တောင်ကိုရီးယားသမ္မတကို လာမည့်ရက်ပိုင်းအတွင်း လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်သွားမည်

 673

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၄

တောင်ကိုရီးယားအတိုက်ခံပါတီ၏အမတ်များသည် လာမည့် ဒီဇင်ဘာ ၇ ရက် နှင့် ၈ ရက်တို့တွင် ယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ကာ မဲခွဲဆုံးဖြတ်သွားဖွယ်ရှိနေသည်။

တောင်ကိုရီးယား အတိုက်ခံပါတီများသည် ဒီဇင်ဘာ ၃ ရက်တွင် စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့သော တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ကို အယုံကြည်မရှိကြောင်း စွပ်စွဲပြစ်တင်မှုများ လုပ်ဆောင်ရန် တောင်းဆိုလိုက်ပြီး ဒီဇင်ဘာ ၄ ရက်တွင် လွှတ်တော်သို့ တင်ပြခဲ့ကြောင်းသိရသည်။ ယွန်ဆက်ယိုလ်သည် ဒီဇင်ဘာ ၃ ရက်တွင် တောင်ကိုရီးယားနိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် လွှတ်တော်က မဲခွဲဆုံးဖြတ်ကာ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

လွှတ်တော်၏ ဆုံးဖြတ်ချက်ကြောင့် ယွန်ဆက်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေကို ပယ်ဖျက်လိုက်သော်လည်း ယွန်ဆက်ယိုလ်ကို ရာထူးမှဖြုတ်ချနိုင်ရန် အရှိန်မြင့်လှုပ်ရှားမှုများပိုမိုဖြစ်လာခဲ့ပြီး တောင်ကိုရီးယားအတိုက်ခံပါတီ (၆)ခုမှ ပူးပေါင်းပြီး စွပ်စွဲပြစ်တင်ရန် တောင်းဆိုလာခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားပြည်သူများကလည်း ယွန်ဆက်ယိုလ်ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုဆန္ဒပြနေဆဲဖြစ်ကြောင်း သိရသည်။ အတိုက်ခံပါတီများက ယွန်ဆက်ယိုလ်အပြင် ကာကွယ်ရေးဝန်ကြီး နှင့် ပြည်ထဲရေးဝန်ကြီးများကိုလည်း စွပ်စွဲပြစ်တင်သွားဖွယ်ရှိနေကြောင်း သိရသည်။ ယွန်ဆက်ယိုလ်သည် သမ္မတအဖြစ် ၂၀၂၂ ခုနှစ်တွင် ရွေးချယ်ခန့်အပ်ခံရပြီးနောက် နိုင်ငံစီးပွားရေးမကောင်းခြင်း၊ သမ္မတ ကတော်၏လုပ်ရပ်များကြောင့် ဝေဖန်ပြစ်တင်မှုများရင်ဆိုင်ခဲ့ရကာ လူကြိုက်နည်းလာခဲ့သူဖြစ်ကြောင်းသိရသည်။

zawgyi version
ေတာင္ကိုရီးယားသမၼတကို လာမည့္ရက္ပိုင္းအတြင္း လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္သြားမည္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၄

ေတာင္ကိုရီးယားအတိုက္ခံပါတီ၏အမတ္မ်ားသည္ လာမည့္ ဒီဇင္ဘာ ၇ ရက္ ႏွင့္ ၈ ရက္တို႔တြင္ ယြန္ဆက္ယိုလ္ကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ကာ မဲခြဲဆုံးျဖတ္သြားဖြယ္ရွိေနသည္။

ေတာင္ကိုရီးယား အတိုက္ခံပါတီမ်ားသည္ ဒီဇင္ဘာ ၃ ရက္တြင္ စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္ခဲ့ေသာ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ကို အယုံၾကည္မရွိေၾကာင္း စြပ္စြဲျပစ္တင္မႈမ်ား လုပ္ေဆာင္ရန္ ေတာင္းဆိုလိုက္ၿပီး ဒီဇင္ဘာ ၄ ရက္တြင္ လႊတ္ေတာ္သို႔ တင္ျပခဲ့ေၾကာင္းသိရသည္။ ယြန္ဆက္ယိုလ္သည္ ဒီဇင္ဘာ ၃ ရက္တြင္ ေတာင္ကိုရီးယားႏိုင္ငံအတြင္း စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္ခဲ့ၿပီးေနာက္ လႊတ္ေတာ္က မဲခြဲဆုံးျဖတ္ကာ ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။

လႊတ္ေတာ္၏ ဆုံးျဖတ္ခ်က္ေၾကာင့္ ယြန္ဆက္ယိုလ္က စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ပယ္ဖ်က္လိုက္ေသာ္လည္း ယြန္ဆက္ယိုလ္ကို ရာထူးမွျဖဳတ္ခ်ႏိုင္ရန္ အရွိန္ျမင့္လႈပ္ရွားမႈမ်ားပိုမိုျဖစ္လာခဲ့ၿပီး ေတာင္ကိုရီးယားအတိုက္ခံပါတီ (၆)ခုမွ ပူးေပါင္းၿပီး စြပ္စြဲျပစ္တင္ရန္ ေတာင္းဆိုလာခဲ့ျခင္းျဖစ္သည္။ ေတာင္ကိုရီးယားျပည္သူမ်ားကလည္း ယြန္ဆက္ယိုလ္ကို ရာထူးမွႏုတ္ထြက္ရန္ ေတာင္းဆိုဆႏၵျပေနဆဲျဖစ္ေၾကာင္း သိရသည္။ အတိုက္ခံပါတီမ်ားက ယြန္ဆက္ယိုလ္အျပင္ ကာကြယ္ေရးဝန္ႀကီး ႏွင့္ ျပည္ထဲေရးဝန္ႀကီးမ်ားကိုလည္း စြပ္စြဲျပစ္တင္သြားဖြယ္ရွိေနေၾကာင္း သိရသည္။ ယြန္ဆက္ယိုလ္သည္ သမၼတအျဖစ္ ၂၀၂၂ ခုႏွစ္တြင္ ေ႐ြးခ်ယ္ခန႔္အပ္ခံရၿပီးေနာက္ ႏိုင္ငံစီးပြားေရးမေကာင္းျခင္း၊ သမၼတ ကေတာ္၏လုပ္ရပ္မ်ားေၾကာင့္ ေဝဖန္ျပစ္တင္မႈမ်ားရင္ဆိုင္ခဲ့ရကာ လူႀကိဳက္နည္းလာခဲ့သူျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.