawgyi version
ေ႐ြးေကာက္ပြဲလုံၿခဳံေရးကိစၥႏွင့္ပတ္သက္၍ ႏိုင္ငံေရးပါတီ (၅၀) ေက်ာ္ႏွင့္ NSPNC တို႔ မနက္ျဖန္ ေဆြးေႏြးၾကမည္
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၄
ေ႐ြးေကာက္ပြဲလုံၿခဳံေရးႏွင့္ပတ္သက္၍ ႏိုင္ငံေရးပါတီ (၅၂)ပါတီႏွင့္ နစက၏ NSPNC တို႔ ေနျပည္ ေတာ္၌ မနက္ျဖန္(ဒီဇင္ဘာ ၅ ရက္)မွစတင္ကာ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအရ မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိၿပီးျဖစ္ေသာ ပါတီ(၅၂)ပါတီႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ ဦးေဆာင္သည့္ NSPNC တို႔ ေတြ႕ဆုံေဆြးေႏြးၾကမည္ျဖစ္သည္။
“(၅၂)ပါတီနဲ႔ NSPNC တို႔ေတြ႕ၾကမွာေပါ့။ အိႏၵိယဖက္ဒရယ္နဲ႔ပတ္သက္လို႔ အျမင္ခ်င္းဖလွယ္ၾကမွာေပါ့။ ေနာက္တစ္ခုက ေ႐ြးေကာက္ပြဲလုံၿခဳံေရးနဲ႔ပတ္သက္လို႔ ပါတီေတြရဲ႕အျမင္ေပါ့ဗ်ာ။ ေနာက္ဖက္ဒရယ္ျပည္ေထာင္စု၊ ဘယ္လိုျပည္ေထာင္စုမ်ိဳးကို တည္ေဆာင္ရင္ေကာင္းမလဲဆိုတဲ့အျမင္ေပါ့ဗ်ာ အဲဒါေလးေတြကိုလည္း ေဆြးေႏြးျဖစ္မယ္”ဟု ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္က NP News ကို ေျပာသည္။
ႏိုင္ငံေရးပါတီ (၅၂)ပါတီႏွင့္ NSPNC တို႔သည္ ဒီဇင္ဘာ ၅ ရက္ႏွင့္ ၆ ရက္တို႔တြင္ ေတြ႕ဆုံေဆြးေႏြးသြားမည္ျဖစ္သကဲ့သို႔ ဒီဇင္ဘာ ၇ ရက္တြင္ ၎ႏိုင္ငံေရးပါတီမ်ားႏွင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ ဆက္လက္ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း သိရသည္။